cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အရည်အသွေးကောင်မွန်သော ရော်ဘာများရရှိစေရန် ဆောင်ရွက်ရမည့်လုပ်ငန်းများ

. ရိတ်သိမ်းချိန်လွန် နည်းပညာ
အရည်အသွေးကောင်မွန်သော ရော်ဘာများရရှိစေရန် ဆောင်ရွက်ရမည့်လုပ်ငန်းများ
  • (က) အစေးပြားထုတ်လုပ်သည့်လုပ်ငန်းစဉ်တွင်အသုံးပြုသည့် ပစ္စည်းများ၊ စက်ရုံများသည် သန့်ရှင်းမှု ရှိရပါမည်။

    (ခ) အစေးခြစ်ခြံတွင် အစေးရည်များကို နံပါတ် ၄၀ ဇကာဖြင့် စစ်၍ စက်ရုံတွင် နံပါတ် ၆၀၊ ၈၀ ဇကာဖြင့် အစေးရည်များကို စစ်ရပါမည်။

    (ဂ) အစေးသားအခြောက်ပါဝင်မှုရာခိုင်နှုန်း DRC (၁.၂၅ %) ရအောင် သန့်ရှင်းသော ညသိပ်ရေကို နံပါတ် ၁၀၀ ဇကာ ဖြင့် စစ် ၍ ရောစပ်ပေးရပါမည်။

    (ဃ) အစေးခဲရာတွင် ၁ % ဖေါ့မစ်အက်စစ် ကို အသုံးပြုပြီး အစေးခဲရပါမည်။

    (င) အက်စစ် ၊ ရေ နှင့် အစေးရည်ကိုသမအောင်မွှေပြီး အမြှုပ်ခပ်ထုတ်ရပါမည်။

    (စ) သန့်ရှင်းသော အစေးခဲခွက်တွင် ထည့်ကာ အစေးခဲရပါမည်။

    (ဆ) အစေးခဲပြီး ၂ နာရီအကြာ အပေါ်ယံကြောတင်းလာလျှင် အစေးခဲခွက် တွင် ရေ ထပ်ဖြည့်ပေးရပါမည်။

    (ဇ) အစေးခဲရည် ကြည်လင်လာသည့်အခါတွင် စတင်ကြိတ်နိုင်ပါသည်။

    (ဈ) ခဲသွားသည့်အစေးပြားများအား ကြိတ်လုံးတွင်မကြိတ်မှီ လက် (သို့) ဒလိမ့်တုံး (သို့) စက်ဖြင့် ဖိနှိပ်ပေးရပါမည်။

    (ည) ရော်ဘာပြားများအား အထူ ၁/၈ လက်မ ရအောင်ကြိတ်ရပါမည်။

    မှိုင်းမတင်သောရော်ဘာပြားများထုတ်လုပ်ရန်အတွက် (unsmoked sheet) ဆောင်ရွက်ရမည့် လုပ်ငန်းများ

    (က) ကြိတ်ပြီးရော်ဘာပြားများအား သန့်ရှင်းသောဝါတန်းများတွင်တင်၍ အရိပ်အောက်တွင် ထားကာ နေ့ဝက်ခန့် ရေစစ်ရပါမည်။

    (ခ)အသုံးပြုသောဝါးတန်းသည် အစေးပြားများ တစ်ခုနှင့် တစ်ခု မကပ်ရန်သင့်တော်သော အရွယ်အစားရှိရပါမည်။

    (ဂ) လေဝင်လေထွက်ကောင်းရန်ဝါး တလုံးနှင့်တလုံး အနည်းဆုံး ၆လက်မ ခွာထားရပါမည်။

    (ဃ) ရေစစ်ပြီးရော်ဘာများအား လေဝင်လေထွက်ကောင်းသော အရိပ်အောက်တွင် ရေပါဝင်မှု ၁ % အောက်ရောက်အောင် ခြောက်သွေ့သည် အထိ ၃ ရက် ကျော်ခန့် အခြောက်ခံရ ပါမည်။


    မှိုင်းခံရော်ဘာပြားများထုတ်လုပ်ရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ

    (က) မှိုင်းခံရော်ဘာပြားများ တွင် ရေပါဝင်မှု ၂၀ % ရရှိသည့်အထိ နေ့ဝက်ရေစစ်ရပါမည်။

    (ခ) နေ့အလိုက် သတ်မှတ်ထားသည့် အပူချိန်အတိုင်း မှိုင်းရုံ တွင် (၄) ရက် မှိုင်းတင်၍ မှိုင်းခံရော်ဘာပြားပြုလုပ်နိုင်ပါသည်။

    (ဂ) မှိုင်းရုံတွင်နေ့အလိုက် ရှိရမည့်အပူချိန်

    ပထမည - ၃၈ º C

    ဒုတိယည - ၄၉-၅၂ º C

    တတိယည- ၅၅-၅၈ º C

    စတုတ္တည - ၅၈-၆၂ º C


  • article
likes8comments0
views4446