cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သီးနှံမျိုးစေ့များ သိုလှောင်ရာတွင် ဂရုပြုလိုက်နာစရာ

. ရိတ်သိမ်းချိန်လွန် နည်းပညာ
သီးနှံမျိုးစေ့ ပေါင်းများစွာကို မျိုးစေ့အဖြစ် အသုံးပြုရန် ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်ရန် မဖြစ်မနေ သိုလှောင်ကြရသည်။ ဤသို့ သိုလှောင်ရာတွင် မျိုးစေ့အဖြစ် သိုလှောင်ပါက စိုက်ပျိုးမည့် ကာလတွင် မူလအရည်အသွေး မကျဆင်းဘဲ အပင်ပေါက် ရာခိုင်နှုန်းကောင်းနေစေရန် ရည်ရွယ်ပါသည်။


  • ရောင်းဝယ်ဖောက်ကားမှုအတွက် သိုလှောင်ပါက ရောင်းဝယ်ဖောက်ကားမည့်အချိန်တွင် မူလအရည်အသွေး မကျဆင်းဘဲ သိုလှောင်စဉ် အလေးချိန်လျော့နည်းမှု အနည်းဆုံးရရှိစေရန် ရည်ရွယ်ပါသည်။ သီးနှံမျိုးစေ့များကို သိုလှောင်ရာတွင် နည်းလမ်းနှစ်ခုဖြင့် သိုလှောင်ကြပါသည်။


    (၁) သီးနှံမျိုးစေ့၏ မူလရှိခဲ့သော အရည်အသွေးကောင်းကို မကျဆင်း၊ မပျက်စီးစေနိုင်သော ပတ်ဝန်းကျင် အခြေအနေမျိုးတွင်ထားရှိ သိုလှောင်ခြင်း၊


    (၂) သီးနှံမျိုးစေ့၏ အနီးပတ်ဝန်းကျင် (သို့) သိုလှောင်ရုံထဲတွင် သီးနှံမျိုးစေ့၏ မူလအရည်အသွေးကောင်းကို မကျဆင်း၊ မပျက်စီးစေနိုင်သော၊ အလေးချိန် မလျော့စေနိုင်သော အခြေအနေကောင်းများကို ပြုပြင်ဖန်တီးယူ၍ သိုလှောင်ခြင်းပင် ဖြစ်သည်။


    သီးနှံမျိုးစေ့များကို စနစ်တကျ သိုလှောင်ခြင်းမရှိပါက ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အရည်အသွေးရော၊ အလေးချိန်ပါ ဆုံးရှုံးမှုမှာ ၂၅-၅၀ ရာခိုင်နှုန်း ထိရှိကြောင်း သုတေသန တွေ့ရှိချက်များက ပြောသည်။


    သီးနှံမျိုးစေ့များ အရည်အသွေးကျဆင်းခြင်း၊ ပျက်စီးခြင်းဖြစ်ရသည့် အကြောင်းရင်းများမှာ


    ရိတ်သိမ်းချိန်မမှန်ကန်သဖြင့် အရည်အသွေးညံ့သော သီးနှံမျိုးစေ့များကို သိုလှောင်ခြင်း၊


    အစိုဓာတ်များသော သီးနှံမျိုးစေ့များကို စနစ်တကျ အခြောက်မခံဘဲ သိုလှောင်ခြင်း၊


    စုပုံထားခြင်း၊


    သီးနှံမျိုးစေ့များကို ထုပ်ပိုးခြင်း၊


    သယ်ယူသို လှောင်ခြင်းများ ဆောင်ရွက်ရာတွင် ဂရုတစိုက် မသယ်ယူ၊ မထုပ်ပိုးသဖြင့် ဒဏ်ရာရထားသော သီးနှံ၊ မျိုးစေ့များကို သိုလှောင်ခြင်း၊


    ပူအိုက်စွတ်စိုပြီး လေဝင်၊ လေထွက်နည်းသောနေရာ သိုလှောင်ရုံများတွင် သိုလှောင်ခြင်း၊


    သီးနှံမျိုးစေ့များ သိုလှောင်ရန်အတွက် မသင့်လျော်သော ပတ်ဝန်းကျင်အခြေအနေရှိသော နေရာ၊ သိုလှောင်ရုံများတွင် သိုလှောင်ခြင်း တို့ကြောင့် ဖြစ်ပေါ်ရသည်။


