ဟင်းနုနွယ်စိုက်ပျိုးနည်း
- အာဟာရဓာတ် များများပေးစွမ်းနိုင်းသော အရွက်စား၊ အရိုးစား အပင်မျိုးဖြစ်၍ စိုက်ပျိုးရန်လည်း လွယ်ကူပါသည်။ - စိုက်ပျိုးချိန် - ပျိုးထောင်ရန်မလိုဘဲ ကဆုန်လမှ ဝါဆိုလ၊ တော်သလင်းလမှ တပိုတွဲလအတွင်း စိုက်ပျိူးနိုင်သည်။ - စိုက်နည်း - ၂၀ပေ× ၄ ပေ ရှိသောစိုက်ခင်းအတွက် မျိုးစေ့ ငါးမူးသားလိုပါသည်။ အပင်ပြွတ်သိပ်နေလျှင် လက်ကြားခွဲပေးပြီး တစ်ပင်နှင်တစ်ပင်( ၆) လက်မခြား တစ်တန်းနှင့်တစ်တန်း (၉) လက်မခြားစိုက်သင့်ပါသည်။ - ဂရုပြုရန်အချက်များ - မြေသြဇာများကြိုက်သဖြင့် မျိုးစေ့မချမီ တည်းက မြေနု၊ မြေဆွေး၊ နွားချေး၊ ဘဲချေးစသည်တို့ဖြင့် ပြင်ထားပေးရမည်။ - မျိုးစေ့ထုတ်နည်း - ဟင်းနုနွယ်အပင် များကိုမရိတ်ဘဲ ထားပါက ပန်းပွင့်လာပြီး တဖြည်းဖြည်း အစေ့တည်ကာ အပင်လဲကျလာသည်။ ၎င်းအချိန်တွင် ဟင်းနုနွယ်ပင်ထိပ်ပိုင်းမှ အနှံကိုဖြတ်ယူပြီး အနှံများကိုခါချပါက အစေ့များရပါမည်။ အစေ့များကို တစ်နေလှမ်းပြီး ပုလင်းတွင်ထည့်ကာ သိုလှောင်ထားနိုင်သည်။ - ရိတ်သိမ်းနည်းနှင့် အထွက် - ဟင်နုနွယ်ကိုစိုက်ပြီး (၃) ပတ်(၄) ပတ်ရှိသောအခါ စတင်ဖြတ်တောက်ရိတ်သိမ်းနိုင်သည်။ အပင်ခြေရင်မှ ဓားနှင့်ဖြတ်ယူပြီး ရိတ်သိမ်းနိုင်သည်။ တစ်ဧက ဟင်နုနွယ် (၇၀-၈၀) ကီလိုဂရမ် အထိ ထွက်နိုင်သည်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
