အလုပ်သမားကုန်ကျစရိတ်နည်း၊ ရေလိုအပ်ချက်နည်းသည့် စပါးအစိုကြဲခင်း (Wet Direct Seeding)အထွက်တိုး နည်းပညာ
- စပါးတိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနည်းသည်ဖန်လုံအိမ်ဓါတ်ငွေ့ထွက်ရှိမှုလျော့နည်းစေပြီးလုပ်သားနှင့် ရေလိုအပ်ချက်နည်းနည်းဖြင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း၍ စီးပွားရေး တွက်ချေကိုက်စေသည့် နည်းစနစ်တစ်ခုဖြစ်ပါသည်။ - ရေကြီးကွင်း ရေနက်ကွင်းများနှင့် သဲဆန်ကုန်းကြောဒေသများတွင် စိုက်ပျိုးနိုင်သောနည်းဖြစ်သည်။ စပါးတိုက်ရိုက် မျိုးစေ့ချ (အစို) စိုက်ပျိုးနည်းသည် မြန်မာနိင်ငံ၌ နွေစပါး စိုက်ပျိုးရာတွင် အဓိက အသုံးပြုကြပြီး မိုးစပါးစိုက်ပျိုးရာတွင် ရေကြီးကွင်း၊ ရေနက်ကွင်းများတွင် ရေမဝင်ရောက်မီ ကြိုတင် စိုက်ပျိုးလေ့ရှိပါသည်။ - တိုက်ရိုက်မျိုးစေ့ချ(အစို)စိုက်ပျိုးနည်း၏ အကျိုးကျေးဇူးများ - ပျိုးနှုတ်ခြင်း၊ ရွှေ့ပြောင်းစိုက်ပျိုးခြင်း၊ လုပ်ငန်းများလုပ်ဆောင်ရန် မလိုအပ်ခြင်းကြောင့် ကုန်ကျစရိတ်သက်သာစေပါသည်။ - ပြောင်းရွှေ့စိုက်ပျိုးခြင်းမပြုလုပ်ရသည့်အတွက် အပင်ထိခိုက်မှုမရှိစေပါ။ - အစိုမျိုးစေ့ချစိုက်ပျိုးခြင်းသည် အခြောက်မျိုးစေ့ချစိုက်ပျိုးခြင်းထက် အပင်ပေါက်ရောက်ဖြစ်ထွန်းမှုသေချာစေပါသည်။ - မြေဆီလွှာရုပ်ဂုဏ်သတ္တိကိုတိုးတက်ကောင်းမွန်စေပါသည်။ - မျိုးတူပါက ပျိုးထောင်စိုက်ပျိုးခြင်းထက် ရိတ်သိမ်းချိန် (၇-၁၀) ရက် ခန့်စောနိုင်ပါသည်။ - ၁။ စပါးမျိုးရွေးချယ်ခြင်း - ရာသီဥတုဒဏ်ခံနိုင်သည့် အပင်ပေါက်စွမ်း အားကောင်းပြီး၊ အထွက်ကောင်း မျိုးသန့်စပါးမျိုးကို ရွေးချယ်စိုက်ပျိုးရပါမည်။ - ၂။ မြေပြုပြင်ခြင်း - စိုက်ခင်းအားပုံမှန်အတိုင်းထယ်ရေးနက်နက်နှင့် ထွန်ရေးညက်ညက် ထွန်ယက်ပါ။ - မျိုးစေ့ချရန်သင့်တော်သော မြေအစိုဓါတ်ရှိချိန်တွင် မြေခံမြေဩဇာ ထည့်သွင်း၍ ကြမ်းတုံးရိုက် မြေညှိပါ။ - စိုက်ခင်းသမန်းမြေညီညာပြီးရေပြောင်စင်အောင် ထုတ်ပြီးမှ စိုက်ပျိုးရမည်။ (စိမ့်မြောင်း၊ပတ်မြောင်းများပြုလုပ်ထားရမည်။) - ၃။မျိုးစေ့ချခြင်း - တစ်ဧကအတွက် မျိုးသန့်စပါးမျိုးစေ့ (၁.၀-၁.၅)တင်းအသုံးပြုရမည်။ - စပါးစေ့များကို (၂၄)နာရီကြာရေစိမ်၍ ရေပေါ်ပေါ်သောမျိုးစေ့များကိုဖယ်ရှားကာ(၂၄)နာရီကြာမျိုးအုပ်ရမည်။ - မျိုးစပါးကိုစာပါးစပ်ပြူအနေအထားတွင် ကြဲပက်၍သော်လည်းကောင်း၊ ကြိုးတန်းဆွဲ၍ အတန်းလိုက် မျိုးစေ့ချ၍သော်လည်းကောင်းမျိုးစေ့ချရမည်။ - မျိုးစေ့ချပြီးချိန်မှ (၅)ရက် အတွင်း ကြွက်၊ ငှက်၊ တိရိစ္ဆာန်တို့၏ ဖျက်ဆီးခြင်း မှ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရမည်။ - ၄။ မြေဩဇာကျွေးခြင်း - တစ်ဧကအတွက် မြေခံအဖြစ် သဘာဝမြေဩဇာ/နွားချေးဆွေး