cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြန်မာနိုင်ငံဒေသအချို့တို့မှာ မုတ်သုန်ကြိုမိုးတွေရွာလာနိုင်

. ရာသီဥတု သတင်းများ
‼️မုတ်သုန်ကြိုမိုး၊ လျှပ်စီးမိုး၊ လေပြင်းတိုက်ခတ်ခြင်း အန္တရာယ် နှင့် အပူလှိုင်းကျရောက်နိုင်‼️
  • မုတ်သုန်ကြိုမိုး ⛈⛈⛈⛈⛈⛈⛈🌧


    ဧပြီလ ၂၅ရက်နေ့မှ မေလ ၁၅ရက်နေ့အတွင်း မြန်မာနိုင်ငံဒေသအချို့တို့မှာ မုတ်သုန်ကြိုမိုးတွေရွာလာနိုင်ပါတယ် လျှပ်စီးမိုးခြိမ်းခြင်း မိုးကြိုးပစ်ခြင်း ရုတ်တရက်လေပြင်းတိုက်ခတ်ခြင်းအန္တရာယ်များရှိပါတယ်



    21/04/2023 ⛈⛈⛈

    ယနေ့မွန်းလွှဲညနေပိုင်းများတွင်း ဖြူး-နေပြည်တော် အမြန်လမ်းမအနောက်ဖက် ပဲခူးရိုးမတောင်တန်းများပေါ်တွင် K- Index များမြင့်တက်နေသဖြင့် လျှပ်စီးမိုးကြိုး ရုတ်တရက်လေပြင်းတိုက်ခြင်း ထစ်ခြုံးမိုးရွာခြင်းများကြုံတွေ့ရနိုင်ပါတယ်

    issued time

    21/04/2023 10:25am(MMT)


    မိုးကုတ် လေမိုးလျှပ်စီးမိုးကြိုး မိုးသီး

    21/04/2023 6:33am(MMT)


    Pre-Monsoon

    မုတ်သုန်ကြိုမိုး ⛈⛈⛈

    ၂၀၂၃ဧပြီလ ၂၀ရက်နေ့မှ ၂၇ရက်နေ့အတွင်း မွန်ပြည်နယ် မုတ္တမပင်လယ်ကွေ့ဒေသတွေမှာ မုတ်သုန်ကြိုမိုး ထစ်ချူန်းမိုးတွေရွာနိုင်ပါတယ်

    issued time

    19/04/2023 8:06am(MMT)


    pre monsoon

    ဖြူး ကညွှတ်ကွင်း ညောင်ပင်သာ ကျောက်တံခါး ဖဒို ပိန်းဇလုပ် ညောင်လေးပင် ဒိုက်ဦးဒေသတွေမှာ ၂၀၂၃ ဧပြီလ ၂၉ရက်နေ့မှ မေလ ၆ရက်နေ့အတွင်း မုတ်သုန်ကြိုမိုးတွေရွာနိုင်ပါတယ်

    issued time

    16/04/2023 7:03pm(MMT)


    ပုဂံ ညောင်ဦး

    ၂၀၂၃ ဧပြီလ ၁၅ရက်နေ့မှ ၂၂ရက်နေ့အတွင်း အပူချိန်များမြင့်တက်ကာ အပူလှိုင်းကျရောက်နိုင်ပါတယ်

    Heat stroke အပူရှပ်ခြင်း

    ခေါင်းမူးဝေခြင်း ရုတ်တရက်လဲကျသေဆုံးခြင်း စတဲ့အန္တရာယ်များရှိပါတယ်

    ရေများများသောက်ပါ ဓာတ်ဆားရေသောက်ပါ

    မနက် ၁၁နာရီမှ ညနေ၅နာရီအတွင်း ရေချိုးခြင်းမပြုလုပ်သင့်ပါဘူး အရိပ်အာဝါသကောင်းတဲ့နေရာမှာနေထိုင်ကြပါ

    issued time

    15/04/2023 12:42pm(MMT)

    ရှမ်းမြောက် ⛈⛈⛈⛈⛈

    နောက် ၃နာရီအတွင်း လေမိုးလျှပ်စီးလက်ခြင်း မိုးခြိမ်းခြင်း မိုးကြိုးပစ်ခြင်း ရုတ်တရက်လေပြင်းတိုက်ခတ်ခြင်း မိုးသီးကြွေခြင်းစတဲ့အန္တရာယ်များရှိပါတယ်

    issued time

    21/04/2023 2:25pm(MMT)

    Su Su San

    𝘾𝙡𝙞𝙢𝙖𝙩𝙤𝙡𝙤𝙜𝙞𝙨𝙩

    𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧

    &

    𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫


    မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://bit.ly/htwettoev2


  • article
likes25comments0
views183views6953