cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နှမ်းသီးနှံစိုက်ပျိုးခြင်းနှင့် အပင်ပြုစု‌စောင့်ရှောက်ခြင်း

. စိုက်ပျိုးနည်းစနစ်များ
အရည်သွေးကောင်း နှမ်းသီးနှံ စိုက်ပျိုးထုတ်လုပ်ရန် အောက်ဖော်ပြပါနည်းလမ်းများကို လိုက်နာစောင်ရွက်ရမည်။

  • -သဘာဝမြေဩဇာအဖြစ် နွားချေးဆွေးအနည်းဆုံး (၅)စီး မြေမပြုပြင်မှီ ထည့်သွင်းပေးရပါမည်။

    -ဓါတ်မြေဩဇာ ယူရီးယား(၂၈)ပေါင်၊တီစူပါ(၅၆)ပေါင်၊ပိုတက်ရှ်(၂၈)ပေါင်ကို ထယ်ရေးပြင်ချိန်ထည့်သွင်းပေးရမည်။

    -ပန်းစပွင့်ချိန် ယူရီးယား(၂၈)ပေါင်နှင့် ပန်းပွင့်ဖြိုင်ချိန်(၂၈)ပေါင်နှုန်း ထပ်မံထည့်သွင်းရပါမည်။

    -အပင်သားခွဲပြီးချိန်မှ ပန်းစပွင့်ချိန်အထိ ဇီဝစူပါ ရွက်ဖြန်းမြေဩဇာကို တစ်ပါတ်ခြားတစ်ကြိမ် ပက်ဖြန်းရန်။

    -မြေဩဇာမကျွေးခင် စိုက်ခင်းအတွင်းရှိပေါင်းမြက်များကို ရှင်းလင်းသင့်သည်။

    -မြေဩဇာကျွေးချိန်တွင် မြေကြီးထဲတွင် လုံလောက်သောအစိုဓါတ် ရှိသင့်သည်။

    -ထည့်သွင်းသည့်မြေဩဇာ အကျိုးသက်ရောက်မှုရှိစေရန် စိုက်ခင်းမြေပြင်ချိန်တွင်တစ်ကြိမ်၊(အစိုဓါတ်ရှိချိန်)၊အပင်ဖြစ်ထွန်းချိန်တွင်တစ်ကြိမ်၊ပန်းပွင့်ချိန်၊အသီးစတင်ဖြစ်ပေါ်ချိန်များတွင် ထည့်သွင်းပေးသင့်သည်။

    -သင့်တော်သော အစိုဓါတ်ရှိချိန်တွင် စိုက်ကြောင်းမနက်စေရန်၊ မြေမျက်နှာပြင်ညီစေရန်၊မျိုးကျညီစေရန်။

    -(၁၀)ရက်သားတွင် အူကြောင်းဖောက်ရန်၊ မူမှန်ရွက်(၂)စုံထွက်ချိန်မှုန်းပြီး (၃)စုံ ထွက်ချိန် (၁၅-၂၁)ရက်အတွင်းတွင် ပေါင်းထိုးသားခွဲခြင်းကို မဖြစ်မနေပြုလုပ်ရန်။ (၁)ကျင်းလျှင် (၁)ပင်ချန်အပြီး သားခွဲရန်။

    -၃၅ ရက်သားအတွင်း ပေါင်းမြက်နှိမ်နင်းခြင်းကို အပြီးဆောင်ရွက်ရန်။

    -ပေါင်းရှင်း၊သားခွဲ၊ကြားတိုက်စဉ် ခြေလှမ်း(၂၀)ခန့်ရောက်တိုင်း ထွန်ချေးချထားရန်။

    -တစ်ပင်တိုင်မျိုးများအတွက် တန်းကြား(၁၂)လက်မ၊ ပင်ကြား(၄လက်မ)နှင့် ကိုင်းဖြာမျိုးများအတွက် တန်းကြား(၁၅)လက်မ၊ ပင်ကြား(၄လက်မ) အကွာထား၍ အနည်းဆုံးတစ်ဧက အပင်ဦး‌ရေ(တစ်သိန်း)ရှိသင့်သည်။

    -မြေဆောင်ရောဂါများကာကွယ်ရန် မျိုးစေ့ကို မှိုသတ်ဆေးတစ်မျိုးမျိုးနှင့် လူးနယ်စိုက်ပျိုးသင့်ပါသည်။

    -ပိုးမွှားရောဂါများကို အပင်ငယ်စဉ်မှ ရိတ်သိမ်းချိန်အထိ စနစ်တကျကာကွယ်နှိမ်နင်းရန်။

    -ဘက်ပေါင်းစုံကာကွယ်နှိမ်နင်းခြင်းနည်းစနစ်များ လုပ်ဆောင်သင့်သည်။

    -စိုက်ခင်းမြေပြင်ရာတွင် မြေအနက်(၆)လက်မအထိ ထယ်‌ရေးထွန်‌ရေးနက်အောင် ပြုပြင်သင့်ပါသည်။

    -ရာသီဥတု နှင့် ရေရရှိမှုအခြေအနေအရ ရေသွင်းရေထွက်မြောင်းများကို သေချာစွာပြုပြင်ထားရှိရပါမည်။

    -ပန်းပွင့်ချိန်နှင့် အပွင့်တိတ်စချိန်တွင် ရေလိုအပ်ပါက တစ်ကြိမ်စီသွင်းပေးသင့်သည်။

    -နှမ်းသီးနှံကို မိုးကြိုရာသီ၌ (ဖေဖော်ဝါရီ၊မတ်လ)၊ မိုးရာသီ၌(မေ၊ဇွန်)၊ ဆောင်းရာသီ၌(စက်တင်ဘာလ)များတွင် စိုက်ပျိုးသင့်ပါသည်။

    -မျိုးစေ့နှုန်းထားမှာ တစ်ဧကလျှင် (၁.၅ ပြည် မှ ၂ ပြည်) နှုန်း သုံးစွဲသင့်ပြီး အပင်ပေါက်ရာခိုင်နှုန်း (၈၀) အထက်နှင့် မျိုးစေ့သန့်စင်မှု (၉၈)ရာခိုင်နှုန်း ရှိရပါမည်။

    -နှမ်းသီးနှံ၏သက်တမ်းအလိုက်သော်လည်းကောင်း နှမ်းခင်းတစ်ခုလုံး အဝါရောင်ပြောင်းချိန်၌သော်လည်းကောင်း အချိန်ကိုက်ရိတ်သိမ်းပြီး၊ နှမ်းစည်းခြင်း၊နှမ်းထောင်ခြင်းများ ပြုလုပ်သင့်သည်။

    -နှမ်းခါခြင်းကို သန့်ရှင်းခြောက်သွေ့သော ချည်ဆောင်ကြမ်း (သို့မဟုတ်) မိုးကာများပေါ်တွင် အလေအလွင့်နည်းပါးအောင် ဆောင်ရွက်သင့်သည်။

    နှမ်းသီးနှံစိုက်ပျိုးရေးဆိုင်ရာ နည်းပညာနှင့် အလေ့အကျင့်ကောင်းများ- စာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။ 


  • article
likes12comments0
views213views3001