cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါး ပုစွန် မွေးမြူရန်အတွက် ကန်တူးဖော်ခြင်းနှင်.မြေနေရာရွေးချယ်ခြင်း

. ငါးမွေးမြူရေးလမ်းညွှန်ချက်များ
မြေနေရာရွေးချယ်ခြင်း

  • ငါး ပုစွန်နှင်.ရေနေသတ္တဝါမွေးမြူရန်အတွက် မြေနေရာရွေးချယ်ခြင်းလုပ်ငန်းသည် အဓိကကျသော လုပ်ငန်းတခုဖြစ်ပါသည်။ ငါးမွေးမြူရေးလုပ်ငန်းတွင် မြေနေရာရွေးချယ်မှု.မှန်ကန်ပါက လုပ်ငန်း၏ (၅၀)ရာ ခိုင်နှုံးအောင်မြင်သည်ဟု အဆိုပြုထားပါသည်။ မြေနေရာရွေးချယ်မှု. မှားခဲ.ပါက ငါးမွေးမြူရေးလုပ်ငန်းအ တွက် အခက်အခဲများစွာကြုံတွေ.ရပြီး ကုန်ကျစရိတ်များစွာထပ်မံကုန်ကျသည်.အပြင် ငါးကြီးထွားခြင်းကို လည်းထိခိုက်နိုင်ပါသည်။

    ထို.ကြောင်.ငါးမွေးကန်အသစ်တူးဖော်လိုသောတောင်သူများသည် မိမိတူဖော်မည်.မြေနေရာရွေး ချယ်ရန်အတွက် အောက်ပါအချက်များကိုလိုက်နာဆောင်ရွက်သင်.ပါကြောင်းတင်ပြအပ်ပါသည်-

    ၁။မိမိတူးဖော်မည်.မြေနေရာသည် ပြန်.ပြူးရမည်၊ မြေအမျိုးအစာသည် ရွံ.စေးမြေဖြစ်ရန်အရေးကြီးပါသည်။ ၂။မိမိတူးဖော်မည်.နေရာသည် ရေအလွယ်တကူ သွင်းနိုင်သော၊ ထုတ်နိုင်သောနေရာ ဖြစ်ရမည်.အပြင် တနှစ် ပတ်လုံးရေ ရရှိနိုင်သောနေရာဖြစ်ရမည်။

    ၃။လုံခြုံရေးကောင်းမွန်ခြင်းနှင်. ဆက်သွယ်ရေးကောင်းမွန်သောနေရာဖြစ်ရမည်။

    ၄။မိမိတူးဖော်မည်. မြေ၏ ချည်ဖန်နှုံးသည် (၅) အထက်ရှိစေရမည်။

    ၅။ စက်ရုံ အလုပ်ရုံများနှင်.နီးစပ်သောနေရာ ကိုရှောင်ရမည်။ (စက်ရုံ အလုပ်ရုံမှ စွန်.ပစ်သောရေများ နှင်. အညစ်အကြေးများ သည် ကန်ရေသွင်းချိန်တွင် မပါလာစေရန်အတွက်ဖြစ်ပါသည်)

    ၆။ မိမိတူးဖော်မည်.ကန်အနီးပတ်လည်တွင် သစ်ပင်ကြီးများ မရှိစေရပါ။ ( ငါးမွေးကန် နေရောင်ခြည်နှင်. အလင်ရောင်ရရှိစေရန်ဖြစ်ပါသည်။)

    ကန်တူးဖော်ခြင်း

    ငါးမွေးကန်တူဖော်ရာတွင် ထိန်းသိမ်းရန်နှင်.စီမံခန့်ခွဲမှုကောင်းမွန်စေရန်ရည်ရွယ်ပြီး (၃)ဧက (၅) ဧက အရွယ်သာတူးဖော်သင်.ပါသည်။ ဧက (၅၀) (၁၀၀) တူးဖော်ပါက ငါးမွေးကန်အားထိန်းသိမ်းရာတွင် အခက်အခဲရှိပါသည်။ ရောဂါကျရောက်ပြီး ထိခိုက်မှု.များရှိပါက ဆုံးရှုံးမှု.များစွာရှိနိုင်ပါသည်။ ဉပမာဧက (၅၀) ကန်တူးဖော်လိုပါက (၅)ဧက ကန် (၁၀)ကန်တူးဖော်စေလိုခြင်းဖြစ်ပါသည်။

