ပါရာကွက် ပေါင်းသတ်ဆေးအကြောင်း
- ပါရာကွက်ပေါင်းသတ်ဆေးကို ၁၈၈၂ ခုနှစ်တွင် စတင်သိရှိလာခဲ့ကြသော်လည်း ပေါင်းသတ်ဆေးအဖြစ် ၁၉၉၅ ခုနှစ်အထိ ပေါင်းသတ်နိုင်သည့်အာနိသင် နှင့် အသုံးကို သတိမထားမိခဲ့ကြချေ။ - ၁၉၆၂ ခုနှစ်အစောပိုင်းတွင် အိုင်စီအိုင်(ICI)ကုမ္ပဏီမှ စတင်ထုတ်လုပ်ရောင်းချခဲ့သည်။ ပါရာကွက် ပေါင်းသတ်ဆေး၏ အခြားပေါင်းသတ်ဆေးများနှင့် မတူကွဲပြားခြားနားချက်များမှာ- - တစ်နှစ်ခံမြက်မျိုး အတော်များများနှင့် ရွက်ပြန့်ပေါင်းများကိုသော်လည်းကောင်း၊ နှစ်ရှည်ခံပေါင်းပင်များ၏ အပင်များ၊အရွက်ဖျားများကိုသော်လည်းကောင်း ကျယ်ကျယ်ပြန့်ပြန့်သတ်ပေးနိုင်ခြင်း။ - အပင်များကို သတ်ရာတွင် လျင်မြန်သော အာနိသင်ိရှခြင်း။ - ဆေးဖြန်းပြီးမိနစ်ပိုင်းအနည်းငယ်အတွင်း မိုးရွာဒါဏ်ခံနိုင်ခြင်း။ - မြေကြီးပေါ်ဆေးကျရောက်ပါကလည်း မြေဆီလွှာအပေါ် ပြဿနာမရှိခြင်းတို့ ဖြစ်ပါသည်။ - ထို့ကြောင့် ပါရာကွက်ပေါင်းသတ်ဆေးများကို ကျယ်ပြန့်စွာ အသုံးပြုလာကြသည်။ ထို့ကြောင့်လည်း ထွန်ယက်ခြင်းမပြုဘဲ စိုက်ပျိုးသောစနစ်များ(Zero Tillage) နှင့် အံဝင်ခွင်ကျဖြစ်သည်။ ပါရာကွက်ပေါင်းသတ်ဆေးကို အမေရိကန်ပြည်ထောင်စုတွင် သတိထားသုံးစွဲရမည့် ပေါင်းသတ်ဆေးအဖြစ် သတ်မှတ်ထားပြီး၊ ဥရောပတိုက်တွင် ပါရာကွက်ပေါင်းသတ်ဆေးအသုံးပြုခွင့်ကို ၂၀၀၇ ခုနှစ် ကတည်းက တားမြစ်ခဲ့သည်။ - ပါရာကွက်သည် အစာချက်လုပ်ခြင်းကို အဟန့်အတားဖြစ်စေပြီး အပင်ကို သတ်ပေးသော ပေါင်းသတ်ဆေးဖြစ်သည်။ ထိသောပေါင်းသတ်ဆေးဖြစ်သဖြင့် အစိမ်းရောင်ကလိုဖီးလ်များကို သတ်ပေးပြီး အစာမချက်လုပ်နိုင်တော့ဘဲ အပင်သေစေခြင်းဖြစ်သည်။ - ဂလိုင်ဖိုဆိတ်ကို နှစ်ပေါင်းများစွာ အသုံးပြုလာသော နေရာများတွင် အချို့သောပေါင်းများ မသေတော့ဘဲ ဖြစ်လာတတ်သဖြင့် ပါရာကွက်ပေါင်းသတ်ဆေးဖြင့် အလှည့်ကျသုံးစွဲပေးပါက ပို၍ကောင်းသည်။ - ဥပမာ ဩစတျေးလီးယားနိုင်ငံတွင် ဂလိုင်ဖိုဆိတ် နှင့် ပါရာကွက်ကို နှစ်ပြန်သတ်စနစ်(Double Nock)ဖြင့် အသုံးပြုလေ့ရှိကြသည်။ သီးနှံတစ်ခုမစိုက်ပျိုးမီ စိုက်ပျိုးမြေကို ပထမ ဂလိုင်ဖိုဆိတ်ဖြင့် ပက်ဖြန်းပြီး နောက်(၇) ရက်မှ (၁၀) ရက်အကြာတွင် ပါရာကွက်ကို ဒုတိယအကြိမ်ပက်ဖြန်း၍ ပေါင်းသတ်လေ့ရှိကြသည်။ - ပါရာကွက်ပေါင်းသတ်ဆေးကို ပထမဦးစွာ မြက်သတ်ဆေးအဖြစ် ဂရမ်မိုဇုန်း(Gramozone)အမည်ဖြင့် ကျော်ကြားခဲ့သည်။လမ်းဘေးဝဲယာများ၊ရထားသံလမ်းဘေးတစ်လျှောက်များတွင်ပေါက်ရောက်သောမြက်များနှင့် ရွက်ပြန့်ပေါင်းများကိုသတ်ရန် အများဆုံးအသုံးပြုခဲ့ကြသည်။ - ပါရာကွက်ပေါင်းသတ်ဆေး၏အားနည်းချက်မှာထိသေပေါင်းသတ်ဆေးဖြစ်သဖြင့် အပင်၏မြေပေါ်အစိတ်အပိုင်းများ၊ဆေးဖြင့်ထိသောအပင်များသာသေနိုင်သည်။မြေအောက်အစိတ်အပိုင်းများကို မသတ်နိုင်သဖြင့် ဆေးဖြန်းပြီး မိုးပြန်ရွာသည့်အခါ အပင်မြေအောက်ပိုင်း အစိတ်အပိုင်းများမှာ အပင်သစ်များ ပြန်ထွက်လာနိုင်သဖြင့် တစ်ကြိမ်ဖြန်းရုံဖြင့်မလုံလောက်ပါ။ - ကောင်းမှန်-ကံမြင့် - ပေါင်းနှင့် ပေါင်းသတ်ဆေး စာအုပ်မှ ကူးယူဖော်ပြအပ်ပါသည်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
