cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဖရဲတွင်ကျရောက်သော လှေးပိုး၏ ဖျက်ဆီးမှု လက္ခဏာ

. ပိုးမွှား
လှေးပိုးကျရောက်ဖျက်ဆီးခြင်း

  •  ဖျက်ဆီးမှု လက္ခဏာ

    ဖရဲပင်တွင် လှေးပိုးသည် အပင်ငယ်စဉ်မှ ခူးဆွတ် ရိတ်သိမ်းချိန် အထိ သစ်ရည်ကို စုပ်ယူ ဖျက်ဆီးသည့် အခါ ဆိုးဝါးစွာ ဒဏ်ရာရ၍ အပင် ပျက်ဆီးနိုင်သည်။ ဖျက်ဆီးခံရသော ဖရဲရွက်များသည် အဝါရောင် ပြောင်းလာပြီး နောက်ပိုင်းတွင် အညိုရောင် ပြောင်းသွားပြီး တွန့်လိမ်၍ သေသွားသည်။ ဆိုးဝါးစွာ ကျရောက် ဖျက်ဆီးခံရသော အပင်များသည် ကြေးနီရောင်သို့ ပြောင်းသွားသည်။ အပင်သည် ပု၍ အရောင်ပျက်ပြီး ပုံသဏ္ဍာန် မမှန်သည့် အညွှန့်များကို ထွက်ပေါ်လာသည်။ လှေးပိုးကျရောက် ဖျက်ဆီးမှုများပါက အသီးများ ပုံသဏ္ဍာန်မမှန်ခြင်း၊ အသီးမတင်ခြင်း၊ အပင်တစ်ပင်လုံး သေကြေ ပျက်စီးခြင်းတို့ ဖြစ်နိုင်သည်။

    လှေးပိုး၏ ကြီးထွားပုံအဆင့်ဆင့်:

    ဥအဆင့်: ဥများသည် အရောင်မဲ့ (သို့မဟုတ်) နို့နှစ်ရောင် ပဲစေ့ပုံစံရှိသည်။

    လောက်ကောင်အဆင့်: လောက်ကောင်ငယ်လေး များသည် အရောင်ဖျော့ပြီး ထွင်းဖောက် မြင်နိုင်သည်။ အတောင် မပါရှိပါ။

    အကောင်ကြီးအဆင့်: အကောင်ကြီးသည် အဝါရောင်ရှိပြီး အရွယ်အစားမှာ သေးငယ်ပါသည်။

    ဖရဲခင်းမှာ လှေးပိုးကျရင် ဒီနည်းလမ်း (၄)မျိုးနဲ့ နှိမ်နင်းကြစို့

    လှေးပိုးကျရောက်မှုကို ကာကွယ်နှိမ်နင်းခြင်း

    စိုက်နည်းပျိုးနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း

    လှေးပိုးများ ခိုအောင်း မနေစေရန် ဖရဲစိုက်ခင်းထဲသို့ သဘာဝမြေဩဇာ များများထည့်ပေးပါ။ မျိုးရင်းဝင် မတူသော သီးနှံများနှင့် သီးလှည့် စိုက်ပျိုးပေးပါ။ ပင်ကြွင်း ပင်ကျန်များကို မီးရှို့ ဖျက်ဆီးပေးပါ။

    သက်ရှိများကို အသုံးပြု၍ ကာကွယ် နှိမ်နင်းခြင်း

    စိုက်ခင်းထဲတွင် ရှိသော အကျိုးပြု မိတ်ဆွေပိုးနှင့် ဖျက်ပိုးကျရောက်မှုကို စောင့်ကြည့်စစ်ဆေးပါ။ အကယ်၍ အကျိုးပြု မိတ်ဆွေပိုး အရေအတွက် ပို၍များနေပါက ပိုးသတ်ဆေးကို အလွန်အကျွံ မဖျန်းပါနှင့်။ အကျိုးပြု မိတ်ဆွေပိုးများ ဖြစ်သော ပုစဉ်းကြီး၊ ပင့်ကူ၊ လိပ်ခုံးကျိုင်း၊ လှေးစားဂျပိုး၊ ဥကပ်ပါးနဂျီ ကောင်များသည့် လှေးပိုး၏ လောက်ကောင် နှင့် အကောင်ကြီး အဆင့်များကို စားသောက် ဖျက်ဆီး ပေးသည့်အကျိုးပြု မိတ်ဆွေပိုးများကို ထိန်းသိမ်းရန် ပိုးသတ်ဆေးကို အလွန်အကျွံ မဖျန်းပါနှင့်။