    ငါးမွေးကန်တူးဖော်မည်.ကန်တိုင်းတွင် ရေသွင်းပေါက် ရေထုတ်ပေါက်ကို ကန်၏တဖက်တချက် တွင် တပ်ဆင်ထားရန်လိုအပ်ပါသည်။ အဆိုပါရေသွင်းပေါက် နှင်. ရေထုတ်ပေါက်များကို ရေရရှိမည်.နေရာဖြင်. ဆက်သွယ်ထားရှိခြင်းအားဖြင်. ရေသွင်းခြင်း ၊ ရေထုတ်ခြင်းကို ကုန်ကျစရိတ် သက်သာစွာဖြင်. အလျှင်အမြန် ဆောင်ရွက်နိုင်ပါမည်။ အဆင်.မြင်.မွေးမြူလိုသူများအတွက် ငါးမွေးကန်ကို (၅)ဧက အရွယ်သာ တူးဖော်သင်. ပြီး ရေလှောင်ကန်ပါသီးခြားတူးဖော်ဆောင်ရွက်သင်.ပါသည်။ ရေလှောင်ကန်သည် မူလငါးမွေကန်အရွယ် အစား၏ (၃၀)ရာခိုင်နှုံး ထားရှိပါက လုံလောက်ပါသည်။ထိုသို.ဆောင်ရွက်ထားရှိပါက မိမိငါးမွေးကန် ကို အဆင်.မြင်.နည်းစနစ်ဖြင်.မွေးမြူနိုင်ပါကြောင်းတင်ပြအပ်ပါသည်။ငါးမွေးကန် တကန်ချင်းအား စီမံခန်.ခွဲ ရေး တွင်တွင်လွယ်ကူပြီး ရေဩဇာရရှိစေရန် ဆောင်ရွက်ခြင်းတွင်လည်းလွယ်ကူစေ‌ကြောင်းတွေ.ရှိရပါမည်။

    ကန်စတင်မတူမှီ ကန်အောက်ခြေရှိမြေသည် ရွံ.စေမြေ ဟုတ် မဟုတ်ကို အောက်ပါနည်းအတိုင်း စမ်းသပ်နိုင်ပါသည်။ အဝ အချင်း (၂)လက်မ သံပိုက် ကို မိမိတူးဖော်မည်.မြေအတွင်းသို.အနည်းဆုံ (၄)ပေ ရိုတ်သွင်းပါ။ သံပိုက်ကို ပြန်လည်ထုတ်ပြီး သံပိုက်အဝရှိမြေကို စမ်းသပ်ကြည်.ခြင်းအားဖြင်. မြေအမျိုးအစား ကိုသိရှိနိုင်ပါသည်။ တူးဖော်မည်.မြေမျက်နှာပြင် ရှိ နေရာ (၂၀)လောက်ကို အထက်ပါအတိုင်းလိုက်လံစမ်း သပ်ပါက ပိုပြီးသေချာပါသည်။ ကန်တူဖော်ရာတွင် အနက်သည် အနည်းဆုံး (၄) ပေ (၅)ပေအထိ တူးသင်.ပါ သည်။ ငါးမွေးကန်သက်တမ်းကြာလာလျှင် နှုံးကျခြင်း မြေပြိုခြင်းများရှိလာနိုင်သည်.အပြင် ယခုအချိန်တွင် အပူချိန်မြင်.မားလာခြင်းကြောင်. ငါးမွေးကန်များအပူချိန်လွန်ကဲစွာ မခံစားရစေရန်ဖြစ်ပါသည်။

    ဦးဆန်းအောင်(ထွက်တိုး)


  • article
likes21comments1
views301views2711