cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သဘာ၀ ငါးမှုန်များစုဆောင်းသူများ သတိပြုရမည့်အချက်များ

. ငါးမွေးမြူရေးဆောင်းပါးများ
ဧရာဝတီတိုင်းဒေသကြီး မအူပင် နှင့်ညောင်တုန်းမြို့နယ်များသည် ရေချိုငါးမွေးမြူလုပ်ငန်းကို လွန် ခဲ့သောနှစ်ပေါင်း(၃၀)ခန်.ကစတင်မွေးမြူခဲ့ကြောင်းနှင့် မွေးမြူရေးသမားများသည် ငါးကြင်းဖြူကိုထည့်သွင်းမွေးမြူကြကြောင်းသိရှိရပါသည်။
  • ငါးကြင်ဖြူငါးသည် ဈေးကောင်းရသောငါးမျိုးဖြစ်သော်လည်းမွေးမြူ ရေးကာလ(၃)နှစ်အထိအချိန်ကြာခဲ့ကြောင်းသိရှိရပါသည်။ထို့ကြောင့်ငါးမွေးမြူသောတောင်သူများသည် ငါးကြင်းဖြူငါးမျိုးစိတ်ကို သဘာဝမှ ဖမ်းဆီးပြီးမွေးမြူကြကြောင်းကိုလည်းတင်ပြကြပါသည်။

    မအူပင် နှင့်ညောင်တုန်းမြို့နယ်များတွင် မိုးဉီးကျချိန်တွင် သဘာဝမြစ် ချောင်းများမှ ငါးကြင်ဖြူ ငါး မှုန်များကိုဖမ်းယူပြီး ငါးသန်အဖြစ်မွေးမြူကြသော ငါးမွေးတောင်သူများရှိနေကြပါသည်။ ထိုတောင်သူများနှင့်ဗီယက်နမ်းငါးလုပ်ငန်းပညာရှင်များတွေ့ဆုံဆွေးနွေးချိန်တွင် ငါးမှုန်မှ ငါးသန်အဖြစ်ဆောင်ရွက်နေသော ငါး မွေးတောင်သူများ၏ဆောင်ရွက်ချက်သည် ၆၀-၇၀ ရာခိုင်နှုံး မှန်ကန်သော်လည်း ရာနှုံးပြည့်မှန်ကန်ကောင်း မွန်စေရန်အတွက် ဆောင်ရွက်ရမည့်နည်းလမ်းများကို အောက်ပါအတိုင်း အကြံပြုဆွေးနွေးချက်ကိုတင်ပြ အပ်ပါသည်။

    ငါးမှုန်ပြုစုသောကန်များသည် အနည်းဆုံး ၀.၂၅ ဧကမှ ၀.၃၅ဧက အထိသာရှိသင့်သည့်အချက် သည် ယခုလုပ်ကိုင်နေသော တောင်သူများ၏ ကန်အရွယ်အစားနှင့်ကိုက်ညီမှု့ရှိကြောင်းသိရှိရပါသည်။ သို့သော်ကန်ပြင်ဆင်ခြင်းလုပ်ငန်းတွင် ကန်အခြောက်ခံ ထုံးပက်ခြင်းများရှိသော်လည်း ထည့်သွင်းသောထုံး ပမာဏနည်းပါကြောင်းသိရှိရပါသည်။ ဗီယက်နမ်ပညာရှင်များအကြံပေးချက်အရ တဧကလျှင် ထုံး ၁၂၃ မှ ၁၈၄ ပိဿာအထိထုံးပက်သင့်ကြောင်းတင်ပြခဲ့ပါသည်။ ကန်ပတ်လည်တွင် မြက်ပင်များလုံးဝရှင်းလင်းထား ရန်နှင့်ကန်မျက်နှာပြင် နေရောင်ခြည် ရရှိစေရန်ဆောင်ရွက်ထားသင့်ကြောင်းလည်းတင်ပြခဲ့ပါသည်။ လက် ရှိငါးမှုန်ပျိုးသူများသည် သဘာဝမှ ငါးမှုန်ရရှိချိန် ပေါ်မူတည်ပြီး ၊ ကန်အတွင်း ရေသွင်းရာတွင် ယနေ့ရေသွင်း ပြီး မနက်ဖန် ငါးမှုန်ထည့်ကြောင်းသိရှိရပါသည်။ ရေသွင်းရာတွင် ရေစစ် ကိုသုံးကြကြောင်းလည်း သိရှိရပါ သည်။ ပညာရှင်များအကြံပြုချက်အရ ကန်အတွင်းသို့ပြင်ပရေသော်လည်းကောင်း အဝီစိ တွင်းရေသော် လည်းကောင်း ရေသွင်းလျှင် သဲရေစစ်ကန်ဖြင့်ရေဖြည့်ရန်နှင့်ငါးမှုန်သားပေါက်မထည့်မှီ ၃-၄ ရက်အလို တွင် ကန်အတွင်းရေဖြည်ရန်အကြံပြုထားပါသည်။

    လက်ရှိငါးမှုန်ပျိုးတောင်သူများ၏ အဓိက ပြဿနာမှာ သဘာဝမှ ရရှိသော ငါးကြင်းဖြူငါးမှုန်များကို ချင်ခွက်ဖြင်..ဝယ်ယူပြီး မိမိကန်အတွင်း ပြုစုပျိုးထောင်ထားချိန် တလ (သို့မဟုတ်) ၄၅ ရက်အကြာတွင် မိမိကန်အတွင်းငါးများအရွယ်ခွဲခြားချိန်တွင်မလိုလားအပ်သောငါးရိုင်းများသားစားငါးများပါဝင်လာကြောင်းကို တင်ပြချက်အပေါ် ဗီယက်နမ် ငါးပညာရှင်မှ အောက်ပါအတိုင်းအကြံပြုခဲ့ကြောင်းသိရှိရပါသည်။

    သဘာဝမှဖမ်းဆီးစုဆောင်းသော ငါးမှုန်များသည် ငါးမျိုးစိတ်များစွာပါဝင်နေကြောင်း၊ ထို့ကြောင့် ရရှိသော ငါးမှုန်များကို ခွက်တခုတွင် ရေဖြင့်ထည့်ထားပါ တရက်အချိန်တွင် ငါးကြင်းအုပ်စုမှလွဲပြီး ကျန်သော ငါးမျိုးစိတ် ငါးမှုန်များသေသွားနိုင်ပါသည်။ ကျန်ရှိသော ငါးမှုန်များသည် ငါးကြင်းငါးမျိုးစိတ်ဖြစ်ကြောင်း တင်ပြ ဆွေးနွေးခဲ့ပါသည်။ ဆိုလိုသည် မှာ ငါးမှုန်ဘဝတွင် အခြားသော ငါးမျိုးစိတ်များသည် ငါးကြင်ငါးမျိုးစိတ်ထက် အောက်စီဂျင် ပိုပြီးလိုအပ်ခြင်းကြောင့် ဖြစ်ပါသည် ။ထို့ကြောင့် တရက်ကြာအချိန်တွင် အခြားငါးမျိုးစိတ်များသေဆုံးရကြောင်း ကို တင်ပြခဲ့သည်ကို သိရှိရပါသည်။

    ဦးဆန်းအောင်(ထွက်တိုး)

    ----


  • article
likes7comments0
views124views1732