cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ထွက်တိုးသို့မေးမြန်းလာသောမေးခွန်းများအားထွက်တိုးငါးပညာရှင်မှပြန်လည်ဖြေကြားခြင်း

. ငါးမွေးမြူရေးဆောင်းပါးများ
မေးခွန်း ၁။ ငါပြေမမွေးမြူရေး

  • ငါးပြေမငါးသည် သိပ္ပံအဆိုအရ Anabas testudineus ခေါ်ဆိုပါသည်။ ငါးပြေမငါးကို မြန်မာပြည်ရှိ ရေတိမ်ပိုင်းနှင့် ရေနက်ကွင်းများတွင် သဘာဝအရ တွေ့ရှိနိုင်ပါသည်။ အာရှဒေသတွင် တွေ့ရှိရပါသည်။ ယခုအခါတွင် ထိုင်နိုင်ငံမှ တင်သွင်းသော ငါးပြေမမျိုးစိတ်များကို မွေးမြူရေးအဖြစ် ဆောင်ရွက်နေကြပါသည်။ ငါးပြေမငါးသည် ကန်အောက်ခြေတွင် နေထိုင်ပြီး အသားဓါတ်ပါသော အစာကို ကြိုက်နှစ်သက်ပါ သည်။ ရာသီဉတုဒါဏ် ခံနိုင်ရည် ရှိပါသည်။အပိုလေရှူ အဂ္ပါရှိပြီ ရေချိုငါးမျိုးစိတ် ဖြစ်ပါသည်။ ငါးပြေမငါးကို မြေကန်ဖြင့်လည်းကောင်း၊ အုတ်ကန်ဖြင့် လည်းကောင်း၊ တာပေါ်လင်ကန်များဖြင့်လည်းကောင်း မွေးမြူနိုင်ပါသည်၊၊ ရေတိမ်နေနိုင်သော ငါးမျိုးစိတ်ဖြစ်သဖြင့် ရေ (၂)ပေအနက်ဖြင့်လည်း မွေးနိုင်ပါသည်။ အကောင်းဆုံး ရေအနက်သည် (၂)ပေခွဲမှ (၃)ပေခွဲဖြစ်ပါသည်။ မြေကန်ဖြင့် မွေးမြူလိုပါက အနက်(၃)ပေရှိသော ကန်ကိုတူးပါ။ ကန်ကိုအခြောက်ခံပြီး ထုံးဖြူးပေးပါ။ ထို့နောက် ရေသွင်းပြီး ရေဩဇာဓါတ် ရရှိစေရန် ကြက်ချေးထည့်ပါ၊ ရေအရောင်သည် အစိမ်းနုရောင် ရရှိပါက ငါးပြေမသားပေါက် ထည့်သွင်း မွေးမြူနိုင်ပါသည်။ ငါးပြေမသားပေါက် ထည့်သွင်းနှုံးသည် (၃)ပေပတ်လည် အကျယ်တွင် (၁၀)ကောင်မှ (၂၀)ကောင်အထိ ထည့်သွင်းနိုင်ပါသည်။ ငါးပြေမအစာသည် ငယ်ရွယ်စဉ်တွင် အသားဓါတ်(၄၀)ရာခိုင်နှုံးပါသော အစာကို ပထမလတွင် ကြွေးပေးပါ။ ဒုတိယလမှ စတင်ပြီး အသားဓါတ်(၃၅)ရာခိုင်နှုံးပါသော အစာကို ကြွေးပေးပါ။ ပထမလတွင် တနေ့ကို အစာသုံးကြိမ် ကြွေးပါ ။ကန်ထဲရှိ ငါးအလေးချိန် စုစုပေါင်း၏ ၁၀ရာခိုင်နှုံးကို ကြွေးပေးပါ။ ဒုတိယလမှ စတင်ပြီး တနေ့လျှင် အစာနှစ်ကြိမ် ကြွေးပေးပါ။ ကြွေးရမည့် အစာနှုံးမှာ ငါးအလေးချိန် စုစုပေါင်း ၆ မှ ၈ ရာခိုင်နှုံးအထိ ကြွေးပေးပါ။ ကန်ရေ၏ အပူချိန်ကို ၂၂ မှ ၃၀ ဒီဂရီ စင်တီဂရိတ် ရှိစေရန် ဆောင်ရွက်ပေးပါ။ တာပေါ်လင်ကန်နှင့် မွေးပါက ကန်အပေါ်တွင် နေရောင်ခြည် အနည်းငယ် ရအောင် ဖန်တီးပေးပြီး အမိုး မိုးပေးထားရန် လိုအပ်ပါသည်။ တာပေါ်လင်ကန် အောက်ခြေတွင် ရေထုတ်ပေါက် တပ်ဆင် ထားပေးရပါမည်။ ရေကို (၃)ရက်တကြိမ် လှယ်ပေးပါက ကောင်းမွန်ပါသည်။ ငါးပြေမ မွေးမြူခြင်းသည် နေရာအနည်းငယ်ဖြင့် ငါးအကောင်ရေ အများစု မွေးမြူနိုင်ပါသည်။ အစာ ကိုစနစ်တကျမွေးပါက (၆)လအတွင်း ထုတ်ရောင်းနိုင်သောအဆင့်ရရှိနိုင်ပါသည်။

