cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မျိုးစေ့လူးနယ်‌ဆေးကိုဘာကြောင့်သုံးသင့်တာလဲ??

. စိုက်ပျိုးနည်းစနစ်များ
မိမိစိုက်ပျိုးတဲ့မျိုးစေ့တွေက မိခင်အပင်ကနေရယူတာဖြစ်ခဲ့မယ်ဆိုရင် မိခင်အပင်ကရောဂါရှိတယ်ဆိုပါက မျိုးစေ့မှာလည်း ရောဂါတွေပါလာနိုင်ပါတယ်။ ထို့အပြင် ရောဂါကျဖူးတဲ့ မြေပေါ်မှာစိုက်ပျိုးမယ်ဆိုရင် မျိုးစေ့များအပင်ပေါက်လာတဲ့အခါ အပင်ငယ်စဉ်မှာကတည်းက မြေဆောင်ရောဂါတွေ ဝင်လာတာမျိုး ဖြစ်နိုင်ပါတယ်။ အဲ့ဒီလိုရောဂါတွေဝင်လာတဲ့အခါ အပင်ပေါက်နှုန်းမကောင်းတာ အပင်မသန်တာနဲ့ အပင်ငယ်စဉ်ကတည်းက ရောဂါကျတာမျိုးတွေကို ကြုံတွေ့ရတတ်ပါတယ်။

  • မျိုးစေ့လူးနယ်နိုင်သောဆေးဆိုတာကတော့ အပင်များ ပိုးမွှားရောဂါကင်းစေရန်နှင့် အပင်ပေါက်နှုန်းကောင်းစေရန်အတွက် မစိုက်ပျိုးမီ မျိုးစေ့ကိုလူးနယ်ရသောဆေးဖြစ်ပါတယ်။ မျိုးစေ့လူးနယ်နိုင်သောဆေးအသုံးပြုခြင်းဖြင့် မျိုးစေ့ဆောင်ရောဂါ၊ မြေဆောင်မှိုရောဂါ တို့ကိုကာကွယ်နိုင်ပြီး အပင်ပေါက်နှုန်းကိုလည်းကောင်းစေပါတယ်။


    မျိုးစေ့လူးနယ်နိုင်သောဆေးတွေက ယေဘုယျအားဖြင့် (၃) မျိုးရှိပါတယ်။


    (၁) မှိုရောဂါသတ်ဆေး {ဥပမာ - Metalaxyl (မီတယ်လဆီ), Tebuconzaole (တက်ဗျူကိုနာဇိုး), Hexaconazole (ဟက်ဇာကိုနာဇိုး)}


    (၂) ပိုးသတ်ဆေး {ဥပမာ - Imidacloprid (အင်မီတာကလိုပရစ်), Fipronil (ဖစ်ပရိုနေးလ်)}


    (၃) အားဆေး {ဥပမာ - Nitro phenol (တောနစ်)} အုပ်စု တို့ပဲဖြစ်ပါတယ်


    - မှိုရောဂါသတ်ဆေးအသုံးပြုတယ်ဆိုရင် မျိုးစေ့ပုပ်တာ၊ အပင်ငယ်တွေမှာကျတတ်တဲ့ ခါးရိရောဂါ၊ ပင်ညှိုးရောဂါ၊ မြစ်ခြောက်ဆွေးရောဂါတွေနဲ့ တခြားသောမျိုးစေ့ဆောင်မှိုရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။


    - ပိုးသတ်ဆေးလူးနယ်အသုံးပြုတယ်ဆိုရင်တော့ မျိုးစေ့ကို မြေခွေးပုရစ်စားသောက်ဖျက်ဆီးခြင်း၊ ဖိုးလမင်းကျိုင်းဖျက်ဆီးခြင်းအပြင် အပင်ငယ်စဉ်မှာ ပိုးမွှားဒဏ်ခံနိုင်ပြီး စုပ်စားပိုးတွေမကျအောင်လည်းကာကွယ်ပေးပါတယ်။


    - အားဆေးလူးနယ်စိုက်ပျိုးတယ်ဆိုရင်တော့ အပင်ပေါက်ညီညာခြင်း၊ အပင်ပေါက်နှုန်းကောင်းခြင်း၊ အပင်သန်ခြင်းတို့ကိုရရှိစေနိုင်ပါတယ်။


    Reference – Htwet Toe.


  • article
likes11comments0
views141views1670