cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြက်သွန်နီမျိုးစေ့ထုတ်လုပ်နည်းစနစ် (အပိုင်း-၁)

. စိုက်ပျိုးနည်းစနစ်များ
ကြက်သွန်နီမျိုးစေ့ထုတ်လုပ်နည်းစနစ် (အပိုင်း-၁)
  • ကြက်သွန်နီ မျိုးစေ့မှမျိုးစေ့ ထုတ်လုပ်နည်းစနစ်နှင့် ကြက်သွန်နီ ဥမှ မျိုးစေ့ ထုတ်လုပ်သောနည်းစနစ်တို့ဖြင့်ထုတ်လုပ်နိုင်သည်။

    ကြက်သွန်နီမျိုးစေ့မှ မျိုးစေ့ထုတ်လုပ်နည်းစနစ်သည် စိုက်ချိန်ရွေးချယ်ရခြင်း၊ မိခင်မျိုးဥကို ရွေးချယ်မှု မပြုလုပ်နိုင်ခြင်းနှင့် မျိုးဗီဇကျဆင်းခြင်း (Degeneration) တို့ကြောင့် အသုံးပြုမှုမရှိပါ။

    ကြက်သွန်နီ ဥ မှ မျိုးစေ့ ထုတ်လုပ်သောနည်းစနစ်မှာ မခင်မျိုးဥများကို မိမိကြိုက်သလို ရွေးချယ်နိုင်သောကြောင့် တောင်သူများလက်ရှိအသုံးပြုလျက်ရှိပြီး ရွေးချယ်သင့်သော စိုက်ပျိုးနည်းစနစ်ဖြစ်သည်။

    ရာသီဥတု

    အပူအအေးသင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။

    အစေ့မှ အပင်ပေါက်ရန် ၁၈ ံc ၊ အမြစ်ဖြစ်ပေါ်ရန်အတွက် (၁၂ံ- ၂ဝံ) c ၊ အပင်ကြီးထွားချိန်တွင် (၂ဝံ - ၂၁ံ) c အတွင်းတွင် စိုက်ပျိုးဖြစ်ထွန်းသည်။

    အပူချိန်အသင့်အတင့်မြင့် (၂၇ံ- ၃၅ံ) c ဖြစ်ပြီး နေ့တာရှည်က ဥ ဖြစ်ပေါ်မှုကို အားပေးပြီး အပူချိန်နိမ့် (၁ဝံ- ၁၆ံ) c တွင်နေ့တာတို (၉ - ၁၂) နာရီရရှိပါက ပန်းပွင့်၍ အစေ့တည်စေသည်။ အပူချိန်သည် ပွင့်တံထွက်ခြင်းကို စိုးမိုးသည်။

    မြေအမျိုးအစား

    မြေအမျိုးမျိုး (နုံးတင်မြေနု၊ မြေစေး၊ သဲနုံးမြေ) တို့တွင်စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။

    မြေဆီသြဇာထက်သန်သော၊ ရေအစိုဓါတ်ကို ထိန်းထားနိုင်သော၊ ရေစီးရေလာကောင်းသော၊ မွသောမြေများတွင် စိုက်ပျိုးရန်အကောင်းဆုံးဖြစ်သည်။

    ကြိုက်နှစ်သက်သော မြေအချဉ်အငံဓါတ် (soil pH) မှာ (၆ - ၆.၅) ဖြစ်သည်။

    မြေချဉ် (soil pH ၆.၈ အထက်ရှိသော acid soil) များတွင် ထုံးထည့်ပေးခြင်းဖြင့် စိုက်ပျိုးနိုင်သည်။

    စိုက်ပျိုးချိန်

    စက်တင်ဘာလနှောင်းပိုင်းမှ နိုဝင်ဘာလလယ်ပိုင်းအထိ စိုက်ပျိုးနိုင်သည်။

    တောင်ပေါ်ဒေသများတွင် နိုဝင်ဘာလ ဒုတိယပါတ်တွင်စိုက်ပျိုးပါက အကောင်းဆုံးဖြစ်သည်။ (အပွင့်ခူးဆွတ်ချိန် မိုးမိပါက မျိုးစေ့အရည်အသွေး ပျက်စီးတတ်သောကြောင့်ဖြစ်သည်။)

    မျိုးရွေးချယ်ခြင်း

    ရွှေဖလား

    ဘောင်စောက်

    သပိတ်လုံး

    မင်းတုံးဥမွှာ

    အများဆုံးစိုက်ပျိုးသောမျိုးမှာ ကြာရှည်အထားခံသည့် ရွှေဖလားမျိုးဖြစ်သည်။

    မျိုးဥရွေးချယ်ခြင်း

    ရောဂါကင်းသော၊ ထိခိုက်ဒဏ်ရာများကင်းစင်သော

    အရောင်နှင့် အရွယ်အစားတူညီသော

    အရွယ်အစား အလယ်အလတ်ဖြစ်သော

    မိခင်ဥ တူးဖော်ပြီး ရက်၉၀ မှ ၁၀၀ ရက်ရှိ အညှောင့်များထွက်ပြူလာချိန်ရှိ မျိုးဥများကို ရွေးချယ်ပါ။

    အူတိုင်ပါသော

    ပျော့နေသော

    နှစ်ဥပူးနေသော ‘ခွဥ’ များ မဖြစ်စေရ

    မျိုးဥနှုန်းထား

    တစ်ဧကလျှင် ကြက်သွန်နီမျိုးဥ ၄၀၀ - ၆၀၀ ပိဿာခန့်လိုအပ်သည်။ (တစ်ပိဿာလျှင် ၅၀ လုံးခန့်ရှိသော၊ အချင်း ၁.၅ - ၂ လက်မရှိသော ကြက်သွန်နီမျိုးဥများကို ရွေးချယ်စိုက်ပျိုးက အကောင်းဆုံးဖြစ်သည်။)

    မြေနေရာရွေးချယ် မြေပြုပြင်ခြင်း

    မျိုးတစ်မျိုးနှင့် တစ်မျိုး အနည်းဆုံး ၁၅၀၀ ပေ (CS) အကွာအဝေးထား၍ စိုက်ပျိုးပါ။

    စိုက်ပျိုးသည်မှ ရိတ်သိမ်းသည်အထိ ၅ - ၆ လ ကြာသည့်အတွက် ပေါင်းမြက်ကြိုတင်နှိမ်နင်းရန်အတွက် ထယ်အကြိမ်ကြိမ်ထိုးရသည်။ ထွန်ရေးညက်ညက်ထွန်၍ ကြမ်းရိုက်ပြီး ဘောင်စနစ်ဖြင့်လည်းကောင်း

    ကျင်းစနစ်ဖြင့်လည်းကောင်း စိုက်ပျိုးကြသည်။

    မျိုးဥ စီရင်ခြင်း

    ကြက်သွန်နီမျိုးညှောင့်များ ထွက်ရှိလာချိန်တွင် မျိုးကြက်သွန်ဥ၏ ထိပ်ပိုင်း ၄ ပုံ ၁ ပုံ ကိုပိုးသန့်ထားသော ဓားထက်ထက်ဖြင့် လှီးဖြတ်ပြီး အရိပ်ထဲတွင် ၂၄နာရီထားပါ။

    Source: MOALI 


  • article
  • article
  • article
  • article
likes33comments0
views5258