cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အရည်သွေးမှီသည့် သရက်သီး များစျေးကောင်းရနေ

. ဈေးကွက်
“ဈေးကွက် အစ ကောင်း တာက ပထမ အစသီးဖြစ်နေခြင်းက အဓိက အချက်ပါ။
  •  လက်ရှိ သရက်လှိုင်လှိုင် ပေါ်ချိန် ပြည်ပသို့ တင်ပို့ရန် အရည်သွေးမှီသည့် သရက်သီး များစျေးကောင်းရနေကြောင်းသရက်သီးတင်ပို့ရောင်းချသူများ ထံမှ သိရသည်။

    အသီးကောင်း၊ အသီးရင့် ၊ အသီးလှပါကဈေးကောင်းပေးဝယ်ကြပြီး

    အသီးသေး၊ အသီးညံ့၊ အသီးနုပါက နှစ်စဉ် ဈေးနှိမ်ခံ ဝယ်ယူကြကြောင်း သရက်စိုက်တောင်သူများထံမှသိရသည်။


    သို့သော် သရက်သီး များစျေးကောင်းရနေသော်လည်း သင်္ကြန်ပြီး မှ သာ စျေးကွက် ကောင်းမကောင်း အတိကျ ခန်မှန်းနိုင်မည် ဖြစ်ကြောင်းသိရသည်။


    “ဈေးကွက် အစ ကောင်း တာက ပထမ အစသီးဖြစ်နေခြင်းက အဓိက အချက်ပါ။


    ဈေးကောင်း၊မကောင်း သင်္ကြန်ပြီး အတိအကျသိရပါလိမ့်မယ်၊စိန်တလုံး

    သရက်သီးများတရုတ်ဈေးကွက်သို့ စတင် ရောင်းချနေပါတယ်။ အသီးကောင်းရင် စျေးကောင်းပေးဝယ်ပါတယ်။”ဟု အရှေ့မြောက်တံခါးသစ်သီးကုမ္ပဏီ မှ သုံးသပ်ပြောထားသည်။


    ဒီနှစ် သရက်သီး အထွက် နှုန်း မှာ သိသိသာသာ နည်း ပါးကြောင်းသိရပြီး

    တချို့ ဒေသတွင် စိန်တလုံးများကို စျေးမြင့်ပေးကာ ခြံပြတ်ဝယ်ယူနေကြ

    ကြောင်း လည်းသိရသည်။


    သစ်သီးဝလံကုန်စည်ဒိုင်အနေဖြင့်ကုန်သည်များအား သရက်သီးရင့်မှည့်ပြီးအရည်အသွေးမီမှတရုတ်နိုင်ငံသို့ တင်ပို့စေချင်ကြောင်း ၊သင်္ကြန်အပြီးစျေးကွက် ကို စောင့်ဆိုင်း ကာ တင်ပို့စေချင်ကြောင်း သုံးသပ်ထားသည်။


    အခု ရက်ပိုင်း စိန်တလုံးတစ်ခြင်း ပျမ်းမျှ 120ယွမ် မှ 170 ယွမ်း အတွင်းဈေးရရှိကြောင်း သိရသည်။


    “တောင်သူတွေကိုလည်း အသိပေးလိုက်ချင်တာ ဈေးကောင်းရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကိုယ့်ရဲ့ထွက်လာတဲ့ သရက်သီးကတော့ ကိုယ်အရည်အသွေးကောင်းကောင်းလေး နဲ့ ထုတ်လုပ်နိုင်မယ်ဆိုရင်တော့ စျေးရမဲ့ နှစ်ပါ။ အသီးအထွက်လဲနည်းနေတယ်။” ဟု သရက်သီးတင်ပို့ရောင်းချသူကိုဝင်းမော်က ပြောသည်။


    လက်ရှိ ပြည်တွင်း ကုန်စိမ်းဈေးကွက် တွင် သရက်သီးစိမ်း (ခေါ်) သရက်ကင်းဈေးမှာ တို့စရာ အနေဖြင့် စားသုံးမူ များနေပြီးအသီးအနေ အထားပေါ်မူတည်၍ စျေးကွက်ရနေကြောင်းသိရသည်။


    ပြီးခဲ့သည့်နှစ်များက ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားချိန် ဝယ်ယူမှုများ ကန့်သတ်စိစစ်ခဲ့တာကြောင့် သရက်ဈေးကွက်ပျက်ခဲ့ပြီး သရက်စိုက်တောင်သူတွေအနေ ဖြင့် အရှုံးပေါ်ခဲ့ကာ သွင်းအားစု လျော့ပေါ့ခဲ့တာကြောင့် ညှာရင်းပုပ်ရောဂါတွေ ဝင်ရောက်ခဲ့ကြောင်းလည်းသိရသည်။


    မြန်မာ့စိန်တလုံး သရက်များကို အဓိက အနေဖြင့် တရုတ်နိုင်ငံ နှင့် စင်္ကာပူနိုင်ငံသို့ တင်ပို့ လျက်ရှိကြောင်းသိရသည်။


    ဖိုးချဲ(AMIA)

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes8comments0
views102views1765