ဖရဲစိုက်တောင်သူတွေ တွေ့ကြုံရတဲ့ တောင်သူအခေါ် ဂေါ့လန်တဲ့ ပြသနာ
ထိုပြသနာကို ဖရဲ၊ သခွား၊ ဘူး၊ ဖရုံ မျိုးရင်းဝင် အပင်တွေ အများဆုံးဖြစ်တက်ပါသည်။ထိုဂေါ့ပြသနာသည် ဆိုးဝါးပါက အသီးအထွက်ကို များစွာ ထိခိုက်နစ်နာစေသော ပြသနာ တစ်ခု ဖြစ်ပါတယ်။
ဂေါ့ ဖြစ်ပြီးနောက်ပိုင်း အဖူး၊ အပွင့်၊ အသီးဖြစ်ပေါ်မှု မရှိတော့ပါ။ သီးကင်းများသည်လည်း ဆက်လက်ကြီးထွားခြင်း မရှိဘဲ ကြွေကျတက်သည်။
စုပ်စားပိုးကျရောက်သည့် အခါ ဘိုရွန်ချို့တဲ့သည့် အခါတွင် ထို့ကဲ့သို့ ဖြစ်တက်ပါတယ်။ ဖရဲ အညွှန့်တွေမှာ စုပ်စားပိုးတွေက ပင်ရည်များကို စုပ်စားတာကြောင့် အရွက်များ တွန့်လိမ်သွားတာကို လည်း ဂေါ့လန်သည်ဟု တောင်သူ အများစုက ခေါ်ဆိုကြပါတယ်။
ပြန်လည်ကုစားခြင်း
ဤသို့သော ပန်းမပွင့်မှီ ခေါင်ညွှန့်ထောင်ပြီး နောက်ပြန်လှည့်နေခြင်း၊ အရွက်ဝါနေခြင်း၊ အနည်းငယ်တွန့်နေခြင်းများ တို့ကိုတွေ့ရှိပါက တစ်ပင်လုံး နှုတ်ယူဖျက်ဆီးပစ်ပါ။ ဘိုရွန်ဓါတ်ပါသည့် ရွက်ဖြန်းအားဆေးကို အသုံးပြုပေးပါ။ ထို့အပြင် မြေပြင်စဉ်မှာကတည်းက ကောင်းစွာ ဆွေးမြေ့နေသော၊ ကြက်ချေး၊ နွားချေး၊ အီးအမ် ဘိုကာရှီ မြေဆွေးတို့ကို ထည့်သွင်း အသုံးပြုပေးပါ။
ဂေါ့ဖြစ်နေသော အပင်ကို စိုက်ခင်းမှ ဝေးရာသို့ ဖယ်ရှားပစ်ပါ။
စုပ်စားပိုးများကိုနှိမ်နင်းရန်အတွက်
ဗိုင်းရပ်(စ်) ရောဂါပိုးများသည် စုပ်စားပိုးများ၊ ကိုက်ဖြတ်စားသောက်တက်သည့် ပိုးများမှ တစ်ဆင့် တစ်ပင်မှ တစ်ပင်ကို ကူးစက်တာကြောင့် အပင်သက်တမ်း (၇-၁၄) ရက်အတွင်း Acephate (အဆီဖိတ်)၊ ,Cypermethrin (ဆိုက်ပါမီသရင်) ၊ Chlorpyrifos (ကလိုပိုင်ရီဖော့)၊ Acetamiprid + Lambda Chalothrin( အဆီတာမီပရစ် + လမ်ဒါဆိုင်ဟေလိုသရင်) စသည့် ဆေးအုပ်စု တစ်မျိုးမျိုးကို ဆေးထုပ်ပါအညွှန်းအတိုင်း ရွေးချယ်အသုံးပြုပေးဖို့ လိုအပ်ပါတယ်။
Source- Htwet Toe
-----