cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တောင်သူဦးကြီးများထံသို့ ပေးစာ

. စိုက်ပျိုးနည်းစနစ်များ
စိုက်ပျိုးရေးဆိုသည်မှာ အခြေနေပေါင်းစုံကို ချိန်သားကိုက် အံဝင်ခွင်ကျပေါင်းဆုံစုစည်းနိုင်အောင် စီမံရသော လုပ်ငန်းပင်ဖြစ်သည်ဟု ထင်မြင်မိပါသည်။

  • မိုးလေဝသ၊ရာသီဥတု၊ထယ်ရေးထွန်ရေး၊စိုက်ပျိုးနည်းစနစ်၊မျိုးစေ့၊အပင်အာဟာရ၊ရေပေးသွင်းမှု၊ပေါင်းမြက်၊အပင်ရောဂါ၊ပိုးမွှား၊စိုက်ပျိုးရေးအလုပ်သမား၊ရိတ်သိမ်းချိန်နှင့် နောက်ဆုံး သီးနှံဈေးကွက်ထိ အခြေနေများစွာတို့ အံဝင်ဂွင်ကျဖြစ်မှ ရုပ်လုံးပေါ်သည့် လုပ်ငန်းကြီး တစ်ခုပင်ဖြစ်ပါသည်။ အခြေနေတစ်ခုလေး လွဲချော်ရုံမျှနှင့် ကျန်သည့်အခြေနေများ မည်မျှပင် အဆင်ပြေချောမွေ့နေပါစေ၊ အဟောသိကံ အရာမထင်ဖြစ်ရပါသည်။ ဤကဲ့သို့ခက်ခဲသည့်အခြေနေများထဲမှ ဇွဲ၊လုံ့လ၊ဝီရိယ၊ဉာဏ်ပညာတို့ဖြင့် စိုက်ပျိုးထုတ်လုပ်နေသော တောင်သူဦးကြီးများကို တစ်စိမ့်စိမ့်အံ့ဩလေးစားနေမိပါသည်။

    အကြင်အလုပ်တစ်ခု၏ရလဒ်သည်

    စစ်ကိုလည်း အားမပေး…

    ရွှေ ငွေ ရတနာကိုလည်း အဓိကပြု၊

    လူတန်းစားခွဲခြားခြင်းကိုလည်း မမှုပဲ…

    အတ္တဟိတနှင့် ပရဟိတ အကျိုးနှစ်ဝကို တပြိုင်တည်းရစေလျက်…

    အလုံးစုံသော ဝိဇ္ဇာပညာနှင့် သိပ္ပံပညာတို့၏

    ဦးခိုက်ရာဖြစ်အံ့

    ထိုအလုပ်ကား

    စိုက်ပျိုးရေးသာလျှင်တည်း။

    (ဂါးဖီးလ်)

    ကောက်ပဲသီးနှံ၊သစ်သီးဝလံတို့ကို အခက်အခဲပေါင်းများစွာထဲမှ အစောကဖော်ပြခဲ့သည့် အခြေအနေပေါင်းစုံနှင့် ဖန်တီးထုတ်လုပ်ခြင်းကို တွေးမိလေ အထင်ကြီးလေးစားမိလေပင်ဖြစ်ပါသည်။

    အစကောင်းကောင်းနှင့် စိုက်ပျိုးလာခဲ့သော်လည်း ရာသီဥတု၊မိုးလေဝသ တစ်ချက်လေးဖောက်လိုက်ရုံမျှဖြင့် အရာအားလုံးပြန်လည်ဆုံးရှုံးသွားနိုင်သည့် တောင်သူဦးကြီးများ၏ အခက်အခဲကို ခံစားနားလည်မိပါသည်။ စပါးစိုက်ပျိုးရာတွင် အနှံအောင်မြင်စွာထွက်ပြီးခါမှ နှံစုပ်ဂျပိုးကျရောက်ခြင်း၊စပါးမှိုသီးရောဂါကျရောက်ခြင်းတို့ကြောင့် စပါးအထွက်နှုန်းထိခိုက်ရခြင်းတို့သည် ပါးစပ်ထဲရောက်ခါနီးမှ ပြုတ်ကျသွားသောအစားတစ်လုတ်နှယ်ပင်။တစ်သက်လုံးမွေးလာသည့်ကြက် တစ်ညတည်းနဲ့ ရိုက်ချက် ဆိုသော စကားပုံကိုပင် အမှတ်ရမိပါသေးသည်။

