cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စားသုံးကုန်အဖြစ် ဈေးကွက်ရှိနေသော ဗီလား( ခေါ်)ရေကင်းဖို/ကင်းမ (ခေါ်)ရေပိုး

. ငါးမွေးမြူရေးဆောင်းပါးများ
ပင်လယ်အခေါ် ဗီလားကောင်များမှာ ဒိုင်နိုဆောသတ္တဝါတွေရှိခဲ့စဉ်အခါ လွန်ခဲ့သောနှစ်သန်းပေါင်း (၄၅၀)ခန့်တည်းကရှိခဲ့ကြပြီး ယနေ့ထိ မျိုးသုန်းပျောက်ကွယ်မသွားသေးပါ။

  • ဗီလားကို အင်္ဂလိပ်အခေါ်မှာ Horseshoe crab (မြင်းခွာဂဏန်း) ဟုသိရပါသည်။ မြန်မာအခေါ် (သို့) အများအခေါ်မှာ ဗီလား(သို့) ကင်းဖို၊ ကင်းမ (သို့) ရေပိုးဟု ခေါ်ဆိုကြပါသည်။ ဗီလားကို ထိုင်းလို 'မိုင်းဒါး' ဟုခေါ်ကြပြီး ဗီလားဥကို 'ခိုင်မိုင်ဒါး' ဟုခေါ်ဆိုကြကာ ဥပါရင် အမဖြစ်ပါသည်။

    ဗီလားများမှာ မြင်းခွာကဏန်း(Horseshoe crab)ဟု အမည်တွင်သော်ငြား ကဏန်းမျိုးနွယ်များ မဟုတ်ကြပါ။ သို့သော်လည်း ကဏန်းတို့လို အခွံမာရေသတ္တဝါ (crustaceans) အုပ်စုတွင် 'ဗီလား' သည်လည်း ပါဝင်ပါသည်။

    ဗီလား(ခေါ်) ကင်းဖို၊ ကင်းမများကို ရေငန်ဒေသ၊ ရေချိုရေငန်စပ်ဒေသများတွင်လည်း တွေ့ရှိရတတ်ပြီး အများအားဖြင့် ပင်လယ်ပိုင်းတွင် နေထိုင်ကျက်စားတတ်ကြပါသည်။ ဘယ်တော့မှ တစ်ကောင်တည်းနေလေ့မရှိကြဘဲ (၂) ကောင်ပူးပြီးသာ နေလေ့ရှိကြပါသည်။ အမက အထီးထက် အရွယ်အစား ပိုကြီးပါသည်။

    ကင်းဖို၊ ကင်းမ (ခေါ်) ဗီလားများမှာ အောက်ချင်းငှက်ဖိုငှက်မလို၊ ကိန္နရီ ကိန္နရာ မောင်နှံလို တူစုံယှဉ်တွဲပြီး သွားလာနေထိုင် ကျက်စားလေ့ရှိကြပါသည်။ တချို့က ဗီလားမောင်နှံကို ဖမ်းမိလျှင် အထီးကို ခွာပြီး ပင်လယ်ထဲပြန်ပစ်ချကြပါသည်။ ထိုအခါမှာ အထီးကောင်က အမကို ပင်လယ်ရေနောက်ကျိသွားအောင် ပြန်ရှာတတ်ကြပါသည်။

    ယခင်က ဗီလားဥများကိုသာ စားသုံးကုန်အဖြစ် ဈေးကွက်ရှိပြီး ယခုနောက်ပိုင်းတွင်မူ အသားရော ဥပါ လူကြိုက်များလာကြပါသည်။ ဗီလာများမှာ အထီးနဲ့အမ အမြဲတွဲနေသောကြောင့် အမကိုဖမ်းပြီးရောင်းကြပါသည်။ အမအကောင်(၁၀၀)တွင် အထီးတစ်ကောင်ရှိခဲလှသည်။ အမပေါ၍ အထီးရှားပါသည်။ ဗီလားအမအခွံရဲ့ ပတ်လည်တွင် ဥတွေ အပြည့် ပါရှိပါသည်။ ဗီလားဥကို ထိုင်းမှာ လူကြိုက်များပြီး သရက်သီးနှင့် သုပ်စားကြပါသည်။ ဗီလားကောင်များကို တရုတ်၊ ထိုင်းတို့မှ အများဆုံးဝယ်ယူကြပြီး ဈေးကောင်းရရှိသော ရေသတ္တဝါလည်း ဖြစ်သည်။

