cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အရည်အသွေးကောင်း အိတ်စွပ် စိန်တလုံး သရက်သီးများ ဈေးကောင်းပေး ဝယ်မည်

. ဈေးကွက်
အိတ်စွပ် အရည်အသွေးမီ စိန်တလုံး သရက်သီးများကို အရွယ်အစား အလိုက် ၂၅၀-၃၀၀ဂရမ်၊ ၃၀၀-၃၅၀ဂရမ်၊၃၅၀-၄၀၀ဂရမ်၊၄၀၀- ၄၅၀ ဂရမ်အရွယ် သရက်သီး များကို တစ်တန်လျှင် ၁၀ သိန်း ဝန်းကျင်ခန့်ဖြင့် ဝယ်ယူမည်ဖြစ် ကြောင်း သိရသည်။
  • အရည်အသွေးကောင်း အိတ် စွပ် စိန်တလုံးသရက်သီးများကို အရည်အသွေးအလိုက်ဈေးကောင်း ပေးဝယ်မည်ဖြစ်ကြောင်း သဇင်နွယ် သရက်ခြံမှ သိရသည်။

    ပို့ကုန် စိန်တလုံး သရက်သီး အဖြစ် စင်ကာပူနိုင်ငံသို့ တင်ပို့နိုင်ရန် သဇင်နွယ် သရက်ခြံမှ မန္တလေး၊ စစ်ကိုင်းဒေသများမှ ထွက်ရှိသော အိတ်စွပ် အရည်အသွေးမီ စိန်တလုံး သရက်သီးများကို အရွယ်အစား အလိုက် ၂၅၀-၃၀၀ဂရမ်၊ ၃၀၀-၃၅၀ဂရမ်၊၃၅၀-၄၀၀ဂရမ်၊၄၀၀- ၄၅၀ ဂရမ်အရွယ် သရက်သီး များကို တစ်တန်လျှင် ၁၀ သိန်း ဝန်းကျင်ခန့်ဖြင့် ဝယ်ယူမည်ဖြစ် ကြောင်း သိရသည်။

    ယခင်နှစ်က အရည်အသွေး ကောင်း စိန်တလုံးသရက်သီး တစ်တန်လျှင် ငွေကျပ် ၉ သိန်းခွဲ ခန့် ရောင်းချခဲ့ရပြီး ယခုနှစ်တွင် သရက်သီးထွက်နှုန်းကျဆင်းမှု ကြောင့် ယခင်နှစ်ထက် ဈေးပိုမို ရရှိရန် တောင်သူများ မျှော်လင့် ထားသည်။

    စိန်တလုံးသရက်သီးကို တရုတ် နယ်စပ်သို့ တိုက်ရိုက်ရောင်းချ ခြင်း၊ ပြည်တွင်း စူပါမားကတ် ဈေးကွက်၊ နိုင်ငံခြားပို့ကုန်အဖြစ် တင်ပို့ရောင်းချခြင်းဖြစ်ရာ ဒေသ အလိုက် စိန်တလုံးသရက်သီးကို အိတ်စွပ်ခြင်း၊အပင်ပိုးမွှားကင်းရှင်း အောင် ဆောင်ရွက်ခြင်း၊ အမှန် တကယ် ရင့်မှည့်မှသာလျှင် တင်ပို့ ရောင်းချသင့်ပြီး နာမည်ကောင်း ရရှိထားသည့် သရက်သီးဈေးကွက် ကို မရင့်မှည့်ခင် ဆေးတို့ပြီး ရောင်းချမှုများကြောင့် နှစ်စဉ် ဈေးကွက် ပျက်လေ့ရှိကြောင်း သိရသည်။

    ရွှေမန်း

    ဤဆောင်းပါးကို မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes10comments0
views139views2137