cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ ငါးရှဉ့်တင်ပို့မှု အများဆုံး ပို့ကုန်ပစ္စည်းအဖြစ် ပါဝင်နေ

. ဈေးကွက်
စီးပွားကူးသန်းအချက်အလက်တွေအရ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကနေ မတ်လ ၁၂ ရက်နေ့က အများဆုံး ပို့ကုန် ပစ္စည်းတွေအဖြစ်ဖေါ် ပြရာမှာတော့ မြေပဲဆံ၊ သခွားမွှေး၊ ကြက်သွန်နီ၊ ပဲတီစိမ်း၊ ဖရဲသီး၊ ငါးရှဉ့်၊ ငရုတ်သီးစို၊ ကဏန်း၊ အလူမီနီယံသတ္တု၊ နေလဲစေ့တို့ ပါဝင်နေတာဖြစ်ပါတယ်။
  • မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ ငါးရှဉ့်တင်ပို့မှုအခြေအနေမှာ အခုနောက်ပိုင်းအများဆုံး ပို့ကုန်ပစ္စည်းများအဖြစ် ပါဝင်လာပြီဖြစ်ကြောင်း ကုန်သည်များနှင့်လုပ်ငန်းရှင်များက ပြောပါတယ်။

    ပြီးခဲ့သည့်ကိုဗစ် - ၁၉ ကပ်ရောဂါဖြစ်ပွားချိန်မှာ ငါးရှဉ့်နှင့်ကဏန်းလုပ်ငန်းများမှာ ရပ်ဆိုင်းသွားခဲ့ရပြီး ၂၀၂၂ ခုနှစ် ဇွန်လကုန်ပိုင်းလောက်က ပြန်လည်တင်ပို့ခွင့်ရခဲ့ပြီး လက်ရှိမှာတော့ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကနေ တင်ပို့တဲ့ အများဆုံး ကုန်ပစ္စည်းတွေထဲမှာ ပါဝင်လာတာဖြစ်ပါတယ်။

    စီးပွားကူးသန်းအချက်အလက်တွေအရ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကနေ မတ်လ ၁၂ ရက်နေ့က အများဆုံး ပို့ကုန် ပစ္စည်းတွေအဖြစ်ဖေါ် ပြရာမှာတော့ မြေပဲဆံ၊ သခွားမွှေး၊ ကြက်သွန်နီ၊ ပဲတီစိမ်း၊ ဖရဲသီး၊ ငါးရှဉ့်၊ ငရုတ်သီးစို၊ ကဏန်း၊ အလူမီနီယံသတ္တု၊ နေလဲစေ့တို့ ပါဝင်နေတာဖြစ်ပါတယ်။

    ငါးရှဉ့်တင်ပို့မှုဟာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကနေ မတ်လ (၅) ရက်နေ့က တင်ပို့မှုကိန်းဂဏန်းအနေနဲ့ တင်ပို့မှု ၂၆.၉၆ တန်အထိရှိနေခဲ့ပါတယ်။

    လက်ရှိမှာ ငါးရှဉ့်ကဏန်းတင်ပို့မှုဟာ ပြည်တွင်းကုမ္ပဏီများနဲ့ တရုတ်နိုင်ငံရှိ ကုမ္ပဏီများကြား ကုမ္ပဏီချင်း ချိတ်ဆက်ပြီး တရားဝင် တင်ပို့လျက်ရှိနေတယ်လို့သိရပြီး ၂၀၂၂ ခုနှစ် ဇွန်လမှ အခုနှစ် ဇန်နဝါရီလအထိ ခုနစ်လကျော် ကာလအတွင်း ကဏန်းတန်ချိန် ငါးထောင်ကျော်နှင့် ငါးရှဉ့်တန်ချိန် တစ်သောင်းနီးပါး တင်ပို့နိုင်တယ်လို့လည်း ဖေါ်ပြမှုတွေရှိနေပါတယ်။

    ၂၀၂၂-၂၀၂၃ ပြည်ပပို့ကုန်အုပ်စုအလိုက် ကာလတူတင်ပြမှုစာရင်းတွေအရ ဧပြီလမှ မတ်လ(၃) ရက်အထိ ဆယ့်တစ်လကျော် ကာလအတွင်း ရေထွက်ကုန်တင်ပို့မှုဟာ စုစုပေါင်းသန်း ၇၀၀ နီးပါးရရှိထားပါတယ်။

    ၀၀၅

    ဤဆောင်းပါးကို Opinion Leaders မှကူးယူဖော်ပြပါသည်။

    -------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes9comments0
views96views2145