    သီးနှံများ ရိတ်သိမ်းရာတွင် ရိတ်သိမ်းချိန် မှန်ကန်မှသာ အစိုဓာတ်ပါဝင်မှုနည်းပြီး အရည်အသွေးကောင်းသည့် သီးနှံမျိုးစေ့များကို ရရှိနိုင်သည်။


    သီးနှံတိုင်းတွင် မှန်ကန်စွာ ရိတ်သိမ်းရမည့် သတ်မှတ်ချက်များရှိသည်။ သီးနှံမျိုးစေ့ ပြီးပြည့်စုံစွာ ဖွံ့ဖြိုးမှုရရှိပြီး ကောင်းစွာရင့်မှည့်သည့် အဆင့်ရှိရန် လိုအပ်သည်။ ရိတ်သိမ်းချိန်မမှန်ပါက ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှု ၄-၄၀ ရာခိုင်နှုန်းရှိသည်ဟု သုတေသနက ပြောထားသည်။


    စပါးသည် အနှံထွက်ပြီး ၂၅-၃၀ ရက်တွင် ပြည့်စုံသောဖွံ့ဖြိုးရင့်မှည့်မှုကို ရရှိသည်။ ၎င်းအချိန်သည် မောင်းညိုချိန်ဖြစ်သည်။ မောင်းညိုချိန်သည် ရိတ်သိမ်းရန် အချိန်မှန်ဖြစ်သည်။ ၎င်းအချိန် ရိတ်သိမ်းပါက ဆန်ထွက် ၆၅ ရာခိုင်နှုန်းရရှိပြီး ဆန်ကောင်း ၅၅ ရာခိုင်နှုန်း ရရှိသည်ဟု ရေဆင်း စိုက်ပျိုးရေး သုတေသန ဦးစီးဌာနက ပြောထားပါသည်။


    စပါးရိတ်ချိန်တွင် စပါးစေ့ အတွင်း အစိုဓာတ် ၂၀-၂၅ ရာခိုင်နှုန်းခန့် ပါလာပါသည်။ ၎င်းအစိုဓာတ်ကို ရိတ်သိမ်းပြီး တစ်ရက်အတွင်း အစိုဓာတ် ၁၈ ရာခိုင်နှုန်း ထိရောက်အောင် အခြောက်လှန်းရမည်။ နှစ်ရက်အတွင်း အစိုဓာတ် ၁၃-၁၄ ရာခိုင်နှုန်းထိရောက်အောင် စနစ်တကျ အခြောက်လှန်းရမည်။ သို့မှသာ သိုလှောင်ရာတွင် အကောင်းဆုံး အစိုဓာတ် အခြေအနေကို ရရှိနိုင်မည်ဖြစ်သည်။ အစိုဓာတ် ၈-၉ ရာခိုင်နှုန်းထိချ၍ သိုလှောင်နိုင်ပါက လေးနှစ်ထိ စိတ်ချစွာသိုလှောင်နိုင်သည်ဟု သုတေသနက ပြောထားပါသည်။


    စပါး အစိုဓာတ် ၅၀ ရာခိုင်နှုန်းအထက်ရှိပါက အင်းဆက်ပိုးမွှား၊ ရောဂါလှုပ်ရှားမှု များစေပါသည်။ စိုထိုင်းဆ ၃၅ ရာခိုင်နှုန်းအောက် ကျသွားပါက အင်းဆက်၊ ပိုးမွှားရောဂါ လှုပ်ရှားမှု လုံးဝ ရပ်ဆိုင်းသွားစေပါသည်။ မြေပဲသီးနှံသည် ဆီပါဝင်သော သီးနှံဖြစ်သဖြင့် ရိတ်သိမ်းဆွတ်ခူးချိန် မှန်ကန်မှသာ အရည်အသွေးကောင်းဖြင့် သိုလှောင်နိုင်မည် ဖြစ်သည်။ မြေပဲတစ်ပင်လုံး၏ အရွက် ၇၅ ရာခိုင်နှုန်း ခြောက်သွေ့ပြီး အရွက်ကျချိန်၊ မြေပဲတောင့်၏ အတွင်းနံရံ မီးခိုးရောင်ရင့်မှသည် အညိုရောင်ပြောင်းလာချိန်၊ မြေပဲတောင့်အတွင်း အညိုရောင်ငါးကြင်းကွက်များ ပေါ်လာချိန်သည် ရိတ်သိမ်းချိန် မှန်ဖြစ်သည်။ ၎င်းအချိန်သည် ဆီပါဝင်မှု အများဆုံးနှင့် အရည်အသွေးမြင့်မားချိန် ဖြစ်သည်ဟု သုတေသနက ပြောသည်။


