ကြက်သွန်မျိုးစေ့ထုတ်လုပ်နည်းစနစ် (အပိုင်း-၂)
- စိုက်စနစ်(စိုက်ပျိုးမည့်ဒေသ၊ မြေအမျိုးအစားပေါ်မူတည်) ၁၂” x ၈”၊ ၁၂” x ၁၀” အကွာအဝေးထား၍ စိုက်ကျင်းငယ်တူးပြီး မှိုသတ်ဆေးအနည်းငယ်ထည့်၍ (သို့) ဖြန်း၍ ကြက်သွန်နီမျိုးဥများကို ထည့်စိုက်ရသည်။ ပြီးလျှင် မြေလက်မဝက်ခန့် ဖုံးပေးရသည်။ - မြေသြဇာကျွေးခြင်း - တစ်ဧကလျှင် - နွားချေး/မြေဆွေး - ၁၀ - ၁၅ တန် - - ယူရီးယား (၅၀) ကီလို - ၂ အိတ် - - တီစူပါ (၅၀) ကီလို - ၂ အိတ် - - ပိုတက်ရှ် (၅၀) ကီလို - ၁ အိတ် - နွားချေး/မြေဆွေး၊ တီစူပါ (၁) အိတ်နှင့် ပိုတက်ရှ် အိတ်ဝက်ကိုမြေပြင်ချိန်တွင် ထည့်သွင်းပါ။ - စိုက်ပြီး (၁) လ ပန်းဖူးတံထွက်ချိန်တွင် ယူရီးယား (၁) အိတ်၊ တီစူပါ (၁) အိတ်နှင့် ပိုတက်ရှ်အိတ်ဝက်ကို မြေဆွေး (၃) အိတ်ခန့်နှင့် ၁ ည နှပ်၍ကျွေးပေးပါ။ - စိုက်ပြီး (၂) လခွဲတွင် ကျန်ယူရီးယား (၁) အိတ်နှင့် ပိုတက်ရှ် အိတ်ဝက်ကို မြေဆွေးနှင့် ၁ ညနှပ်၍ ကျွေးပေးပါ။ - ရေပေးသွင်းခြင်း - ကြက်သွန်ခင်းသည် မစိုလွန်း မခြောက်လွန်းသော အခြေအနေတွင် အမြဲရှိနေရန်လိုအပ်သည်။ ရေသွင်းချိန် ရောက်မရောက်ကို ကြက်သွန်ပင်အခြေအနေကိုကြည့်၍ သိနိုင်သည်။ ရေငတ်ပါက အရွက်များ ပြာမှိုင်းပြီး နွမ်းခွေလာသည်။ ရာသီဥတုအပူချိန်ပေါ်မူတည်၍ (၄ - ၅) ရက်ခြားတစ်ကြိမ် ရေသွင်းပေးရန်လိုသည်။ - အပင်ပြုစုခြင်း - ကြက်သွန်ပင်သည် ပေါင်းနှင့်မယှဉ်ပြိုင်နိုင်ပေ။ ပေါင်းနှိမ်နင်းရန်အလွန်အရေးကြီးသည်။ - ကြက်သွန်အမြစ်သည် မြေအပေါ်ယံတွင်သာရှိ၍ သံစည်ပတ်ပြားကို ကွေး၍ လက်ကိုင်တတ်ထားသော ခြစ်ဖြင့် ပေါင်းရှင်းပေးရမည်။ တစ်ရာသီတွင် ကြားပေါင်းလိုက်ခြင်း အနည်းဆုံး (၃ - ၄) ကြိမ်ပြုလုပ်ပေးရသည်။ - ပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းခြင်း - စိုက်ပျိုးချိန်တွင် မြစ်ပုပ်ရောဂါကျရောက်သည့်အတွက် စိုက်ကျင်း/မြောင်းတွင်း မှိုသတ်ဆေးဖြူး(သို့) ဖြန်း၍ စိုက်ပါ။ တောက်တဲ့မြီးရောဂါ ဆိုးရွားစွာကျရောက်တတ်ပါသည်။ စိုထိုင်းဆများပါက ရောဂါဖြစ်ပွားမှုမြန်သည်။ မှိုသတ်ဆေးများကို အပတ်စဉ်ကာကွယ်ပက်ဖြန်းပေးရန်လိုအပ်ပါသည်။ အပူချိန်မြင့်လာသည်နှင့် စိုက်ခင်းတွင်လှေးပိုးများ ဆိုးရွားစွာကျရောက်တတ်သည်။ ပင်လုံးပြန့် ပိုးသတ်ဆေးများဖြင့် ကာကွယ်နှ်ိမ်နင်းပါ။ (စိုက်ခင်းအတွင်း နံနံပင်များ အနည်းငယ်ထည့်စိုက်ခြင်းဖြင့် လှေးပိုးများကျရောက်မှုနည်းပါးပါသည်။) သတိပြုရန်မှာ ပိုး/မှို သတ်ဆေးများပက်ဖြန်းပါက ပန်းပွင့်လုံးအားမဖြန်းမိစေရန်အရေးကြီးပါသည်။ မျိုးစေ့များမအောင်မြင်သောကြောင့်ဖြစ်သည်။ - မျိုးကွဲများနုတ်ပယ်ခြင်း - ပန်းမပွင့်မှီ (၁) ကြိမ်၊ - ပန်းပွင့်ချိန် (၂) ကြိမ်၊ - မရိတ်သိမ်းမီ အစေ့များရင့်မှည့်ချိန် (၁) ကြိမ် မဖြစ်မနေ မျိုးကွဲနုတ်ပယ်ရမည်။ - ပန်းပွင့်အရောင်မတူပင်များ၊ ပုံမမှန်အပင်များ နှင့် ဆိုးရွားစွာရောဂါကျ အပင်များကို တွေ့ရှိသည်နှင့် နုတ်ပယ်ပစ်ပါ။ - ခူးဆွတ်ရိတ်သိမ်းခြင်း - ပန်းခိုင်တစ်ခိုင်ရှိ အသီးများရင့်မှည့်ပြီး အက်ကွဲ၍ အစေ့မဲများ ၁၀ - ၁၅ % တွေ့မြင်ရချိန်တွင် ခူးဆွတ်ပါ။ (၃ - ၅) ရက်ခြား တစ်ကြိမ်အလီလီ ခူးဆွတ်ပေးပါ။ သို့မှသာ မျိုးစေ့ (၁) ပြည်လျှင် ၇၅ - ၈၀ ကျပ်သား အလေးချိန်ရှိ အောင်မြင်သန်စွမ်းသော မျိုးစေ့များကို ရရှိနိုင်မည်ဖြစ်သည်။ ခြောက်သွေ့လွန်းသွားပါက အစေ့များကြွေကျသွားနိုင်သည်။ - တစ်ဧကလျှင် မျိုးစေ့ ၃၀၀ - ၄၀၀ ပြည် (၂၀ -၂၅) တင်းထွက်ရှိနိုင်သည်။ 
 
 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
