cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဥကပ် ရေချိုပုစွန်တုပ်များ ၃ လ မဖမ်းဖို့နဲ့ ငါးမွေးမြူရေးကန်များ အပူချိန်ကာကွယ်ဖို့နှိုးဆော်

. ငါးမွေးမြူရေးသတင်း
ပုစွန်တုပ်ကြီးများ မဖမ်းဆီးဖို့တိုက်တွန်းချက်နဲ့အတူ အပူချိန်ပြင်းထန်လွန်ကဲမှုတွေကြောင့် ငါးမွေးမြူရေးကန်များကိုလည်း ကြိုတင်ကာကွယ်ဖို့ သတိပေးထားပါသေးတယ်။
  • မိုးဦးကျကာလအစဖြစ်တဲ့ ဧပြီ၊ မေ နှင့် ဇွန်လ တွေဟာ ရေချိုပုစွန်တုပ်တွေ ဥကပ်ချိန်ဖြစ်တဲ့ အတွက် ဥကပ်နေတဲ့ ပုစွန်တုပ်တွေ (သို့မဟုတ်) ဥပြည့်ဝနေတဲ့ ရေချိုပုစွန်တုပ်ကြီးတွေကို မဖမ်းဆီးကြဖို့နဲ့ ဘေးမဲ့ပေးကြဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက တားမြစ် သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

    အဲဒီသတိပေးချက်အရ မျိုးပုစွန်တုပ်ကြီးများကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါက သားလောင်းများ မပေါက်နိုင်တော့ဘဲ မျိုးပြုန်းတီးမှုကိုဖြစ်ပေါ်စေနိုင်တာမို့ ဧပြီ၊ မေ နှင့် ဇွန်လ တွေမှာဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ သယ်ယူခြင်း၊ သိုလှောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းများမပြုလုပ်ကြဖို့ ငါးလုပ်ငန်းဦးစီးဌာနမှအမိန့်ကြေညာစာအမှတ် ၁/၉၂ ဖြင့် တားမြစ်ထားတာပါ။

    အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျုးလွန်ပါက “ရေချိုငါးလုပ်ငန်းဥပဒေ”ပါ ပြဌာန်းချက်များအရ အရေးယူခံရမယ်လို့လည်း ဆိုထားတာပါ။ ဒါကြောင့် ဧပြီမှ ဇွန်လကုန်အထိ ပုစွန်တုပ်ကြီးများကို ဘေးမဲ့ပေးဖို့ တိုက်တွန်းထားပါတယ်။

    ယင်းသို့ ပုစွန်တုပ်ကြီးများ မဖမ်းဆီးဖို့တိုက်တွန်းချက်နဲ့အတူ အပူချိန်ပြင်းထန်လွန်ကဲမှုတွေကြောင့် ငါးမွေးမြူရေးကန်များကိုလည်း ကြိုတင်ကာကွယ်ဖို့ သတိပေးထားပါသေးတယ်။

    အဲဒီသတိပေးချက်အရ အပူချိန်မြင့်မားကာ ရေငွေ့ပြန်ပြီး ရေလျော့နည်းကျဆင်းလာသဖြင့် ကန်ထဲရှိငါးများ၏ စွန့်ပစ်အညစ်ကြေးများကြောင့်သော်လည်းကောင်း၊ မွေးမြူထားသောငါးများကိုအစားကျွေးလွန်ကဲသဖြင့် စားကြွင်းစားကျန်များကြောင့်သော်လည်းကောင်း ရေထုညစ်ညမ်းပြီး ယင်းနှင့် ဆက်စပ်၍ ငါးရောဂါ ကျရောက်တတ်သဖြင့် ဩဇာဓာတ်ထည့်သွင်းတာနဲ့ ငါးအစာအလွန်အကျွံကျွေးတာကို လျှော့ချပေးဖို့ သတိပေးထားတာပါ။

    ဤဆောင်းပါးကို MFN မှကူးယူ ဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes9comments0
views90views2623