cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

လယ်မြေတွင်သီးနှံပြောင်းလဲစိုက်ပျိုးရန် လျှောက်ထားပုံအဆင့်ဆင့်

. ငွေကြေးစီမံ
ဆန်စပါးစိုက်ပျိုးတဲ့ လယ်ယာမြေများနှင့် သီးနှံ စိုက်ပျိုးတဲ့မြေတွေမလျော့ပါးစေရန်အတွက် ရာသီသီးနှံစိုက်ပျိုးနေရာက နှစ်ရှည်ပင်တွေပြောင်းလဲစိုက် ပျိုးလိုတဲ့အခါမှာ လယ်ယာမြေကို မူလရာသီသီးနှံအမျိုးအစားမှ နှစ်ရှည်ပင်အမျိုးအစားသို့ ပြောင်းလဲစိုက် ပျိုးခွင့်ပြုနိုင်ရန် လျှောက်ထားရပါမှာဖြစ်ပါတယ်။
  • - စပါးစိုက်သောမြေဖြစ်တဲ့ လယ်မြေမှသီးနှံပြောင်းလဲစိုက်ပျိုးခြင်း နှင့် လယ်မြေမဟုတ်သော လယ်ယာမြေမှသီးနှံပြောင်းလဲစိုက်ပျိုး ခြင်းဆိုပြီး(၂)မျိုးရှိပါတယ်။

    - ပထမဆုံးမိမိတို့၏ လယ်ယာမြေ မှာ မူလရာသီသီးနှံအမျိုးအစားမှ နှစ်ရှည်ပင်အမျိုးအစားသို့ ပြောင်းလဲစိုက်ပျိုးခွင့်ပြုဖို့ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ သွာရောက်လျှောက်ထားရမှာဖြစ်ပါတယ်။

    - မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှလည်း လျှောက်ထားချက်အား လယ် ယာမြေကို မူလရာသီအမျိုးအစားမှ နှစ်ရှည်ပင်အမျိုးအစားသို့ ပြောင်းလဲစိုက်ပျိုးခွင့် လုပ်ငန်းစာတွဲ ဖွင့် လှစ်ပေးမှာဖြစ်ပါသည်။ ပြီးနောက် အောက်ပါအချက်အလက်များကို စိစစ်မှာဖြစ်ပါတယ်။

    (က) လျှောက်ထားသူနှင့်ပတ်သက်သည့်အကြောင်းအရာ၊

    (ခ) လျှောက်ထားမြေရဲ့ ဦးပိုင်အလိုက်၊ မြေမျိုးကြီးနှင့် မြေမျိုးအတန်း၊

    (ဂ) လက်ရှိမြေအတန်းအစားနှင့် ရေရရှိနိုင်မှုအခြေအနေ၊

    (ဃ) လက်ရှိစိုက်ပျိုးထားသည့်သီးနှံအမည်၊

    (င) ပြောင်းလဲစိုက်ပျိုးမည့် သီးနှံအမည်နှင့် ဖြစ်ထွန်းအောင်မြင်နိုင်မှုအခြေအနေ၊

    (စ) သီးနှံပြောင်းလဲစိုက်ပျိုးရသည့်အကြောင်းအရင်း၊

    (ဆ) လုပ်ကိုင်ဆောင်ရွက်မှုအခြေအနေ၊

    (ဇ) အခြားမြေ၌အခြားစီးပွါးရေးလုပ်ငန်းအခြေအနေ၊

    (ဈ) ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏စိစစ် ထောက်ခံချက်စသည့် တို့ကို စစ်ဆေးရပါတယ်။

    - အဆင့်ဆင့်စီစစ်ပြီးသက်ဆိုင်ရာများက ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ကာ နောက်ဆုံးအဆင့်အနေဖြင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က တင်ပြချက်ကို ရရှိသည့်အခါတွင် စပါးစိုက်ပျိုးမြေ(လယ်မြေ) ဖြစ်သည့်အတွက် နိုင်ငံတော်၏အဓိက စားသုံးကုန်ဖြစ်သော ဆန်စပါးကို မထိခိုက်စေရန် အချက်အလက် များကို စိစစ်ပြီး ခွင့်ပြုပါက ပုံစံ(၁၃)ကို ထုတ်ပေးမည်ဖြစ်တယ်။

    - (အနှစ်ချုပ်အနေဖြင့်တင်ပြရလျှင် သီးနှံပြောင်းလဲစိုက်ပျိုးခြင်း ခွင့်ပြုမိန့်ကိုလျှောက်ထားရာတွင် လယ်မြေမဟုတ်သောလယ်ယာမြေတွင် ပြောင်းလဲစိုက်ပျိုးခြင်းဖြစ်ပါက နေပြည်တော်ကောင်းစီ (သို့မဟုတ်) တိုင်ဒေသကြီး (သို့မဟုတ်) ပြည် နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ခွင့်ပြချက်ကို ထုတ်ပေးမည်ဖြစ်ပြီး လယ်မြေပေါ်တွင် သီးနှံပြောင်း လဲစိုက်ပျိုးခြင်းဖြစ်ပါက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ခွင့်ပြုမိန့်ထုတ်ပေးမှာဖြစ်ပါတယ်။)

    crd GRO 


  • ကြည့်ရှုရန် လင့်ကို နှိပ်ပါ

    https://youtu.be/-ndFW-JSoiQ


likes8comments0
views228views1651