cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပိုးသတ်ဆေးနှင့် အဆိပ်သင့်မှုများ

. သီးနှံသတင်းများ
ရာသီဥတုပူသဖြင့် အကာအကွယ်မဝတ်ဆင်ဘဲ ဆေးဖျန်းခြင်း၊ နံနက်စောစော၊ ညနေပိုင်းတို့တွင် ဆေးမဖျန်းဘဲ နေ့လယ်နေပူချိန် ဆေးဖျန်းနေကြခြင်းတို့သည် အန္တရာယ်ရှိသည်။

  • ပိုးမွှားနှင့် အပင်ရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွင် ကြိုတင်ကာကွယ်ခြင်းသည် ကုသနှိမ်နင်းခြင်းထက် ပိုမိုကောင်းမွန်သည်ဟု ပြောကြသည်။ ဘက်စုံနည်းဖြင့် ပိုးမွှားနှင့် အပင်ရောဂါကာကွယ်ခြင်းသည် နှိမ်နင်းခြင်းလုပ်ငန်း လျော့နည်းစေသည်။ဖျက်ဆီးမှု၊ ပျက်စီးမှုများပြားပြီး စီးပွားရေး ထိခိုက်နိုင်လောက်သော အခြေအနေရောက် ရှိလာလျှင် ပိုးသတ်ဆေး မဖြစ်မနေအသုံးပြုကြရပါမည်။ ပိုးသတ်ဆေးအသုံးပြုလျှင် ပိုးသတ်ဆေးနှင့် ပတ်သက်သော “အသိ” ရှိသင့်သည်။ သီးနှံစိုက်ပျိုးထုတ်လုပ်မှု အောင်မြင်ရန်နှင့် အထွက်ကောင်းရန်ပိုးသတ်ဆေး အသုံးပြုခြင်းကို စနစ်တကျလုပ်ကိုင်ဆောင်ရွက်ပါက အချိန်တိုအတွင်းမှာကုန်ကျစရိတ် သင့်တင့်မျှတစွာဖြင့် ထိရောက်သော နည်းလမ်းတစ်ခု ဖြစ်ပါသည်။


    သို့သော် စနစ်မကျဖြစ်မှု၊ လိုအပ်သော အချိုးအဆထက် ပိုမိုအသုံးပြုမှု၊ မလိုအပ်ဘဲ ဆေးဖျန်းမှုတို့ကြောင့် ကုန်ကျစရိတ် ပိုမိုများပြားသော အဖြစ်မျိုး ကြုံတွေ့နေရသည်ကပို၍များပြားနေပါသည်။ ပိုးသတ်ဆေးမှန်သမျှသည် ပိုးမွှားများကို သေစေနိုင်သော စွမ်းအားရှိသကဲ့သို့ လူနှင့် တိရစ္ဆာန်တို့ကိုကျန်းမာရေး ထိခိုက်စေပြီး ပတ်ဝန်းကျင်ကိုလည်း ထိခိုက်ညစ်ညမ်းစေသည်။ ကုန်းနေ၊ ရေနေ၊ လေထဲနေထိုင်သော သတ္တဝါများကို ထိခိုက်စေသော အစွမ်းသတ္တိများ ပိုးသတ်ဆေးများတွင်ရှိနေသဖြင့် စနစ်တကျ ကိုင်တွယ်အသုံးပြုလျှင် မလိုလားအပ်သောဆိုးကျိုးများ လျော့နည်းလာမည် ဖြစ်ပါသည်။


    ၁၉၄၀ ပြည့်နှစ်ဝန်းကျင်ကာလတွင် ဓာတုပစ္စည်းများထုတ်လုပ်မှု ကမ္ဘာတစ်ဝန်းတွင်ကျယ်လာခဲ့သည်။ ထို့နောက် နောက်ပိုင်းကာလများတွင် ပို၍ပို၍ အသုံးပြုလာကြသည်။ အထူးသဖြင့် စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် အသုံးပြုမှု အများဆုံးရှိလာသည်။ လူများတွင် အာရုံကြောဆိုင်ရာနှင့် ကင်ဆာရောဂါဖြစ်လာသည်။ မျိုးပွားမှုနှင့် သွေးလည်ပတ်မှုပျက်စီးလာသည်။