လှည်း၅ စီးခန့်နှင့် (၁၅-၁၅-၁၅)ကွန်ပေါင်းမြေဩဇာ (၅၀)ကီလိုဂရမ် တစ်အိတ်အသုံးပြုပါ။ - ပုလဲဓါတ်မြေဩဇာအား အပင်ပွားစီးချိန်နှင့် အနှံမထွက်မီ ၅ ရက်အလိုတွင် အိတ်ဝက်စီ (တစ်အိတ်/ဧကနှုန်း) - မှို့ကပ်ချိန်တွင်ပိုတက်ရှ်မြေဩဇာတစ်ဧက တစ်စိတ် (၁/၄အိတ်)/ဧကနှုန်းထည့်သွင်းပေးပါ။ - နိုက်တြိုဂျင် ဓါတ်မြေဩဇာကို (၂)ကြိမ် ခွဲထည့် ပေးပါ။ - ကောက်ရိုး၊နှမ်းရိုး၊စပါးခွံစသည့် သီးနှံအကြွင်းအကျန်များနှင့် နွားချေးတို့ကို မြေဆွေးပြုလုပ်၍ မြေပြင်ချိန်တွင်ထည့်ပါကအပင်၏ အနည်းလိုအာဟာရဓါတ်များကိုပံ့ပိုးပေးသည့်အပြင် မြေ၏ရေထိန်းစွမ်းအားကိုပါ တိုးတက်စေသည်။ - ၅။ရေသွင်းရေထုတ်ပြုလုပ်ခြင်း - ရေသွင်းရေထုတ်ကိုလိုအပ်သလိုဆောင်ရွက်ပေးရမည်။ - မှို့ကပ်ချိန်နှင့် ရင့်မှည့်ချိန်အကြားတွင် သွင်းရေ လုံလောက်စွာ ရရှိရန်လိုပါသည်။ - ရိတ်သိမ်းရာတွင်လွယ်ကူစေရန်ပန်းပွင့်စုံပြီး နောက်(၂၀-၂၅)ရက်အတွင်းရေထုတ်ပေးရပါမည်။ - ၆။ ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း - ပေါင်းမြက်ထူထပ်ပါက စပါးအထွက်နှုန်းကို ထိခိုက်စေသည့် အတွက် ထိထိရောက်ရောက် ပေါင်းနှိမ်နင်းရန် လိုအပ်ပါသည်။ - မြေကို ကောင်းစွာပြုပြင်ခြင်းဖြင့် ပေါင်းမြက်များအား နှိမ်နင်းနိုင်သည်။ - လက်ဖြင့်ဖြစ်စေ၊ ကြားပေါင်းလိုက်ကိရိယာဖြင့်ဖြစ်စေပေါင်းမြက် နှိမ်နှင်းခြင်းကို အပင်ပေါက်ပြီး (၁)ပတ်မှ (၁)လအတွင်း ဆောင်ရွက်ရပါမည်။ - ပေါင်းပင်အမျိုးအစားပေါ်မူတည်၍မှတ်ပုံတင်ထားသောပေါင်းသတ်ဆေးကိုဆေးညွှန်းအတိုင်းတိကျစွာအသုံးပြုပါ။ - ၇။ ပိုးမွားရောဂါကာကွယ်နှိမ်နင်းခြင်း - ပိုးမွားရောဂါကျရောက်ဖျက်ဆီးမှုရှိ/မရှိကိုအမြဲမပြတ် ကွင်းဆင်းကင်းထောက်စစ်ဆေးပြီး ပိုးသတ်ဆေးကိုလိုအပ်မှသာအသုံးပြုပါ။ - ပိုးမွှားရောဂါများ ရှင်သန်ခိုအောင်းရာနေရာဖြစ်သော ပေါင်းပင်နှင့် ပင်ကြွင်းပင်ကျန်များကို သုတ်သင်ရှင်းလင်းပါ။ - ကြွက်ကြောင့်သီးနှံလေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန်အတွက်စိုက်ခင်း၏ ဘေးပတ်ဝန်းကျင်ရှိခြုံနွယ်များကိုရှင်းလင်းခြင်း၊ကြွက်ထောင်ချောက်ထောင်ခြင်း၊ကြွက်ကာပစ္စည်းများအသုံးပြုခြင်းစသည့်နည်းလမ်းများကိုဆောင်ရွက်နိုင်ပါသည်။ - ၈။ ရိတ်သိမ်းခြင်း - စပါးနှံ၏ (၈၀-၈၅)ရာခိုင်နှုန်းရင့်မှည့်ချိန်(မောင်းညိုချိန်)တွင် အလေအလွင့်အနည်းဆုံးနည်းလမ်းဖြင့် ရိတ်သိမ်းပြီး ချက်ချင်းချွေလှေ့၍ အခြောက်ခံပါ။ - စပါးအစိုဓါတ်သည် မျိုးအတွက်(၁၃)ရာခိုင်နှုန်းနှင့် စားသုံးမည့်စပါးအတွက်(၁၄)ရာခိုင်နှုန်းလိုအပ်ပါသည်။ - Reference – Agri Digital News 
 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