    လုပ်ငန်းတိုင်းကိုယ်စီမှာ အခက်အခဲများရှိသည်ကို သိမိပါသည်။ သို့သော် စိုက်ပျိုးရေးသည် အခြေနေပေါင်းများစွာကို ထည့်သွင်းစဉ်းစားရပြီး အစိုးမရသောရာသီဥတုကိုပါ ရင်ဆိုင်ရသောကြောင့် ပိုမိုခက်ခဲမည်ဟု ထင်မြင်မိပါသည်။ ရေသွင်းစိုက်ပျိုးသောဒေသများတွင် မိမိရေသွင်းပြီးမှ မိုးလိုက်လို့ရွာသည့်ဖြစ်အင်များ။ မိုးကောင်းရေသောက်ဒေသများတွင် မိုးခေါင်သည့်ဖြစ်အင်များ။ ကြက်သွန်မျိုးစေ့ထုတ်စိုက်ခင်းများတွင် ကြက်သွန်းပန်းပွင့်များကို ဝတ်မှုန်ကူးပေးမည့် ပျားပိတုန်းတို့ နည်းပါးလာခြင်းများကြောင့် မျိုးပွင့်များ ပွင့်ခြောက်ကပ်၍ မျိုးစေ့မရတော့ခြင်းများ။ အခြားအခြားသော သီးနှံစိုက်တောင်သူတို့၏ အမျိုးမျိုးအထွေထွေသောအခက်အခဲများ။ ရေး၍ကုန်နိုင်ဖွယ်ပင် မရှိပါ။ ဤမျှခက်ခဲသော၊ အစိုးမရသော၊ တည်ဆောက်ဖို့ခက်ခဲသလောက် ပျက်စီးဖို့လွယ်ကူသော စိုက်ပျိုးရေးပင်ဖြစ်သည်ဟု ထင်မြင်မိပါသည်။

    နှမ်းစိုက်တောင်သူသားအဖ၏ အဖြစ်အပျက်လေးကို သတိရမိပါသည်။ ထယ်ရေးထွန်ရေးပြင်ဆင်ပြီး နှမ်းကြဲ၍ မိုးမျှော်နေချိန် အချိန်ကိုက်မိုးရွာလာသဖြင့် ဖခင်လုပ်သူက၊သားရေ…ဒီနှစ်တော့ မိုးနတ်မင်း မ ပြီ၊ကျီထောင့်မှာ မ တစ်လုံးသွားရေးကွာ။ သားလုပ်သူကလည်း ရေးလိုက်၏။ ထို့နောက် နောက်ထပ်မိုးလိုနေချိန် နောက်တစ်မိုးထပ်ရွာသေး၏။ နှမ်းခင်ကြီးမှာ အားရကျေနပ်ဖွယ်ပင်။ သားရေ၊ ကျီထောင့်မှာ မ အောက်နေ ဝဆွဲ သွားထည့်ကွာ၊ဒီနှစ်တော့ မွပြီ။ ထို့နောက်ထို့နောက်တွင်တော့ မိုးသည် မလိုတော့သော်လည်း ထပ်ခါထပ်ခါ ရွာချနေသောအခါ နှမ်းခင်းမှာ နှမ်းရိုးမဲများထိုးကာ ပျက်စီးလေတော့သည်။ ထိုအခါ ကျီထောင့်မှာ ရေးထားသော မွ ဆိုသည့်စာလုံးသည် နောက်ထိုးပစ်လေး အထည့်ခံလိုက်ရတော့သည်။ စိုက်ပျိုးရေး၏ မ၊မွ၊မွဲ ဆိုသည့် ကြေကွဲဖွယ်ဖြစ်အင်ပင်။

    ထိုကဲ့သို့ မသေချာမရေရာတာတွေများတဲ့ ကောင်းကင်အောက်မှာ တစ်သီးဆုံးရှုံးသွားသော်လည်း နောက်နှစ်စိုက်ပျိုးရာသီရောက်လာချိန်ကြ မစိုက်ပျိုးပဲ မနေနိုင်သည့် တောင်သူဦးကြီးများ၏ စိတ်ဝိဉာဉ်များသည် အမြဲလန်းဆန်းတတ်ကြွနေကြပါသည်။ စိုက်ခင်းများကောင်းနေလျှင် အိမ်ကိုပင် မပြန်ချင်၊ မိမိစိုက်ခင်းဘေးမှာ တဝဲဝဲလည်ကာ ပီတိနဲ့ ရွှင်လန်းနေတတ်ကြပြန်ပါသည်။ သီးနှံဈေးနှုန်းတွေအသာထားလို့ ၊ အကျိုးအမြတ်တွေ နောက်ထား လက်တွေ့ခံစားနေရတဲ့ စိုက်ခင်းအောင်မြင်ခြင်းပီတိသည် အင်မတန်မှကျေနပ်ဖွယ်ကောင်းသည်ကို ခံစားဖူးမှသိမည်ဟု ပြောပါသည်။

    ဒီတစ်သီးမရရင်

    နောက်တစ်သီး၊

    နောက်တစ်သီး ထပ်မရရင်

    နောက်ထပ်နောက်တစ်သီး ဆိုသော မခံချင်စိတ်နဲ့ တောင်သူဦးကြီးများဖြစ်ပါသည်။

    အရာရာသည် အဆိုးချည်း ကြုံမနေရသလို၊ အကောင်းတလှည့်ရှိမယ်ဆိုသည့်အတိုင်း တစ်သီးလောက်အောင်မြင်ပြီး၊ဈေးကောင်းရလိုက်လျှင်လည်း မြေကြီးက ရွှေသီးသကဲ့သို့ တောင်သူဦးကြီးများမှာ သူဌေးကြီးများဖြစ်ကြပါသေးသည်။ ထိုအခါတွင် တောင်သူဦးကြီးများကို အားကျမိပါသည်ဟု တင်ပြလိုက်ရပါသည်ခင်ဗျာ။

    -----


  • article
likes9comments1
views68views1277