    နှမ်းပင် ပင်စည်နှင့် အရွက်များ အစိမ်းရောင်မှ အနီရောင်သန်းပြီး အဝါရောင်သို့ ပြောင်းသွားသည်။ နှမ်းပင်အရွက်အားလုံး၏ ၇၅ ရာခိုင်နှုန်း အဝါရောင်သန်းလာချိန် နှမ်းသီးများ အညိုရောင်ပြောင်းလာချိန်တွင် ရိတ်သိမ်းပါက အရည်သွေးနှင့် ဆီပါဝင်မှု အမြင့်မား ဆုံးပေးစွမ်းနိုင်သည်။


    နေကြာပွင့်၏ နောက်ကြောဘက် အဝါရောင်မှ အညိုရောင်ပြောင်းလာချိန်၊ အစေ့အတွင်း အစိုဓာတ် ၁၀-၁၂ ရာခိုင်နှုန်း ရှိလာချိန်တွင် ရိတ်သိမ်းပါက အရည်အသွေးမြင့်နေကြာမျိုးစေ့ကို သိုလှောင်နိုင်သည်။ နေကြာကို နောက်ကျရိတ်သိမ်းပါက အစေ့အတွင်း ဆီဖွဲ့စည်းမှုအပြောင်းအလဲ ဖြစ်စေပါသည်။ နေကြာအထွက်နှင့် ဆီပါဝင်မှု အမြင့်ဆုံးအချိန်တွင် ဖက်တီးအက်စစ် ပါဝင်မှု မြင့်မားလာစေပါသည်။


    ပဲပုပ်ပင်သည် အရွက်များ၏ ၈၀ ရာခိုင်နှုန်းခြောက်၍ ေြွကကျချိန်၊ အတောင့်၏အရောင် အညိုဖျော့ရောင် (ကောက်ရိုးခြောက်ရောင်) ပြောင်းလဲချိန်၊ အစေ့တွင်း အစိုဓာတ် ၉-၁၀ ရာခိုင်နှုန်းရှိလာချိန်သည် ဇီဝကမ္မအရ ပြည့်စုံသော ရင့်မှည့်မှု ရရှိလာသဖြင့် အသင့်တော်ဆုံး ရိတ်သိမ်းချိန် ဖြစ်ပါသည်။ အရည်အသွေးကောင်းပြီး သိုလှောင်ရန် ပဲပုပ်စေ့ကို ရရှိနိုင်ပါသည်။


    ပဲတီစိမ်း၊ မတ်ပဲပင်များသည် အရွက်များ အားလုံး၏ ၇၅ ရာခိုင်နှုန်း ခြောက်သွေ့ ကြွေကျချိန် မြေပဲတောင့်များ ကောင်းစွာ ခြောက်သွေ့ချိန်၊ ပဲစေ့အတွင်း အစိုဓာတ် ၉-၁၀ ရာခိုင်နှုန်းရှိလာချိန် ဇီဝကမ္မအရ ပဲစေ့များ ကောင်းစွာရင့်မှည့်ချိန်တွင် ရိတ်သိမ်းပါက အရောင်တောက်ပပြီး အရည်အသွေးကောင်းသော ပဲစေ့များကို သိုလှောင်နိုင်သည်။ စောရိတ်ပါက အစိုဓာတ်များ၍ မှိုတက်မည်။


    လုံးပိန်၊ လုံးညှပ်ပါဝင်မှု များစေမည်ဖြစ်သည်။ သီးနှံမျိုးစေ့များမှာ ပျက်စီးယိုယွင်း သွားပြီးပါက ပြန်လည်ပြုပြင်၍ မရရှိနိုင်သည်ကို သိုလှောင်မည့်သူများ ကောင်းစွာ သိရှိထားရန် လိုပါသည်။ တဖန် အရည်အသွေး ညံ့သော သီးနှံမျိုးစေ့များကိုလည်း အားဆေးများ ဖျန်းပေးခြင်း၊ မည်သို့သော ပြုပြင်ဖန်တီးခြင်းမျိုးနှင့်မျှ ကုစား၍ မရနိုင်သည်ကိုလည်း သတိမူကြရန် လိုအပ်ပါသည်။ မူလကနဦး အစကတည်းက သီးနှံ မျိုးစေ့ကောင်း သိုလှောင်နိုင်ရန် အထူးဂရုပြု ကြိုးပမ်းခဲ့ကြရမည်သာ ဖြစ်သည်။