    ဘက်စုံပိုးမွှား ကာကွယ်နှိမ်နှင်းခြင်း

    စိုက်ခင်းအတွင်းနှင့် စိုက်ခင်း ဘေးပတ်လည်တွင်ရှိသော ပေါင်းမြက်များကို ရှင်းလင်းရမည်။

    လက်ခံလွှဲပင်အဖြစ် ပြောင်းပင်များကို စိုက်ခင်းဘေးတွင် စိုက်ပျိုးရမည်။

    လှေးပိုး ဖျက်ဆီးထားသော စိုက်ခင်းကို ပြန်လည် ကောင်းမွန်လာစေရန် နိုက်ထရိုဂျင် ဓါတ်မြေဩဇာကို သတ်မှတ် နှုန်းထားအတိုင်း အသုံးပြုပေးပါ။

    ဓါတုဆေးဖြင့် ကာကွယ်နှိမ်နင်းခြင်း

    လှေးပိုးကျရောက်မှုကို ကာကွယ် နှိမ်နှင်းရန်အတွက် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနမှ ထောက်ခံထားပြီး မြန်မာဘာသာအညွှန်းပါသည့် ပိုးသတ်ဆေး များကို ဝယ်ယူ အသုံးပြုပါ။

    -ရေ (၄) ဂါလံဝင် ဆေးဖျန်းပုံး တစ်ပုံးလျှင် အဆီတာမီ ပရစ် (၂၀%) + လမ်ဒါ-လိုသဆိုင်ဟေလိုသရင် (၅%)( Acetamiprid 20%+ Lambda-cyhalothrin 5% WP) စားပွဲတင်ဇွန်း (၄-၅) ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅)ပုံး၊ သီးနှံ မရိတ်သိမ်းခင် စောင့်ဆိုင်း ရမည့်ရက် (၁၄) ရက်

    - ရေ (၄) ဂါလံဝင် ဆေးဖျန်းပုံး တစ်ပုံးလျှင် ဒက်တာမီသရင်(၅%)+အီမာမက်တင် ဘန်ဇိုနိတ် (၅%) (Deltamethrin 5% + Emamectin Benzoate 5% EC) ၊ စားပွဲတင်ဇွန်း (၂-၃) ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅)ပုံး၊ သီးနှံ မရိတ်သိမ်းခင် စောင့်ဆိုင်း ရမည့်ရက် (၇) ရက်

    - ရေ (၄) ဂါလံဝင် ဆေးဖျန်းပုံး တစ်ပုံးလျှင် အင်မီဒါ ကလိုပရစ် (၇၀%) (Imidacloprid 70% WP) စားပွဲတင်ဇွန်း (ဇွန်းဝက် မှ ၁) ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅)ပုံး၊ သီးနှံ မရိတ်သိမ်းခင် စောင့်ဆိုင်း ရမည့်ရက် (၂၁) ရက်

    - ရေ (၄) ဂါလံဝင် ဆေးဖျန်းပုံး တစ်ပုံးလျှင် ဆိုက်ပါမီသရင် + ကလိုပိုင်ရီဖော့စ် (၅၅% အီးစီ) ၊ စားပွဲတင်ဇွန်း (၄-၆) ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅)ပုံး၊ သီးနှံ မရိတ်သိမ်းခင် စောင့်ဆိုင်း ရမည့်ရက် (၂၁) ရက် တို့ကို အသုံးပြုနိုင်သည်။

    မြန်မာ ဘာသာဖြင့် ရေးထားသော အညွှန်း တွင်ပါရှိသည့် လမ်းညွှန်ချက်များ အတိုင်း ဂရုတစိုက် လိုက်နာဖို့ လိုအပ်ပါသည်။ ဆေးဖျန်းလျှင် အကာအကွယ် ပေးနိုင်သည့် အဝတ်အစားများကို ဝတ်ဆင်ရမည်။ ဆေးဖျန်းသည့် အခါ ဆေးထုပ်ပေါ်တွင် မြန်မာဘာသာဖြင့် ရေးထားသော ဆေးနှုန်း ထား၊ ဖျန်းရမည့်အချိန်၊ သီးနှံမရိတ်သိမ်းခင် စောင့်ဆိုင်းရမည့်ရက် တို့ကို လိုက်နာရန် လိုအပ်ပါသည်။


  • article
likes14comments1
views2098