cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

၃.၄.၂၀၂၃ မှ ၇.၄.၂၀၂၃ ရက်နေ့ထိ ဈေးကွက်သုံးသပ်ချက်

. ဈေးကွက်
သင်္ကြန်ပိတ်ရက်ကာလရောက်တော့မှာ ဖြစ်လို့ ကုန်စည်ဒိုင်အများစု အရောင်းအဝယ် အေးပြီး ဈေးတွေ လည်း အေးနေပါတယ်။
  • မတ်ပဲ

    မတ်ပဲကတော့ ဆက်တိုက်ဈေးမြင့်တက်နေရာက ဒီတစ်ပတ်မှာတော့ ဈေးတွေ အနည်းငယ်ပြန်ကျဆင်း သွားပါတယ်။ပွဲတော်ကာလ ပိတ်ရက်ရှည်ကြောင့် ပဲတွေ ထုတ်ရောင်းနေမှုတွေ ရှိနေတဲ့အတွက် ဈေးက အနည်းငယ်ပြန်ကျဆင်းသွားတာလို့ ကုန်သည်အချို့က ဆိုပါတယ်။

    မတ်ပဲက အိန္ဒိယနိုင်ငံမှာ လည်း ဈေးတွေ က မြင့်တက်နေခဲ့တာ ဖြစ်ပြီး ဆက်တက်နိုင်မယ့် အခြေအနေ ရှိနေပေမယ့် ပဲဈေးမြင့်တက်မှု ကို အိန္ဒိယအစိုးက စောင့်ကြည့်နေတာ ဖြစ်လို့ ပဲဈေးက ယာယီဈေး အေးနိုင်ခြေရှိတယ်လို့လည်း အိန္ဒိယ သတင်းတွေ မှာ ဖော်ပြထားပါတယ်။

    မြန်မာပြည်တွင်းမှာတော့ မဖြစ်မနေ ထုတ်ရောင်းနေမှုသာ ရှိနေပြီး အများစုကတော့ ဈေးစောင့်ကြည့် ရောင်းချနေတဲ့အခြေအနေ ရှိနေတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(FAQ/RC) တစ်တန်ကို ၂၀၅၅၀၀၀ ပေါက်ဈေးရှိပီး ၁၀၀၀၀ လောက်သာ ကျဆင်းသွားပါတယ်။

    မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၂၀၀၀၀၀ ကနေ ၂၀၁၀၀၀ ပေါက်ဈေးရှိပြီး အတက်ဈေးနဲ့ ငြိမ်နေပါတယ်။

    မုံရွာဈေးကွက်၊အောင်လံဈေးကွက်၊မော်လမြိုင်ဈေးကွက်၊ပြည်ဈေးကွက် တို့မှာ မတ်ပဲ က တစ်တင်း ကို ၆၄၅၀၀ ကနေ ၆၇၀၀၀ ကြားပေါက်ဈေးရှိပြီး ဈေးအေးပါတယ်။

    ပိတ်ရက်ကာလ နီးနေပြီ ဖြစ်လို့ အရောင်းအဝယ်တွေလည်း အေးနေပြီး ဈေးလည်း အေးနေပါတယ်။

    ပဲစင်းငုံနီ

    ပဲစင်းငုံနီကတော့ ဈေးတက်ပါတယ်။ပြည်တွင်းမှာတော့ ပဲလက်ကျန်မရှိတော့ပါဘူး။ကုန်သည်အကြား အရောင်း အဝယ် သာ ရှိနေပြီး ဈေးကလည်း ကြိုက်ရောင်းကြိုက်ဝယ်အခြေအနေ ဖြစ်နေတာ ကာလ အချို့ ရှိနေပြီ လို့ ကုန်သည်အများစုက ဆိုပါတယ်။

    ပြီးခဲ့တဲ့ အပတ်က အိန္ဒိယအစိုးရ က ပဲစင်းငုံနီ ဈေး မြင့်တက်နေမှုနဲ့ပတ်သတ်ပြီး သိုလှောင် ရောင်းချတာတွေကို စောင့်ကြည့် ကြပ်မတ်မယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် ပြည်တွင်းလိုအပ်ချက်တွေ ရှိနေပြီး ပြည်ပကနေ လည်း အဝင်နည်းနေတာ ဖြစ်လို့ ပဲဈေးက အေးပေမယ့် ကျဆင်းသွားတာမျိုးတွေမရှိဘူးလို့ အိန္ဒိယသတင်း တစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

    အထွက်နှုန်းလျော့တဲ့အပြင် လက်ကျန်လည်းမရှိတာ ဖြစ်လို့ ပဲစင်းငုံနီကတော့ ကျရိပ်မရှိဘူးလို့ ကုန်သည်ကြီး အချို့ကတော့ ခန့်မှန်းထားပါတယ်။

    ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၂၃၈၀၀၀၀ နီးပါး ပေါက်ဈေးရှိပြီး တစ်တန်ကို ၈၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။

    မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၂၈၀၀၀ ရှိပြီး အတက်ဈေးနဲ့ ရှိနေပါတယ်။

    နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊မုံရွာ နှင့် အောင်လံဈေးကွက်မှာတော့၇၄၅၀၀ ကနေ ၇၅၅၀၀ ကြား ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀လောက်ဈေးကျဆင်းသွားပေမယ့်အရောင်းအဝယ်ကတော့ မရှိဘူးလို့ သိရပါတယ်။

    ကုလားပဲ

    ကုလားပဲဈေးကတော့ တစ်ပတ်အတွင်း အတက်အကျတည်ငြိမ်မရှိပေမယ့် ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တော့ အနည်းငယ်ဈေးပြန်မြင့်တက်လာပါတယ်။ပိတ်ရက်မတိုင်ခင် ပြည်ပကနေ ကုလားပဲ အဝင်လည်း နည်းသွားသလို ပြည်တွင်း ကုလားပဲကလည်း လက်ကျန်နည်းပြီး အဝယ်သွက်နေတာလို့ ကုန်သည် အချို့က ဆိုပါတယ်။

    ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူ က တစ်ပိဿာ ကို ၃၅၈၀ ကနေ ၃၆၂၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၃၆၀၀ ကနေ ၃၆၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲခြမ်းကတော့တစ်ပိဿာကို ၄၆၀၀ ကနေ ၄၈၀၀ ပေါက်ဈေးရှိပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်အိတ် ကို ၁၉၈၀၀၀ ကနေ ၂၀၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ၊ကုလားပဲ(ဗွီဆဲဗင်း)ကလည်း တစ်အိတ်ကို ၂၀၆၀၀၀ ကနေ ၂၀၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ကုလားပဲ ၉၂၉ ကတော့တစ်အိတ်ကို ၂၀၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကုလားပဲ(ဗွီတူး)ကလည်း တစ်အိတ်ကို ၂၀၇၀၀၀ ကနေ ၂၀၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်အသီးသီး ဈေးမြင့်တက်လာပါတယ်။

    မုံရွာဈေးကွက်မှာလည်း ကုလားပဲ(ဗွီတူး)အသစ်ကတော့ တစ်တင်းကို ၆၉၀၀၀ ကျပ်ရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ် ၊ကုလားပဲ(၉၂၉) အသစ် တစ်တင်းကို ၆၇၅၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ်၊ကုလားပဲ(ထိုင်ဝမ်)က တစ်တင်းကို ၆၇၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။

    ပြောင်းဆံ

    ပြောင်းဆံဈေးကတော့ ပြီးခဲ့တဲ့အပတ်ကလည်းက အနည်းငယ်ဈေးတွေ ပြန်မြင့်တက်လာပါတယ်။ နိုင်ငံခြာငးငွေလဲလှယ်နှုန်းဈေး မြင့်တက် နေတဲ့အပြင် ထိုင်းဘက်က အဝယ်သွက်နေတဲ့ အတွက် ဈေးတွေ မြင့်တက်နေတာလို့ သိရပါတယ်။ထို့ပြင် မြဝတီနယ်စပ်ဂိတ် အခြေအနေအရ မတည်ငြိမ်မှု တွေကြောင့် ပို့ဆောင်စရိတ် သယ်ယူစရိတ်မြင့် တက်နေတာ တွေကြောင့် ဈေးကလည်း မြင့်တက် လာတာဖြစ်ပါတယ်။

    ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံက တစ်ပိဿာကို ၁၂၀၀ ကနေ ၁၂၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေးတက်လာပါတယ်။

    မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းက တစ်အိတ်ကို ၆၁၀၀၀ ကနေ ၆၂၀၀၀ ကြား ရှိပြီး တစ်အိတ်ကို ၁၀၀၀ လောက်ဈေးတက်လာပါတယ်။အခြား ဗမာပြောင်းရှမ်းပြောင်းတို့ကလည်းတစ်အိတ်ကို ၅၉၀၀၀ ကနေ ၆၂၀၀၀ ကြားပေါက်ဈေးရှိနေပါတယ်။

    ကြက်ဆူ

    ကြက်ဆူဈေးကတော့ မြင့်တက်လာပါတယ်။ဈေးကွက်ထဲ အရောင်းအဝယ်သိပ်မရှိခဲ့ပေမယ့် အလှဆီအသုံးပြုမှု အပြင် အခြား အစားထိုး ဆီတွေ အသုံးပြုဖို့အတွက် ဝယ်ယူမှုတွေ ရှိလာပြီး ဈေးတွေ မြင့်တက်လာတယ်လို့ သိရပါတယ်။လက်ရှိဈေးကွက်ထဲ အဝင်ရှိနေတယ်လို့သိရပါတယ်။

    မန္တလေးဈေးကွက်မှာ ကြက်ဆူတစ်အိတ်ကို ၁၂၇၀၀၀ ကနေ ၁၂၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ တစ်လအတွင်း တစ်အိတ်ကို ၅၀၀၀၀ နီးပါးဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။

    ပခုက္ကူဈေးကွက်မှာလည်း တစ်ပိဿာကို ၃၅၀၀ ထိပေါက်ဈေးရှိနေပါတယ်။

    AMIA

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes
3
comments
0
views
1619