cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သင်္ကြန်နီးလာသော်လည်း ကောက်ညှင်းဆန်များ အရင်လောက် ရောင်းမကောင်းဖြစ်နေ

. ဈေးကွက်
သင်္ကြန်ကာလ နီးလာပေမယ့် ကောက်ညှင်းဆန်တွေဟာ အရင်လောက် ရောင်းအားမကောင်းဘူးလို့ ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူတွေဆီက သိရပါတယ်။
  •       ကောက်ညှင်းဆန်ကို မြန်မာ့ရိုးရာ သရေစာမုန့်အများစုထဲ ထည့်သွင်းအသုံးပြုလေ့ရှိရာ နှစ်စဉ် သင်္ကြန်အကြိုကာလတွေမှာ ရောင်းအားကောင်းလေ့ရှိခဲ့ပေမယ့် ယခုနှစ်မှာတော့ ထင်သလောက် မရောင်းရဘူးလို့ ဆိုပါတယ်။ 


          “သင်္ကြန်နား နီးလာတော့ ပုံမှန်ကာလတွေထက်တော့ ပိုရောင်းရတယ်။ဒါပေမဲ့ ကိုဗစ်မတိုင်ခင်ကာလတွေတုန်းကလို ရောင်းအားမကောင်းဘူး၊ လာဝယ်တဲ့သူတွေ များပေမယ့်လည်း နည်းနည်းပါးပါးပဲ ဝယ်ကြတယ်၊ အရင်တုန်းကလို အိတ်လိုက်ဝယ်တဲ့သူရှားတယ်၊ တစ်ပြည်၊ နှစ်ပြည်လောက်ပဲ လာဝယ်ကြတယ်၊ တချို့ဆို နို့ဆီဗူး နှစ်ဗူး၊ သုံးဗူး ဝယ်တဲ့သူတောင်ရှိတယ်၊ ကုန်စျေးနှုန်းတွေကကြီးပြီး ဝင်ငွေကလည်းမကောင်းတဲ့ အချိန်ဆိုတော့ ချွေတာသုံးကြတာ ထင်ပါတယ်” လို့ လှိုင်သာယာမြို့နယ်မှ ဆန်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။ 


          သင်္ကြန်အကြိုကာလ စျေးကွက်ထဲမှာ ကောက်ညှင်းဆန် အမျိုးအစားနဲ့ အသစ်အဟောင်းပေါ်မူတည်ပြီး ဆန်တစ်ပြည်ကို ကျပ် ၅၀၀၀ နဲ့အထက် စျေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။ 


    ကောက်ညှင်းဆန်ဟာ ပြည်တွင်းစျေးကွက်အတွင်းမှာ ပုံမှန်အရောင်းအဝယ်ဖြစ်လေ့ရှိပေမယ့် နှစ်စဉ် သင်္ကြန်ကာလနဲ့ ဝါဝင်၊ ဝါထွက် ကာလတွေမှာ အလှူအတန်းပြုလုပ်သူနဲ့ ရိုးရာမုန့်လုပ်စားသူများတဲ့အတွက် ပိုမိုရောင်းအားကောင်းလေ့ရှိတဲ့အချိန်ဖြစ်ပါတယ်။ 


    002

    ဤဆောင်းပါးကို Opinion Leaders မှကူးယူဖော်ပြပါသည်.

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes6comments0
views47views1317