cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အရိုးကွဲအစေးထွက်ရောဂါ

. ရောဂါ
ဖရဲ၊သခွားစိုက်တောင်သူကြီးများသတိပြုမိစေရန် မျှဝေလိုက်ပါသည်။

Didymella bryoniae မှိုကြောင့် ဖြစ်ပွားတဲ့ရောဂါဖြစ်ပါသည်။
  • ဖရဲပင်၊သခွားပင်တို့ရဲ့ အဆစ်အနီးအနားတွေမှာ အနွယ်တွေ၊ပင်စည်တွေကွဲထွက်စေပြီး အညိုရောင်အစေးတွေထွက်လာစေသည့် လက္ခဏာရှိပါသည်။ ထို့အပြင် အရွက်တွေ၊အသီးတွေမှာလည်း ရောဂါဖြစ်ပွားနိုင်ပြီး အထွက်နှုန်းထိခိုက်စေပါသည်။ အရွက်မှာဆိုရင် အနက်ရောင်စက်ဝိုင်းပုံရွက်ပြောက်တွေ စတင်ဖြစ်ပေါ်ပြီး တစ်ရွက်လုံးကို လျင်မြန်စွာကူးစက်ပါသည်။ အသီးမှာဆိုရင် ရေစိုနာကွက်လေးများစတင်ဖြစ်ပေါ်ပြီး အညိုကွက်ကြီးများအဖြစ်သို့ပြောင်းကာ အသီးများကိုပုပ်စေပါသည်။တခါတရံ အသီးများကွဲကာ အစေးများထွက်သည့်လက္ခဏာပါပြတတ်ပါသည်။

    ဘာကြောင့်ဒီရောဂါဖြစ်ပွားပါသလဲ။

    -စိုက်ခင်းကို ရေသွင်းများခြင်း

    -မိုးမကြာခဏမိခြင်း

    -စိုက်ခင်းရေသွင်းရေထုတ်စနစ်မကောင်းမွန်ခြင်း

    -အပူချိန်မြင့်မားခြင်း

    စသည့် အထက်များအချက်များ ပေါင်းဆုံသွားချိန်မှာ Didymella bryoniae အမည်ရှိမှိုပေါက်ပွားမှုစတင်ကာ အရိုးကွဲအစေးထွက်ရောဂါကို စတင်ဖြစ်ပွားစေပါတော့သည်။ ဖရဲ၊သခွားပျိုးပင်အဆင့်မှာပါ ဖြစ်ပွားနိုင်သည်ဟု မှတ်သားရပြန်ပါသေးသည်။

    ကူးစက်နိုင်ပါသလား။

    -မျိုးစေ့မှတဆင့်ကူးစက်နိုင်သည့်အပြင်၊ရောဂါဖြစ်စေသော မှိုစပိုးများသည် လေနှင့်အတူမျောပါကာ တိုင်းကျော်ပြည်ကျော် ရောဂါကူးစက်နိုင်စေပါသည်။

    -ရေသွင်းခြင်း၊မိုးရွာခြင်းတို့ဖြင့် ‌ရောဂါဖြစ်စေသောမှိုစပိုးများပြန့်နှံ့ကာ စိုက်ခင်းအတွင်းကူးစက်မှုဖြစ်ပေါ်ပါသည်။

    -ရောဂါဖြစ်ပွားထားသည့်ဖရဲ၊သခွားစိုက်ခင်းအကြွင်းအကျန်တွေမှာသာမက ဗူး၊ဖရုံ၊သခွားမျိုးစိတ်တွေရဲ့အပင်အကြွင်းအကျန်တွေဆီမှာပါ မှိုစပိုးများဟာ နှစ်ပေါင်းများစွာခိုအောင်းအသက်ရှင်နေနိုင်ပါသည်။

    -ထို့အပြင် အရိုးကွဲအစေးထွက်မှိုဟာ ပဲသီး၊ရုံးပတီ၊ခရမ်းချဉ် နဲ့ ဆေးရွက်ကြီးမှာပါ ကျ‌ရောက်နိုင်ပါသည်။ ထိုအပင်တွေက သူတို့အပင်ခန္ဓာမှာ‌ရောဂါဖြစ်ခွင့်မပေးရင်တောင်မှ အရိုးကွဲအစေးထွက်ဖြစ်စေတဲ့မှိုတွေဟာသေဆုံးမသွားပဲ အဲဒီအပင်တွေထံမှာ ဆက်လက်ရှင်သန်နေနိုင်ပါသည်။

    -ဖရဲ၊သခွားအစေ့ရွက်ထွက်ခါစ နဲ့ ပျိုးပင်ငယ်အဆင့်မှာလည်း ရောဂါကျရောက်နိုင်ပါသည်။

    ကာကွယ်လို့ရမလား။

    -ရောဂါကင်းတဲ့မျိုးစေ့စိုက်ပါ။‌ရောဂါကင်းကြောင်းအာမခံတဲ့ မျိုးစေ့ကုမ္ပဏီထံမှဝယ်ပါ။

    -ပျိုးပင်ဘဝမှာကတည်းက ရောဂါလက္ခဏာကို ပုံမှန်စစ်ဆေးပါ၊ရောဂါရအပင်နဲ့ အနီးနားအပင်တွေကို ဖယ်ရှားပါ။

    -ရောဂါရစိုက်ခင်းမှာ အပင်အကြွင်းအကျန်တွေဆွေးမြေ့ပျက်စီးအောင် ထယ်ရေးနက်နက်ထိုးပါ။

    -နှံစားသီးနှံများ၊ပြောင်း တို့နှင့် (၂) နှစ်အထက်သီးလှည့်စိုက်ပျိုးပါ။

    ကုသလို့ရမလား။

    ပတ်ဝန်းကျင်အခြေနေက မှိုစပိုးစတင်ပေါက်ပွားဖို့အားပေးနေပြီဆိုရင်တော့ မှိုသတ်ဆေးအသုံးပြုဖို့လိုအပ်ပါသည်။ မှိုသတ်‌ဆေးအသုံးပြုရာမှာ သတိပြုရမှာကတော့ ဆေးအဆိပ်အမျိုးမျိုးနဲ့ တစ်လှည့်စီအသုံးပြုဖို့ပင်ဖြစ်ပါသည်။ အရိုးကွဲအစေးထွက်ရောဂါအတွက်အသုံးပြုနိုင်မယ့် ဆေးအဆိပ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။

    -Potassium phosphite + Tebuconazole

    -Difenoconazole + Cyprodinil

    -Fluopyram + Tebuconazole

    -Fluopyram + Trifloxystrobin

    -Penthiopyrad

    -Cyprodinil + Fludioxonil

    -Potassium phosphite + Chlorothalonil

    -Fluxapyroxad + Pyraclostrobin

    -Pyraclostrobin + Boscalid

    -Chlorothalonil

    Reference: https://content.ces.ncsu.edu/gummy-stem-blight-and-phoma...


  • article
likes15comments0
views188views2594