cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ခရမ်းချဉ်ပင်တွေကို လွယ်လွယ်ကူကူ ဝတ်မှုန်ကူးကြမယ် အပိုင်း (၁)

. အပင်အာဟာရ
 ခရမ်းချဉ်အရွက်က အစိမ်းရောင် တောက်တောက်ပြောင်ပြောင်လေး၊ အပွင့်က အဝါရောင်လေးနဲ့ အသီးလေးတွေက ရင့်မှည့်လာပြီးတဲ့နောက် အနီရောင်လေးဖြစ်လာတဲ့အခါ ကြည့်ရမြင်ရတာ မျက်စိ ပသာဒ သိပ်ရှိလှပါတယ်။ ခရမ်းချဉ်ပင်ကို တပိုင်တနိုင် အိမ်စားဖို့စိုက်တာဘဲဖြစ်ဖြစ်၊ အပျော်တမ်း စိုက်တာဘဲဖြစ်ဖြစ် ကိုယ်စိုက်တဲ့သီးနှံကို ကိုယ်တိုင်ရိတ်သိမ်း ရတဲ့အခါ အရမ်းစိတ်ကြည်နူးဖို့ ကောင်းတယ်ဆိုတာ အပင်စိုက်ဖူးသူ မှသာ ရနိုင်တဲ့ခံစားချက်မျိုးဘဲ ဖြစ်ပါတယ်။

  •  ဒါပေမဲ့ အပင်သက်တမ်းတလျှောက်မှာ လွဲမှားမှု တစုံတရာ (ဥပမာ - အေးလွန်းနေတာ၊ ရာသီဥတုက မှုံမှိုင်းမှိုင်း ဖြစ်နေ တာ၊ စိုထိုင်းစ တအားများနေတာ၊ ဝတ်မှုန်အောင်စေမဲ့ အနေအထားတွေ ရှိမနေဘူး ဆိုရင်) ရှိမယ်ဆိုရင် သီးနှံ မဖြစ် ထွန်းတာ ဖြစ်လာတဲ့အခါမှာ စိုက်ပျိုးသူတွေအနေနဲ့ စိတ်ပျက်စိတ်ရှုပ် ရတာမျိုးတွေ ရှိတတ်ပါတယ်။

     ကံကောင်းတာတခုကတော့ ခရမ်းချဉ်ပင်ဟာ လက်နဲ့ဝတ်မှုန်ကူးရတာ လွယ်ကူတဲ့ပန်းပွင့် အမျိုးအစား ဖြစ်နေပါတယ်။

    ကဲ! ခရမ်းချဉ်ကို လက်နဲ့ ဘယ်လို လွယ်လွယ်ကူကူ ဝတ်မှုန်ကူးကြမလဲ?

     ခရမ်းချဉ်ပင်ဟာ ပင်တည်းဝတ်မှုန်ကူးတာ ဖြစ်တဲ့အတွက်ကြောင့် သူရဲ့မျိုးပွါးအင်္ဂါမှာ အဖိုအင်္ဂါ အမအင်္ဂါ နှစ်မျိုးလုံး ပါပါတယ်။ခရမ်းချဉ်ပွင့်တွေဟာ ဝတ်ဆံဖိုက ဝတ်မှုန်လေးတွေကို ဝတ်မှုန်ခံတိုင်ပေါ် ထုတ်ပေးနိုင်တဲ့အတွက် လက်နဲ့ ဝတ်မှုန်ကူးရတာ လွယ်ကူပါတယ်။ ဒါကြောင့် ဝတ်မှုန်အောင်ဖို့ အခွင့်အလမ်းတွေ နည်းပါးတဲ့အခါမျိုးမှာ အချိန်နည်းနည်း လောက်ယူပြီး ဝတ်မှုန်ကူးပေးလိုက်မယ်ဆိုရင် အသီးအပွင့်တွေ များများသီးပွင့် လာပါမယ်။

     ပုံမှန်အားဖြင့် ခရမ်းချဉ်ပင်ဟာ လေနှင့်သော်လည်းကောင်း၊ အင်းဆက်နှင့်သော်လည်းကောင်း ဝတ်မှုန်ကူးပြီး သန္ဓေ အောင်လေ့ရှိပေမဲ့ သုတေသနလေ့လာချက်တွေအရ ပျားတွေနဲ့ ဝတ်မှုန်ကူးပြီး သန္ဓေအောင်ခြင်းက အထွက်နှုန်း ပိုမို ကောင်းပြီး အသီးအရွယ်အစားကိုပါ ကြီးစေပါတယ်။

     ဝတ်မှုန်လေးတွေက မနက် ၁၀:၀၀ နာရီလောက်ကနေ ညနေ ၄:၀၀ အတွင်းမှာ ကြွေကျတတ်ပါတယ်။ ဝတ်မှုန်ကူးမယ်ဆို အကောင်းဆုံးအချိန်ကတော့ နေ့လည်ပိုင်းလောက်မှာ ကူးတာအကောင်းဆုံး ဖြစ်ပါတယ်။

    -----


  • article
8 ကြိုက်
136 ကြည့်ရှု