cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နှမ်းဖိုရောဂါ

. ပိုးမွှား
Phyllody

Mycoplasma

ကျရောက်သည့်အချိန်။

ဖြုတ်ညိုကျရောက်မှုများပါက ဤရောဂါဖြစ်ပေါ်တတ်ပါသည်။

  • ရောဂါလက္ခဏာ။

    အရွက်သေးငယ်ခြင်း၊ ဆစ်ကြားတိုခြင်း၊ကြားဖူးများမှ မူမမှန်ပန်းခိုင်များစွာထွက်ခြင်း၊ အပွင့်အင်္ဂါအစိတ်အပိုင်းများအစိမ်းရောင်ဖြစ်ခြင်းတို့ကို တွေ့မြင်နိုင်ပါသည်။ နှမ်းခင်းအား အဝေးမှကြည့်ပါက ထိပ်ဖျားတွင် အထက်ပါလက္ခဏာများကြောင့် အဆုပ်လိုက်အဆုပ်လိုက် အပွင့်အရောင်မရှိဘဲ အစိမ်းရောင်ကို တွေ့မြင်နိုင်ပါသည်။

    ကူးစက်ပျံ့နှံ့ခြင်း

    နှမ်းဖိုရောဂါသည် ပင်ရည်ဖြင့် မကူးစက်နိုင်ပါ။ ကိုင်းကူးနည်းဖြင့်သာကူးစက်နိုင်ပါသည်။ မျိုးစေ့ဆောင်အဖြစ် မတွေ့ရပါ။ ဤရောဂါသယ်ဆောင်ကောင်မှာ ဖြုတ်ညို(Orosius albicinetus) ပိုးဖြစ်သည်။ ရောဂါဖြစ်စေ မိုက်ကိုပလပ်စမာသည် အဓိကအားဖြင့် အပူချိန်ပေါ်တွင်မူတည်၍ သယ်ဆောင်ကောင်၏ ခန္ဓာကိုယ်တွင် (၁၅) ရက်မှ (၆၃) ရက်ကြာ ခိုအောင်းပြီးမှ ရောဂါကူးစက်စွမ်းအားရှိသည်။ ရောဂါရအပင်တွင်း၌မူ (၁၃) ရက်မှ (၆၀) ရက်ကြာမှ ရောဂါလက္ခဏာကို ဖြစ်ပေါ်စေသည်။

    ကာကွယ်နှိမ်နင်းနည်း

    (၁) နှမ်းပင်ငယ်စဉ်တွင် ဖြုတ်ပိုးကို 200 cc per ac, Phenthoate 500cc per ac ဖြင့် ပက်ဖြန်းကာကွယ်ပါ။

    (၂) စောစောစိုက်ခြင်းကို ရှောင်ပါ။

    စိုက်ပျိုးရေးဦးစီးဌာန

    ----


  • article
likes
13
comments
0
views
3103