cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဂလိုင်ဖိုဆိတ် ပေါင်းသတ်ဆေး အသုံးပြုနည်း

. ပေါင်းမြက်
ဂလိုင်ဖိုဆိတ်သည် အပင်အမျိုးအစားများစွာကို သတ်ရန်အလွန်အသုံးဝင်သည်။ အထူးသဖြင့် မြက်မျိုးပေါင်းပင်များ၊ ရွက်ပြန့်ပေါင်းများနှင့် အသားမာအပင်ကြီးများအထိ သတ်နိုင်ပါသည်။

  • သက္ကရာဇ် ၂၀၀၇ ခုနှစ်တွင် ဂလိုင်ဖိုဆိတ်သည် ကမ္ဘာပေါ်၌ အသုံးအများဆုံးပေါင်းသတ်ဆေး ဖြစ်ခဲ့သည်။ဂလိုင်ဖိုဆိတ်သည် အစိမ်းရောင်ကလိုရိုဖီးလ်ကိုသတ်ပေးသည့် ပေါင်းသတ်ဆေးဖြစ်သည့်အလျောက် အစိမ်းရောင်ရှိသော အပင်တော်တော်များများကို သတ်ပေးနိုင်စွမ်းရှိသည်။ သို့သော် ဖယောင်းလွှာထူသော အရွက်များနှင့် ပင်စည်များရှိသည့် အပင်များကို နှိမ်နင်းရာတွင်မူ စိမ့်ဝင်မှု အားနည်းပြီး ထိရောက်မှု သိပ်မရှိသည်ကို တွေ့ရသည်။ ဂလိုင်ဖိုဆိတ်သည် ရေကြိုက်သည့် အားလျော်စွာ နောက်ကျိ ညစ်ပတ်နေသော ရေများဖြင့် ဆေးဖျော်ပါက အာနိသင်ထိရောက်မှုအလွန်အားနည်းပါသည်။ ထို့ကြောင့် ကြည်လင်သော ရေသန့်သန့်ဖြင့်ဆေးဖျော်စပ်ရသည်။ ရွံ့နွံများ ကပ်ညှိနေသော မြေဇာပင်များ ကိုင်းပင်များကို နှိမ်နင်းရာတွင် ထိရောက်မှုမရှိသလောက်အားနည်းသည်။ ဂလိုင်ဖိုဆိတ်၏ အပင်သတ်သည့်အာနိသင်မှာ တစ်ပါတ်၊နှစ်ပါတ်ကြာသဖြင့် အလျင်အမြန် ပေါင်းသတ်ရန် လိုအပ်သောအချိန်များတွင် တူးဖိုးဒီ၊ပါရာကွက်တို့ကဲ့သို့ အာနိသင်အပြမြန်သော ပေါင်းသတ်ဆေးများဖြင့် တွဲဘက်အသုံးပြုနိုင်သည်။ ဂလိုင်ဖိုဆိတ်ကို သီးနှံစိုက်ခင်းများ သီးနှံပင်မစိုက်မှီ(Preplant Herbicide) အဖြစ်သုံးနိုင်သည်။ ဥပမာ စပါးစိုက်ခင်း ထယ်ရေးမစတင်မီ တစ်လခန့်ကြိုတင်၍ စိုက်ခင်းများကို ပေါင်းသတ်ထားနိုင်သည်။ ပေါင်းပင်များ အပင်ပေါက်စုံစေရန် ရေသွင်းပြီး၊ အစိုဓါတ်ရပါက ရေပြန်ထုတ်ပေးရသည်။ ရေအစိုဓါတ်ကြောင့် ပေါင်းပင်များ အပင်ပေါက်စုံပြီဆိုပါက ဂလိုင်ဖိုဆိတ်ဖြန်း၍ ပေါင်းကြိုတင်သတ်ထားနိုင်သည်။ ပေါင်းသတ်ပြီး တစ်လခန့်အကြာတွင် ထယ်ရေးစတင်ဝင်ပေးခြင်းဖြင့် စပါးစိုက်သည့်ရာသီတွင် ပေါင်းနှိမ်နင်းရသက်သာပါသည်။

    ရာဘာစိုက်ခင်း၊ဆီအုန်းစိုက်ခင်းနှင့် အပင်ကြီးများအကြားရှိ တစ်နှစ်ခံပေါင်းမြက်များ၊ ရွက်ပြန့်ပေါင်းများကို နှိမ်နင်းရန်အတွက် အပင်ကြီးများနှင့်ဆေးမထိတွေ့စေရန် အကာအရံများပြုလုပ်၍ ဆေးဖြန်းသင့်ပါသည်။ ဂလိုင်ဖိုဆိတ်ကို ရထားသံလမ်းဘေးဝဲယာများတွင်ပေါက်သောပေါင်းပင်များ ရှင်းလင်းရေးပြုလုပ်ရန် အသုံးပြုနိုင်သည်။

    အင်းများနှင့် ရေကျနောက်စိုက်၊ စိုက်ခင်းများတွင် ပဲစေ့များကို (Zero Tillage) နည်းဖြင့် စူးထိုးစိုက်ပျိုးပြီး၊ အပေါ်တွင် ဖုံးအုပ်နေသော ဒိုက်များ၊ရေမှော်များကို ဂလိုင်ဖိုဆိတ်ဆေးဖြန်းစိုက်နိုင်သည်။ ဒိုက်များနှင့်ရေမှော်များသည် ဆေးဒါဏ်ကြောင့် ပြားကပ်သွားချိန်တွင် ပဲပင်ကလေးများ ထွက်လာပါသည်။ မြစ်ရေဝင်ဒေသများတွင် မြစ်ရေမလာမီ နွေဘက်သီးနှံရိတ်သိမ်းပြီးချိန် ဂလိုင်ဖိုဆိတ်ဖြင့် ကြိုတင်ပက်ဖြန်းကာကွယ်ပေးထားခြင်းဖြင့် ရေကျသည့်အခါ ပေါင်းနှိမ်နင်းရသက်သာပါသည်။

    ကောင်းမှန်-ကံမြင့်

    ပေါင်းနှင့်ပေါင်းသတ်ဆေး-စာအုပ် မှ မှီငြမ်းကိုးကားဖော်ပြအပ်ပါသည်။


  • article
likes17comments2
views215views1630