ခရမ်းချဉ်သီးမှာ အနာချိုင့်တွေ ဖြစ်ပြီး အရည်အသွေးနိမ့်စေတာက ဘာကြောင့်လဲ ?
- • ခရမ်းချဉ်သီး ထိပ်ဖျားတွေမှာ အမည်းရောင် ချိုင့်ကွက်တွေဖြစ်ပေါ်လာခြင်း ဆိုးဝါးလာမယ်ဆိုရင် ထိုချိုင့်ခွက်မှာ အမည်းရောင် မှိုတွေပါ စွဲကပ်လာနိုင်ပါတယ်။ - • ထိုကဲ့ သို့ဖြစ်လာခြင်းမှာ ကယ်ဆီယမ် ချို့တဲ့မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ - • အပင်ပို ရေပမာဏများခြင်းနှင့် အကြိမ်များများ လောင်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အကြောင်းအရင်းမှာ အသီးကြီးထွားစဉ်မှာ ရေပေးဝေမှု မညီမျှခြင်းနှင့် ကယ်ဆီယမ် ဖြန့်ဝေမှု အားနည်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ - ဘယ်လို ပြင်ဆင်ကုစားကြမလဲ - • ခရမ်းချဉ် မစိုက်ပျိုးမီ ထုံး (သို့မဟုတ်) ကယ်ဆီယမ် မြေသြဇာများကို အသုံးပြုပေးပါ။ - • နိုက်ထရိုဂျင်ဓါတ်မြေသြဇာကို လွန်ကဲစွာ အသုံးမပြုပါနှင့်။ - • ရေ (၅၀) လီတာမှာ ကယ်ဆီယမ် နိုက်ထရိတ် ၅၀ ဂရမ်ထည့်၍ အသီးအပွင့်ဝင်ချိန်မှာ ဖျန်းပေးပါ။ ကယ်ဆီယမ်၊ ဘိုရွန်ပါသော ရွက်ဖျန်းအားဆေးများကို သီးပွင့်စတင်ချိန်မှာ ဖျန်းပေးသင့်သည်။ - References- Plantix , Htwet Toe 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