    အလွန်အကျွံသုံးလာခဲ့ကြသဖြင့် ဇီဝမျိုးစိတ်များ၊ သဘာဝပိုးမွှားထိန်းချုပ်မှုများ၊ ဝတ်မှုန်ကူးအင်းဆက်များ ပျက်စီးစေသည်။ အစားအစာများထဲသို့ ပုံစံအမျိုးမျိုးဖြင့်ရောက်ရှိပြီး အန္တရာယ်ပေးတော့သည်။ ပိုးသတ်ဆေးများကို ထိသေဆေး၊ စားသေဆေးနှင့် ရှူသေဆေးတို့ကို အများဆုံးထုတ်လုပ်ကြသည်။ လူ၏ ကိုယ်ခန္ဓာ အရေပြားနှင့် နှာခေါင်း၊ ပါးစပ်၊ မျက်စိစသော အပေါက်မှန်သမျှမှကိုယ်ခန္ဓာ အတွင်းပိုင်းသို့ ဝင်ရောက်နိုင်သည်။ အထူးသဖြင့် အရေပြားမှဝင်ရောက်ခြင်းသည် အဆိုးဆုံးဖြစ်၍ ဆေးအသုံးပြုစဉ်၊ ဆေးဖျန်းစဉ် ဦးထုပ်၊ ဖိနပ်၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ပုဆိုးရှည်ရှည်၊ နှာခေါင်းစည်း၊ မျက်မှန်၊ ပါးစပ်စည်း၊ ရင်ဘတ်ကာတို့ ဝတ်ဆင်ရန်ညွှန်ကြားရခြင်း ဖြစ်သည်။


    ရာသီဥတုပူသဖြင့် အကာအကွယ်မဝတ်ဆင်ဘဲ ဆေးဖျန်းခြင်း၊ နံနက်စောစော၊ ညနေပိုင်းတို့တွင် ဆေးမဖျန်းဘဲ နေ့လယ်နေပူချိန် ဆေးဖျန်းနေကြခြင်းတို့သည် အန္တရာယ်ရှိသည်။

    နေပူပြင်းချိန်၌ ချွေးပေါက်များကျယ်လာပြီးဆေးရည်၊ ဆေးငွေ့ဝင်၍ ဆေးကြောင့် မူးဝေ၊အော့အန်၊ နှာချေ၊ ယားယံမှုများ ဖြစ်ကြရသည်။ ဤသို့ဖြစ်ခြင်းသည် ဆေးဖျန်းရာတွင် လိုက်နာရမည့်အချက်များကို မလိုက်နာခြင်း၊ ဆေးပုံးမှ ဆေးရည်ယိုခြင်း၊ ဆေးဖျန်းပိုက်မှ ရေဖျော်ဆေးမှုန့်သုံးလျှင် ဖျော်စပ်မှုမမှန်ကန်၍ ဆေးဖတ်၊ ဆေးမှုန့်မကြေဘဲ ပိတ်ဆို့ခြင်းတို့ကြောင့် ဖြစ်ကြသည်။


    ထိသေဆေးသည် ကိုယ်ခန္ဓာနှင့်ထိခြင်းမှ အန္တရာယ်ဖြစ်စေသည်။ သွေးကြော၊ အာရုံကြောသို့ ရောက်ရှိထိခိုက်နိုင်သဖြင့်ဆေးနှင့် ကိုယ်ခန္ဓာမထိတွေ့ရန် လုံလုံခြုံခြုံဝတ်ဆင်ကြရသည်။ အရေပြားမှ ထိမှုများပြားသည်။ စားသေဆေးသည် အစာလမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သဖြင့် ဆေးဖျန်းစဉ် အစာစား၊ ရေသောက်၊ ဆေးလိပ်သောက်၊ ကွမ်းစား မလုပ်သင့်၊ လက်ဖဝါး၊လက်သည်းကြားမှလည်းအစာအိမ်ထဲ ရောက်နိုင်သည်။ ပန်းကန်ခွက်ယောက်၊ ဖန်ခွက်မှလည်း ဝင်နိုင်သည်။ ဆေးဖျန်းပြီးရေချိုး၊ အဝတ်လဲ၊ လျှော်ဖွပ်ရမည်။


    ရှူသေဆေးများသည် အခိုးအငွေ့ဖြစ်၍ မမြင်နိုင်၊ အချို့အနံ့မရှိကြ။ အဆိပ်ငွေ့များဖြစ်၍ သိုလှောင်ခန်းများ၌ အများဆုံးသုံးကြသည်။အဆုတ်ထဲသို့ ဝင်ရောက်ဒုက္ခပေးသည်။ ပိုးသတ်ဆေးမှန်သမျှ သုံးသင့်ချိန်အသုံးပြုပါ။ အသုံးပြုလျှင်လည်း စနစ်တကျသုံးပါဟုမှာကြားပါရစေ။



    ကိုရဲ(စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/

    0


  • article
likes14comments0
views119views1486