    မေးခွန်း ၂။ ဒီလို ပုစွန်ကျား မွေးမြူတဲ့ ကန်ထဲမှာ ကြက်ရုံဆောက်ရင် အဆင်ပြေနိုင်မလား ပုစွန်တွေကိုထိခိုက်နိုင်မလား သိရင် ဖြေပေးကြပါနော်။

    ပုစွန်ကျား မွေးမြူထားသော ကန်အတွင်း ရေဩဇာရရှိစေရန် ကြက်ချေးခြောက်များ ထည့်ပေးရခြင်းများ ရှိပါ သည်။ ထို့ကြောင့်ကြက်ရုံဆောက်နိုင်ပါသည်။ ကြက်ချေးသည် အပင်မျှောလှေး နှင်.အကောင်မျှောလှေးများကို ပေါက်ဖွားနိုင်သဖြင့် ပုစွန်ကျားအတွက် သဘာ၀အစာ (သက်ရှိအစာ) ကိုရရှိစေပါသည်။ သို့သော်ကြက်ချေးတွေ တအားများပါက ရေဩဇာ ကောင်းစွာဖြစ်ထွန်းပြီး ရေအရောင်သည် အစိမ်းရင့်ရောင်ဖြစ်နေပါက ပုစွန်ကျားကန်အတွင်း ညအချိန်တွင် အောက်စီဂျင်ပြတ်တတ်ပါသည်။

    မေးခွန်း ၃။ ငါး ကြင်းတွေကဘယ်အရွယ်လောက်မှာသားပေါက်တာလဲဗျ

    ငါးကြင်းငါးမျိုးအုပ်စုတွင် ငါးမျစ်ချင်း၊ ရွှေဝါငါးကြင်းနှင့် ငါးကြင်ဖြူတို့ ပါဝင်ကြပါသည်။ ငါးမျစ်ချင်း ငါးမျိုးစိတ်သည် အသက် (၂)နှစ်ပြည့်တွင် သားပေါက်ရန် အထီးနှင့်အမ မျိုးအောင်နိုင်ပါသည်။ ရွှေဝါငါးကြင်း မျိုးစိတ်သည် အသက်(၁)နှစ်ပြည့်ပါက မျိုးအောင်နိုင်ပါသည်။ ငါးကြင်းဖြူ မျိုးစိတ်သည် (၃)နှစ်ကျော်မှ မျိုးအောင်နိုင်ပါသည်။

    မေးခွန်း ၄။ ကျိုက်လတ် မြို့နားကပါ မြေကန် ပေ၂၀ /၄၀ ရေအနက် ၄ ပေခွဲခန့် မြစ်ရေက ရေထဘက် အဝင်အထွက်ရှိပါတယ်။ တီလားဘီယားငါး စမွေးလို့ ရမလားခင်ဗျာ။ ဘာလုပ်ဖို့ လိုအပ်ပါသလဲ။ သိတဲ့ ဆရာများ ဖြေပေးစေချင်ပါတယ်။

    တနိုင်တပိုင် ငါးမွေးကန်လေးပါ။ အနက်၄ ပေဆိုအနေတော်ပါဘဲ။ တီလားပီးယားငါးမွေးလို့အဆင်ပြေပါတယ်။ ကန်ကိုအခြောက်ခံပါ။ ကန်ခြောက်ပါက ထုံး၁ပိဿာ၂၀ကျပ်သားကို ကန်အနှံ့ဖြူးပေးပါ။ တပတ် ကြာအောင်ထားပြီး ရေကိုစစ်ပြီးကန်ထဲသို့ထည့်ပါ။ ကြက်ချေးခြောက် ၇၀ကျပ်သားခန့်ကို ရေဖျော်ပြီး နေပူ သောအချိန်တွင် ကန်အနှံ့ပက်ပေးပါ။ ၃ရက်မှ၇ရက် အကြာတွင် ရေအရောင်သည် အစိမ်းနုရောင် ဖြစ်လာပါမည်။ ထိုအချိန်တွင် တီလားပီးယား သားပေါက်များထည့်သွင်းမွေးပါ။ အစာအဖြစ် ဖွဲနု ပဲဖတ် ကြွေးပါ။ တီလား ပီးယားငါးသည် အစုံစားပါသည်။ ရာသီဥတုအကြမ်းခံပါသည်။

    ဦးဆန်းအောင်(ထွက်တိုး)


  • article
likes18comments0
views124views1592