စပါးပင်ပေါ်က အညိုရောင် အစက်ပြောက်
ရောဂါလက္ခဏာများ
• ပင်ပွားထွက်ချိန်မှ စ၍ စပါးရွက်များပေါ်တွင် ရေစိုနာကွက်များကို တွေ့ရတတ်ပါသည်။
- • အစပိုင်းတွင် သေးငယ်သော အညိုရောင် အပြောက် အပြောက်များကို တွေ့ရတတ်ပြီး မှိုမှ ထွက်သော အဆိပ်ကြောင့် ထိုအပြောက်လေးများသည် တစ တစ ကြီးမားလာတတ်ပါသည်။ - • ခံနိုင်ရည်မဲ့သော မျိုးများတွင် အစက်အပြောက်များသည် ၅-၁၄ မီလီမီတာထိ ရှိတတ်ပြီး တဖြေးဖြေး ခြောက်သွေ့သွားတတ်ပါသည်။ - • ခံနိုင်ရည်ရှိသော မျိုးများတွင်မူ အညိုရောင် အစက်အပြောက်လေးများကို အပ်ပေါက်ရာ ပမာဏခန့်သာ တွေ့ရတတ်ပါသည်။ - စပါးရွက်ညိုပြောက် ရောဂါကို ဘယ်လို ကာကွယ်နှိမ်နှင်းမလဲ? - ရွက်ညိုပြောက်ရောဂါ ကာကွယ်နှိမ်နှင်းခြင်း နည်းလမ်းများရွက်ညိုပြောက် ရောဂါမှ ကာကွယ်ရန် ဖော်ပြပါ နည်းလမ်းများ အတိုင်း လုပ်ဆောင်နိုင်ပါသည်။ - • ခံနိုင်ရည် ရှိသော မျိုးများကို အသုံးပြုပါ။ - • မျိုးမချမီ ရောဂါကင်းအောင် မျိုးစေ့လူးနယ်ဆေးကို အသုံးပြုပါ။ - • ထိရောက်သော မှိုသတ်ဆေးများကို အသုံးပြုပါ။ - • မြေဆီလွှာ အာဟာရဓာတ်ကို ပုံမှန် စစ်ဆေးပြီး လိုအပ်သော မြေသြဇာကို ပေါင်းထည့်ပေးပါ။ - စပါးပင်များအား ရွက်ညိုပြောက်ရောဂါမှ ကာကွယ်ရန် မှိုသတ်ဆေးများကို စနစ်တကျ သုံးစွဲပေးရပါမည်။ - ဖော်ပြပါ ဆေးများကိုလည်း အသုံးပြုနိုင်ပါသည်။ - ၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အဇိုဇီစတိုဗင် (၂၀%) + ဒိုင်ဖန်နိုကိုနားဇိုး (၁၂.၅%) အက်စီ၊ စားပွဲတင်ဇွန်း (၂) ဇွန်း - ၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ပရိုပီကိုနားဇိုး (၂၅၀%) အီးစီ၊ စားပွဲတင်ဇွန်း (၂) ဇွန်း - ၃။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ဟက်ဆာကိုနားဇိုး(၅%) အက်စီ ၊ စားပွဲတင်ဇွန်း (၆-၈) ဇွန်းသို့မဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ မှိုသတ်ဆေးထုတ်များတွင် ပါရှိသည့် အညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။ (ဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပါ) 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