    တချို့သော မျိုးစေ့များသည် သဘာဝ အလျှောက် သက်တမ်းရှည်၍ တချို့သီးနှံမျိုးစေ့များမှာ သက်တမ်းတိုကြသည်။ သက်တမ်းကြာရှည်မှု မတူညီသော သီးနှံမျိုးစေ့များကို သိုလှောင်ရုံတစ်ခုတည်းတွင် ပေါင်းစည်းသိုလှောင်ထားမှုကို ရှောင်သင့်ပါသည်။


    မြေပဲနှင့် ပဲပုပ်စေ့တို့ကို စပါး၊ ဂျုံ၊ ပြောင်းစေ့များနှင့်အတူ သိုလှောင်ခြင်း မပြုသင့်ပါ။ သီးနှံမျိုးစေ့၏ အရည်သွေးကို မျိုးစေ့ရင့်မှည့် ရိတ်သိမ်းချိန်တွင် ဖြစ်ပေါ်နေသော ပတ်ဝန်းကျင်၊ ရာသီဥတု အခြေအနေ မိုးရွာခြင်း၊ ရေခဲခြင်း၊ စိုထိုင်းဆ လွန်ကဲခြင်း၊ ပူအိုက်ခြင်း စသည်တို့က ပြောင်းလဲစေနိုင်သည်။


    မျိုးစေ့၏ ရှည်ကြာမှု သက်တမ်းကိုလည်း တိုသွားစေနိုင်ပါသည်။ သီးနှံမျိုးစေ့ကို အပူပေး၊ အခြောက်ခံခြင်း၊ နေဖြင့် အခြောက်ခံခြင်း နည်းစနစ်များ မမှန်ကန်ပါက သီးနှံမျိုးစေ့၏ အရည်အသွေးကို ထိခိုက် စေပါသည်။ သို့အတွက် သိုလှောင်မှုသက်တမ်းကို တိုစေပါသည်။ အမျိုးတူ သီးနှံမျိုးစေ့များဖြစ်စေကာမူ မသိုလှောင်မီကတည်းက အရည်အသွေးမတူညီပါက အရည်အသွေးကျဆင်းမှုနှုန်း သိသာစွာ ကွာခြားနေကြောင်း သုတေသနတွေ့ရှိချက်က ထောက်ပြနေသည်။


    သီးနှံမျိုးစေ့များ စနစ်တကျ သိုလှောင်မှုသည် မူလအရည်အသွေးကို တိုးမြှင့်အောင် မစွမ်းဆောင်နိုင်သော်လည်း မကျဆင်းအောင် ထိန်းထားနိုင်ပါသည်။ သီးနှံမျိုးစေ့များကို လယ်ကွင်းမှအစ ရိတ်သိမ်းခြွေလှေ့ခြင်း၊ အခြောက်ခံခြင်း၊ ကိုင်တွယ်ပြုပြင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းအဆင့်ဆင့်တွင် ထိခိုက်ဒဏ်ရာရစေပါက သိုလှောင်မှုကို တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိနေသည်ကို အထူးသတိပြုရန် လိုပါသည်။ သီးနှံမျိုးစေ့များ သိုလှောင်ရာတွင် သီးနှံမျိုးစေ့ အတွင်းရှိ အစိုဓာတ်နှင့် ပတ်ဝန်းကျင်ရှိ အပူချိန်တို့သည် မျိုးစေ့သက်တမ်းကို ပြောင်းလဲစေပါသည်။


