cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပိုတက်စီယမ်မြေဩဇာ အသုံးပြုရန် လိုအပ်ခြင်းအကြောင်း

. အပင်အာဟာရ
စိုက်ခင်း၏ မြေဆီလွှာအတွင်းရှိနေသော ပိုတက်စီယမ် အနည်းငယ်ကိုသာ သီးနှံများအနေဖြင့် စုပ်ယူစားသုံးနိုင်သည်။
  • ထိုသို့ စားသုံးနိုင်သော ပိုတက်စီယမ်တို့မှာ မြေဆီလွှာရေတွင် ပျော်ဝင်ပြီးသော ပိုတက်စီယမ်များသာဖြစ်သည်။ ထိုသို့ ရေပျော်ပြီးသော ပိုတက်စီယမ်(သို့မဟုတ်) အပင်များက ချက်ချင်းစားသုံးနိုင်သော ပိုတက်စီယမ်ပမာဏမှာ အပင်များက လိုအပ်သောပမာဏထက် များစွာလျော့နည်းနေသည်။ မြေဆီလွှာအတွင်းရှိနေသော အခြားပိုတက်စီယမ်များမှာ အပင်များက စားသုံးနိုင်သော ရေပျော်အဆင့်သို့ရောက်ရန် အချိန်အတန်ကြာ လိုအပ်သည်။ ထိုသို့ ချက်ချင်းမစားသုံးနိုင်သေးသော ပိုတက်စီယမ်များမှာ စားသုံးနိုင်သော ရေပျော်အဆင့်သို့ရောက်ရန်မှာ အချိန်လိုအပ်ခြင်း၊ ပျော်ဝင်လာသော ပိုတက်စီယမ်ပမာဏထက် အပင်၏လိုအပ်မှုက များစွာပိုနေခြင်းကြောင့် အခက်ကြုံရသည်။ ဤအခြေအနေတွင် ပိုတက်စီယမ်မြေဩဇာများကို အသုံးပြုခြင်းက အမှန်ကန်ဆုံးနှင့် အကောင်းဆုံးလုပ်ရပ်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးစအချိန်အထိ ပိုတက်စီယမ်မြေဩဇာသုံးစွဲခြင်းကို အ‌လေးမထားမိခဲ့ပေ။ ဓါတ်မြေဩဇာလုပ်ငန်းများတွင် နိုက်ထရိုဂျင်မြေဩဇာများကိုသာ အလေးထားသုံးစွဲလာကြသည်။

    ဓါတ်မြေဩဇာများအသုံးပြုရာတွင် မြေဆီလွှာကို ဓါတ်ခွဲခြင်း၊ ကွန်ပြူတာများအသုံးပြု၍ အသုံးပြုးရမည့်ပမာဏကို တိကျစွာ မတွက်ချက်နိုင်သေးခင်ကာလများက မြေဩဇာအသုံးပြုမှုမှာ ပူးတွဲဆက်နွှယ်စီမံအသုံးချမှု Integrated Fertilizer Management မရှိခဲ့ပေ။ ၁၉၉၅ ခုနှစ် လွန်သွားသောအခါမှ ထိုစနစ်ဖြင့် အသုံးပြုလာသောအခါ ဓါတ်မြေဩဇာအသုံးပြုမှုပမာဏ လျော့ကျသွားသည်။ ဓါတ်မြေဩဇာလေလွင့်မှု လျှော့ချနိုင်ခြင်းကြောင့်ဖြစ်သည်။ ပိုတက်စီယမ်ဓါတ်မြေဩဇာအသုံးပြုရာတွင်လည်း မြေဆီလွှာမှ အပင်များက စုပ်ယူစားသုံးသောပမာဏနှင့် လိုက်လျောညီထွေသော ပမာဏကိုသာ ထပ်ကျွေးရန် လိုအပ်သည်။ အကယ်၍ နိုက်ထရိုဂျင်သော်လည်းကောင်း၊ ဖော့ဖရပ်စ်သည်လည်းကောင်း လိုသည်ထက်ပိုပါက သီးနှံအား ဆိုးကျိုးဖြစ်စေသော်လည်း ပိုတက်စီယမ်မှာကား ထိုသို့မဖြစ်ပေ။ သို့သော် မလိုဘဲ ပိုသုံးလျှင် စီးပွားရေးဆုံးရှုံးမှုဖြစ်စေသည်။

    ပိုတက်စီယမ်သည် အရွက်မှ ဆဲလ်များကို တင်းကားစေခြင်းကြောင့် အရွက်များ ပြန့်ကားခြင်း၊ ပိုမိုထောင်မတ်ခြင်းကြောင့် အလင်းရောင်ပိုရရှိပြီး အဆုံးတွင် အလင်းမှီအစာဖွဲ့ခြင်းကို တိုးစေသည်။ ပိုတက်စီယမ်သည် အပင်များအား အခြားသော အာဟာရဒြပ်စင်များကို ပိုမိုစုပ်ယူရန် အားပေးသည်။ အဆုံးတွင် အထွက်တိုးစေသည်။ ပိုတက်စီယမ်သည် ရေကို အပင်အတွင်း ထိန်းသိမ်းသိုမှီးရာတွင် အထောက်အကူဖြစ်စေသောကြောင့် အပင်အား ရေငတ်ဒဏ်မှ ကာကွယ်ပေးသည်။ ပိုတက်စီယမ်သည် အပင်၏လေပေါက်ငယ် (Stoma) များ၏ အဖွင့်၊အပိတ်ကို ထိန်းချုပ်နိုင်ခြင်းကြောင့် အပင်မှ ရေဆုံးပါးမှုကို စတိုမာများပိတ်ခြင်းဖြင့် ကာကွယ်နိုင်သည်။

    ပိုတက်စီယမ်သည် အပင်များအတွင်းမှ ရေဆုံးပါးမှုကို ကာကွယ်နိုင်သဖြင့် အသက်ရှင်စဉ်သာမက ခူးဆွတ်ပြီးစအပင်များ လွယ်ကူစွာ မနွမ်းဘဲ တာရှည်စွာလန်းဆန်းစေနိုင်သည်။ ပိုတက်စီယမ်သည် အပင်များအား ရုပ်ပိုင်းဆိုင်ရာ ခိုင်ခံ့၍ အထောက်အကူဖြစ်စေသဖြင့် ရာသီဥတုပြင်းထန်သော ဝန်းကျင်တွင် လွယ်ကူစွထိခိုက်မှုမဖြစ်စေပါ။

    ဦးဖရက်သိန်းဖေ

    အပင်အာဟာရစားသုံးခြင်း သိပ္ပံအခြေပြု မြေဩဇာအမြင် စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။


  • article
likes16comments1
views161views1534