cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁ ဘီလီယံ ရရှိရေး ဆန်စပါးအသင်းချုပ် ရည်မှန်း

. သတင်းစုံ
ပြည်ပနိုင်ငံတွေထံ ရောင်းချနေတဲ့ မြန်မာ့ဆန် တင်ပို့မှုပုံစံကို ပြောင်းလဲဖို့ ရည်ရွယ်ထားပြီး အရည်အသွေးမြင့်မားတဲ့ စပါးမျိုးတွေကို အာရုံစိုက်ကာ (၃) နှစ်အတွင်း ဆန်တင်ပို့မှုကို နှစ်ဆတိုးမြှင့်နိုင်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
  • ဧပြီ ၁ ရက်နေ့မှာ စတင်တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံတွေထံ ဆန်/ဆန်ကွဲ တင်ပို့ခြင်းကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁) ဘီလီယံ ရရှိဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ရည်မှန်းထားပါတယ်။

    ဆန်/ဆန်ကွဲ တန်ချိန် (၂.၅) သန်း တင်ပို့ရောင်းချနိုင်ဖို့ ရည်ရွယ်ထားကြောင်း MRF ရဲ့ ဆန်ပြည်ပတင်ပို့မှုနဲ့ ပို့ကုန်ဝင်ငွေ ရရှိမှုအခြေအနေ သတင်းထုတ်ပြန်ချက်အတွင်း ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံက ထွက်ရှိတဲ့ ဆန်/ဆန်ကွဲကို တရုတ်က တန်ချိန် (၇) သိန်းခွဲကျော်အထိ အများဆုံးဝယ်ယူထားပြီး ဥရောပနိုင်ငံတွေဖြစ်တဲ့ ဘယ်(လ)ဂျီယံ၊ ပိုလန်နဲ့ စပိန်တို့က တန်ချိန် (၅.၅) သိန်းကျော်၊ ဘင်္ဂလားဒေ့ရှ်က တန်ချိန် (၂.၄) သိန်းနီးပါးနဲ့ ဖိလစ်ပိုင်က တန်ချိန် (၂) သိန်းအထိ ထိပ်သီးတင်သွင်းသူတွေအဖြစ် ရပ်တည်ခဲ့ပါတယ်။

    ဆန်တင်ပို့မှုကဏ္ဍကို နှစ်စဉ် (၁၀) ရာခိုင်နှုန်း တိုးတက်ရေး ကြိုးပမ်းဆောင်ရွက်နေပြီး ပို့ကုန်ဝင်ငွေ တိုးတက်ရရှိရေးအတွက် တန်းမြင့်ဆန်တင်ပို့နိုင်ရေးကို အားထည့်လုပ်ဆောင်နေတယ်လို့ MRF က ပြောပါတယ်။

    ပြည်ပနိုင်ငံတွေထံ ရောင်းချနေတဲ့ မြန်မာ့ဆန် တင်ပို့မှုပုံစံကို ပြောင်းလဲဖို့ ရည်ရွယ်ထားပြီး အရည်အသွေးမြင့်မားတဲ့ စပါးမျိုးတွေကို အာရုံစိုက်ကာ (၃) နှစ်အတွင်း ဆန်တင်ပို့မှုကို နှစ်ဆတိုးမြှင့်နိုင်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

    တရုတ်၊ ဥရောပ နဲ့ ဖိလစ်ပိုင်ကဲ့သို့ အရှေ့တောင်အာရှနိုင်ငံအချို့ရဲ့ တိုးတက်လာတဲ့ ဝယ်လိုအားတွေကြောင့် တင်ပို့မှုတိုးမြင့်ဖို့ ဆောင်ရွက်ရခြင်းဖြစ်ပြီး ၂၀၂၅ တွင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံအထိ နှစ်ဆနီးပါးရှိလာမယ်လို့ မျှော်လင့်ထားပုံရပါတယ်။

    သတင်း - BETV Business

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes9comments0
views81views1798