    အပူချိန်နိမ့်သော်လည်း အစိုဓာတ်များနေပါက မျိုးစေ့ပျက်စီးမှု မြန်စေပါသည်။ တစ်ဖန် အပူချိန်လည်း မြင့်ပြီး မျိုးစေ့၏ အစိုဓာတ်ကလည်း များနေပါက ပျက်စီးမှုပိုမိုမြန်စေပါသည်။ သီးနှံမျိုးစေ့များသည် အစေ့အတွင်းမှ အစိုဓာတ်ကို လေထုတွင်းသို့ ထုတ်လွှတ်နိုင်ခြင်း၊ လေထုအတွင်းမှ အစိုဓာတ်ကို စုယူနိုင်ခြင်းသတ္တိရှိကြသည်။ သို့အတွက် ပတ်ဝန်းကျင်ရှိ အစိုဓာတ်ကို ဂရုပြုရမည်။ သီးနှံမျိုးစေ့အတွင်း ပါဝင်သော အဆီနှင့် ဆီတို့သည် ရေနှင့်မရောသဖြင့် ဆီ ၅၀ရာခိုင်နှုန်းပါသော အစေ့၏ အစိုဓာတ်သည် အစေ့၏ထက်ဝက်ခန့်သာရှိပြီး ဆီ ၁၀ ရာခိုင်နှုန်းသာပါသော အစေ့၏ အစိုဓာတ်သည် အစေ့၏ ၉၀ ရာခိုင်နှုန်းထိ ပျံ့နှံ့တည်ရှိနေသည်။ ပတ်ဝန်းကျင်အပူချိန် မြင့်လာပါက စိုထိုင်းဆနိမ့်ကျလာပြီး သီးနှံမျိုးစေ့၏ အစိုဓာတ်မှာလည်း နိမ့်ကျလာပါသည်။ ကောင်းစွာ ခြောက်သွေ့သော မျိုးစေ့ကို အပူချိန် ၈၀ ဒီဂရီဖာရင်ဟိုက်သာ သိုလှောင်သင့်သည်။ ပါမောက္ခ ဟယ်ရီတန်၏ တွေ့ရှိချက်အရ အပူချိန်နှင့် စိုထိုင်းဆ နှစ်ခုပေါင်းခြင်းသည် ၁၀ဝ ထက်မကျော်ပါက ကောင်းစွာသိုလှောင်နိုင်သည်ဟု ပြောပါသည်။ အပူချိန်ကများ၍ စိုထိုင်းဆကနည်းလျှင် သိုလှောင်မှုပိုကောင်းမွန်စေသည်။


    မြေပဲနှင့် ပဲပုပ်မျိုးစေ့များကို တစ်ရာသီ ရှစ်လ၊ ကိုးလအထိ သိုလှောင်မည် ဆိုပါက အစိုဓာတ် ၁၁-၁၂ ရာခိုင်နှုန်းထက် မများစေဘဲ သိုလှောင်ရုံအပူချိန် ၆၅ ဒီဂရီ ဖာရင်ဟိုက်ထက် မပိုသင့်ပါ။ မြေပဲတောင့်များကို အအေးခန်းတွင် သိုလှောင်မည်ဆိုပါက အပူချိန် ၆၅ ဒီဂရီဖာရင်ဟိုက်နှင့် စိုထိုင်းဆ ၅၀ ရာခိုင်နှုန်းဖြင့် သိုလှောင်ပါက အသင့်တော်ဆုံး ဖြစ်ပါသည်။ သီးနှံမျိုးစေ့များကို သိုလှောင်မည်ဆိုပါက လုံးပိန်၊ လုံးညှပ်၊ အဖျင်း၊ အမှော်၊ အခြမ်းကွဲ၊ အမှိုက်များကို သေချာစွာ သန့်စင်ရန် လိုအပ်ပါသည်။


    သေချာစွာမသန့်စင်ဘဲ သိုလှောင်ပါက သီးနှံမျိုးစေ့ကို မည်သို့ပင် စိတ်ကြိုက်အခြောက်လှန်းခဲ့ စေကာမူ ရောနှောပါလာသော အဖျင်း၊ အမှော်၊ လုံးပိန်၊ လုံးညှပ်၊ အခြမ်းကွဲ၊ အမှိုက်သရိုက် များတွင် ပါဝင်လာသော အစိုဓာတ်က သီးနှံမျိုးစေ့ အတွင်းသို့ ကူးပြောင်းခိုအောင်းသွားသဖြင့် ၎င်းအစိုဓာတ်ကြောင့် မှိုတက်၍ သီးနှံအရည်အသွေး ကျဆင်းသွားစေပါသည်။


    သို့ပါ၍ သီးနှံမျိုးစေ့များကို သိုလှောင်ကြသူများသည်ဖော်ပြပါ ဂရုပြုရမည့် အချက်များကို ဂရုတစိုက်လိုက်နာ၍ စနစ်တကျ သိုလှောင်နိုင်ကြစေရန် တိုက်တွန်းအပ်ပါသည်။


    - အောင်ဆန်း(စိုက်ပျိုးရေး)


    မြန်မာတောင်သူကြီးများ ဂျာနယ်



  • article
likes7comments0
views105views1754