cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပါးဘတ်တီးရီးယားပင်ခြေပုပ်ရောဂါ

. ရောဂါ
(Bacterial foot rot)

(က) ရောဂါဖြစ်စေသက်ရှိ- (Erwinia chrysanthemi)

  • (ခ) ရောဂါလက္ခဏာ

    စပါးခင်းအတွင်းတွင် ရောဂါသည် အရွက်နှင့် ရွက်ဖုံးဆက်စပ်ရာမှ စတင်သည်။ ထင်ရှားသောလက္ခဏာများမှာ- ညိုမဲသောရွက်ဖုံးပုပ်ခြင်းဖြစ်သည်။ ရောဂါပျံ့နှံ့လာသည်နှင့်အမျှ ရွက်ပြားမှာအဝါရောင်ဖြစ်၍ သေသွားပြီး ငိုက်ကျလာသည်။ ဆက်လက်၍ အဆစ်များ၊ ပင်စည်အူတိုင်များ၊ ပင်စည်အခြေပိုင်းနှင့်အမြစ်များအထိ ရောဂါကူးစက်လာပြီး ပုပ်ဆွေးသွားသည်။ ရောဂါကျစပါးပင်ပွားများမှာ မြေကြီးအတွင်းမှ အလွယ်တကူ ဆွဲနှုတ်နိုင်သည်။ ရောဂါရအဆစ်များနှင့် ၎င်းအဆစ်များရှိ အမြစ်များမှာ အမည်းရောင်ဖြစ်နေသည်။ ရောဂါရပင်စည်အူတိုင်းပိုင်းကို အရှည်လိုက်ဖြတ်ကြည့်ပါက အတွင်းပိုင်းတွင် ညိုမည်းပုပ်ဆွေးနေပြီး၊ ဆိုးရွားပြင်းထန်သော အနံ့ထွက်နေသည်။ အပေါ်ပိုင်းအဆစ်များနှင့် အလိပ်မပြေသေးသော စပါးရွက်များ ပျော့ပုပ်သွားသည်။ ဘတ်တီးရီးယားသည် အပင်ခြေပိုင်းကို ဆက်လက်တိုက်ခိုက်ပြီး အရွက်နုများမှာ အရောင်ဖျော့၍ညှိးလာသည်။ ရောဂါ၏ မူလလက္ခဏာမှာ အရွက်များအဝါရောင်ပြောင်းခြင်းနှင့် ပင်ပွားများ အညိုရင့်ရောင်ပုပ်ဆွေးသွားခြင်းဖြစ်သည်။ ရိုးတံသည် ပျော့လာပြီး ပုပ်ဆွေးခြင်းကြောင့် ဆိုးရွားသောအနံ့ထွက်နေသည်။ ရောဂါကျွမ်းသောအဆင့်တွင် ပင်ပွားအများအပြားပုပ်ဆွေးသွားခြင်းကြောင့် တစ်ပင်လုံးယိုင်လဲသွားသည်။ ရောဂါကို ပင်ပွားအများဆုံးထွက်ချိန်တွင် စတင်တွေ့ရလေ့ရှိသည်။

    (ဂ) ဒေသအလိုက်ပျံ့နှံ့တည်ရှိမှု

    ရေသွင်းရေထုတ်ခက်ခဲသောနေရာများ၊ရေဝပ်၍ စိမ့်စွဲသောမြေများ၊ဆည်ရေသောက်ရေထုတ်ခက်ခဲသော

    စပါးစိုက်မြေများတွင် တွေ့ရလေ့ရှိသော ရောဂါတစ်ခုဖြစ်သည်။

    (ဃ) ရောဂါတိုးတတ်ဖြစ်ပေါ်မှုကို အားပေးသော အခြေအနေများ

    ရောဂါကျစိုက်ခင်း ရေလွှမ်းခံရသော အခြေအနေမျိုးတွင် စပါးပင်ကို အချိန်မရွေးပျက်စီးစေနိုင်သည်။ ဆည်ရေသောက်ဒေသများတွင် သွင်းရေမှ အဓိကကူးစက်သည်။

    (င) ကာကွယ်နှိမ်နင်းနည်းများ

    -စိုက်ပျိုးနည်းစနစ်များဖြင့် ကာကွယ်နှိမ်နင်းနည်း

    ၁။ ပျိုးနှုတ်စဉ် အပင်ကို အနာတရမဖြစ်အောင်ဂရုစိုက်ပါ။

    ၂။ ပျိုးခင်းစိုက်ခင်းကို မြေပြုပြင်စဉ်တွင် ပိုတက်ရှ် အပါအဝင် ဓါတ်မြေဩဇာကို အချိုးညီညီထည့်ပါ။

    ၃။ ရောဂါကျဖူးသောမြေကို မြေပြင်စဉ်တွင် ကျောက်မှုန့်မြေဩဇာကို တစ်ဧကလျင် (၆) ပိဿာနှုန်းထည့်ပေးပါ။(သို့မဟုတ်) ထုံး (၁၅-၂၀) ပိဿာနှုန်းထည့်ပေးပါ။

    ၄။ ရောဂါကျအခင်းကိုဖြတ်၍ ရေသွင်းရေထုတ် ပြုလုပ်ခြင်းကို ရှောင်ပါ။

    Source: သီးနှံကာကွယ်ရေးဌာနခွဲ၊စိုက်ပျိုးရေးဦးစီးဌာန 


  • article
likes34comments0
views328views4031