cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငမြောင်တောင်ပိုး ကာကွယ်နှိမ်နင်းနည်း ၁၇ နည်း

. ပိုးမွှား
တောင်သူဦးကြီးတိုင်းအတွက်အရေးပါသလိုသိလဲသိသင့်သည့် ငမြောင်တောင်ပိုး ကာကွယ်နှိမ်နင်းနည်း ၁၇ နည်း ကိုထွက်တိုးမှဝေမျှပေးလိုက်ပါတယ်

  • ငမြှောင်တောင်ပိုး ကျရောက်မှု လက္ခဏာများ

    ငမြှောင်တောင်ပိုးများသည် အပင်များရှိ အရွက်များကို ညအချိန်တွင် စားသောက်ဖျက်ဆီးလေ့ ရှိပါသည်။

    ဥမှ ပေါက်ကာစ ငမြှောင်တောင် ပိုးများသည် အပင်ထိပ်ဖူးများနှင့် အရွက်များကို ဖျက်ဆီးပစ်ကာ ညှိုးနွမ်းစေပါသည်။

    ငမြှောင်တောင်ပိုး သွင်ပြင်လက္ခဏာများ

    အပင်၏ အစိတ်အပိုင်းတိုင်းတွင် ပြာလဲ့လဲ့ရောင် ဥလေးများကို အပင်၏ နေရာတိုင်းတွင် ဥလေ့ရှိပြီး

    ဥများသည် ဘဲဥပုံ ခပ်တိုတို ပုံစံရှိပီး တစ်ဖက်စွန်းတွင် မသိမသာ ခွက်ဝင်နေကာ မျက်နှာပြင်သည် နူးညံ့ တောက်ပနေတတ်ပါသည်။

    ငမြှောင်တောင် ဖျက်ပိုးအား ကာကွယ်နှိမ်နှင်းခြင်း

    ဘက်စုံနည်းလမ်းဖြင့် ကာကွယ်နှိမ်နှင်းခြင်း

    - ငမြောင်တောင်ပိုးများ ကျရောက်မှုမှ ကာကွယ်ရန် သီးလှည့်စိုက်စနစ်ကို လုပ်ဆောင်ပါ။

    - မြေကို နက်နက် ထွန်ယက်ပေးခြင်းဖြင့် ပိုးကောင်များနှင့် ဥများပေါ်လာကာ ငှက်များက လာရောက်စားသောက် ဖျက်ဆီးပေးနိုင်ပါသည်။

    - မလိုလားအပ်သော အပင်များနှင့် ပေါင်းပင်များကို ဖယ်ရှားပစ်ပါ။

    - ငမြောင်တောင်ကောင်များကို ရှာဖွေတွေ့ရှိပါက လက်ဖြင့်ဖမ်းယူဖယ်ရှားပါ။

    - အပင်ပေါက်အဆင့်တွင် အပင်များကို ရေလွှမ်းပေးပါက ငမြောင်တောင်ပိုးများ ပေါ်ထွက်လာပြီး ၎င်းတို့ကို ကောက်ယူ ဖျက်ဆီးသင့်ပါသည်။ ထို့အပြင် ငှက်များမှလည်း လာရောက် စားသောက်ပစ်လေ့ရှိပါသည်။

    - စိုက်ခင်းဝန်းကျင်တွင် ငှက်များ လာရောက်စေရန် ငှက်နားတန်းများ၊ ငှက်အိမ်များ ပြုလုပ်ပေးကာ ငှက်စာ စပါးတွဲများကို ချိတ်ဆွဲပေးထားပါ။

    - အိမ်မွေးကြက်များ၊ ဘဲများကို လွှတ်ပေးခြင်းဖြင့်လည်း ငမြောင်တောင်ကောင်များကို ဖျက်ဆီး စားသောက်ပစ်နိုင်ပါသည်။

    - နဂျီကောင်၊ ပင့်ကူ စသည့် မိတ်ဆွေပိုးများသည်လည်း ငမြောင်တောင် ကောင်များကို စားသောက်ပစ်လေ့ရှိပါသည်။

    - ငမြောင်တောင် လောက်ကောင်များ ရှင်သန်မနေနိုင်ရန် မြေလှန်ရာတွင် ပြာများကို ထည့်သွင်း အသုံးပြုပေးပါ။

    - အသိအမှတ်ပြု လက်မှတ်ရထားသော မြန်မာစာ အညွှန်းပါရှိသည့် ပိုးသတ်ဆေးများကိုသာ အသုံးပြုပါ။

    - ငမြောင်တောင် လောက်ကောင်များကို လက်ဖြင့် ဖမ်းယူပြီးနောက် ဖျက်ဆီးပစ်ပါ။

    - တမာပိုးသတ်ဆေးကို ပက်ဖြန်းပေးခြင်းဖြင့်လည်း ငမြောင်တောင်လောက်ကောင်များကို နှိမ်နင်းနိုင်ပါသည်။

    - ငမြောင်တောင်ကောင်များ၏ ရန်မှ ကာကွယ်ရန် စိုက်ခင်းပတ်လည်တွင် အနံ့ပြင်းသည့် အပင်များဖြစ်သည့် (ပူစီနံ၊ တရုတ်နံနံ၊ ပင်စိမ်းရိုင်းပင်၊ စပါးလင်ပင်များ) စိုက်ပျိုးပေးပါ။

    - သစ်ကိုင်းခြောက်များကို စိုက်ခင်း ဘေးပတ်လည်တွင် ထားပေးပါ။ သစ်ကိုင်းခြောက်ပေါ်တွင် လောက်ကောင်များ လာရောက် စုဝေးသည့် အခါ လက်ဖြင့် ကောက်ယူဖယ်ရှားပေးပါ။

    - စိုက်ခင်းထဲရှိ လောက်ကောင်များကို လက်ဖြင့်ကောက်ယူ ဖျက်ဆီးပစ်ပါ။

    - ကတ်ထူပြားကို စိုက်ခင်းဘေးတွင် ထားပေးပါ။ ညဘက်အချိန်တွင် လောက်ကောင်များက ကတ်ထူပြားအောက်တွင် ဝင်ပုန်းနေတက်သောကြောင့် အလွယ်တကူ ကောက်ယူ နှိမ်နင်းနိုင်ပါသည်။

    ငမြောင်တောင်ရန်မှ ကာကွယ်ရန် ဖော်ပြပါ ပိုးသတ်ဆေးများကို အသုံးပြုနိုင်ပါသည်။

    ၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံး တစ်ပုံးလျှင် ကာဘိုဆာဖန် ၂၀% အီးစီ စားပွဲတင်ဇွန်း ၂-၆ ဇွန်းနှုန်း

    ၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ဆိုင်ပါမီသရင်း + ကလိုရိုပိုင်ရီဖော့စ် ၅၅% အီးစီ စားပွဲတင်ဇွန်း ၂-၈ဇွန်းနှုန်း

    သို့မဟုတ် ဈေးကွက်အတွင်း ဝယ်ယူ ရရှိနိုင်သာ ပိုးသတ်ဆေးထုတ်များတွင် ပါရှိသည့် မြန်မာစာအညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။ (မြန်မာစာဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပါ)



  • article
likes21comments0
views2473