    အထီးမှာ အမထက် အလေးချိန်ပိုနည်းပြီး များသောအားဖြင့် အမတွေမှာ ဥတွေနှင့် လေးလေးပင်ပင်ရှိသောကြောင့် ကိုင်တာနှင့် အထီးအမ ခွဲခြားနိုင်ကြပါသည်။ ဗီလားဥ(၁) ကီလို (၆၀) ကျပ်သားရဖို့ ဗီလားအမ အကောင်(၃၀)လောက် ခွဲရပါသည်။ ဥမှာ သာကူစေ့အရွယ် အဝါရောင်ရှိပြီး ဆိမ့်သောအရသာရှိသည်။ ဗီလားဥကို စားသုံးပါက အကြောအချင်တက်တာကို သက်သာစေသည်ဟု သိရပါသည်။

    ဗီလားတွေရဲ့ ရှည်လျားပြီး ပါးလွှာချွန်ထက်နေတဲ့အမြီးကြောင့် အန္တရာယ်ရှိတဲ့ ပင်လယ်ရေသတ္တဝါအဖြစ် မြင်ကြပေမယ့် အမှန်တကယ်တော့ သူတို့ရဲ့အမြီးမှာ အဓိကအားဖြင့် သူတို့ပက်လက်လှန်သွားတဲ့ အချိန်မှာ တဖန်ပြန်မှောက်ကာနဂိုအနေအထားကို ရှိဖို့အတွက်ပဲ အသုံးပြုလို့ ရပါသည်။

    ငါးဖမ်းပိုက်ကြားတွင်ပါလာတတ်သော ဗီလားများမှာ အမြီးနှင့်ထိုးတတ်သည့်အတွက် ဖမ်းရခက်သည့် ရေသတ္တဝါလည်းဖြစ်သည်။ အနုမြူမီးချောင်းများဖြင့် ဗီလားများကို ထောင်ဖမ်းကြသည်ဟု သိရပါသည်။ အရွယ်အစားအမျိုးမျိုးရှိကြပြီး ဗီလားအနေတော်(၁)ကောင်လျှင် (၅၀၀၀-၆၀၀၀)ကျပ် ဝန်းကျင်ဈေးရှိကြသည်။ ဗီလားများမှာ ငါးငယ်၊ ကဏန်းပေါက်၊ ပင်လယ်ရေမှော်တို့ကို သူတို့၏အစာအဖြစ် စားသုံးကြပြီး အသက်ရှင်နေထိုင်ကြပါသည်။

    ဗီလားများရဲ့သွေးမှာ အလွန်အဖိုးတန်လှပါသည်။ အရှားပါးဆုံးသွေးကို ပိုင်ဆိုင်ထားကြပြီး သူတို့ရဲ့သွေးမှာ အပြာရောင်(blue blood) ဖြစ်ပါသည်။ ဗီလားရဲ့သွေးကို လူသားများ၏ သွေးနှင့် တိရစ္ဆာန်များ၏ သွေးထဲမှ ဘက်တီးရီးယားများကို ရှာဖွေစစ်ဆေးရာတွင် အသုံးပြုတဲ့ ဘက်တီးရီးယားပိုးမွှားများ သန့်စင်ဆေးထုတ်ရာတွင် ဗီလားသွေးကို အသုံးပြုကြသည်ဟု မှတ်ရဖူးပါသည်။

    ထိုသာမက မြန်မာအယူအရ ဗီလားအမြီးကို သံပုရာသီးမှာ ထိုးလိုက်၊ လူ့ခြေထောက်မှာ တစက်စက်ထိုးခြင်းဖြင့် ကြွက်တက်တာ၊ အကြောတက်တာ ပျောက်ကင်းစေနိုင်သည်ဟု အဆိုရှိကြပါသည်။ ဗီလားရဲ့ အခွံမာကိုလည်း မြင်း၊ နွားတွေရဲ့ခွာမှာ ကပ်ပြီးတော့လည်း အသုံးပြုနိုင်ကြပါသည်။ အနောက်နိုင်ငံတွေမှာ ဗီလားကို မကောင်းဆိုးဝါးတွေ အိမ်မှနှင်ထုတ်ပေးနိုင်တဲ့ အကောင်တစ်မျိုးအဖြစ် အယူရှိကြပြီး တချို့အိမ်တွေမှာ မွေးထားကြကြောင်း သိရပါသည်။

    သို့ပါသောကြောင့် Horseshoe crab ဟုအမည်တွင်သော အခွံမာရေသတ္တဝါ ဗီလားများမှာ လူ့အကျိုးပြုရေသတ္တဝါ ဖြစ်ပါကြောင်းကို လေ့လာရေးသားလိုက်ရပါသည်။

    ရေးသားသူ- နှင်းဖြူဖြူ (DOF)

    ----


  • article
  • article
  • article
  • article
7 ကြိုက်
82 ကြည့်ရှု