cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

၁၇.၄.၂၀၂၃ မှ ၂၁.၄.၂၀၂၃ ရက်နေ့ထိ ဈေးကွက်သုံးသပ်ချက်

. ဈေးကွက်
-ဆန်စပါးစျေး ပိတ်ရက်အပြီး စျေးမြင့်တက်လာ
-မတ်ပဲစျေး ပိတ်ရက်မတိုင်ခင်နဲ့နှိုင်းယှဉ်ရင်ဈေးတွေ မြင့်တက်လာ
-ပဲစင်းငုံနီစျေး ပိတ်ရက်မတိုင်ခင် ကာလနဲ့ယှဉ်ရင်ဈေးကျဆင်း
-ပဲကြီးစျေး ပိတ်ရက်ကာလမတိုင်ခင်ဈေးအေးနေပြီး ပိတ်ရက်ကာလအပြီးဈေးတွေ ဆက်တိုက်မြင့် တက်လာ
-ကြက်သွန်နီအဝင်နည်းလာတဲ့အတွက်စျေး မြင့်တက်လာ
  • ဆန်စပါး

    ပိတ်ရက်အပြီး ရန်ကုန်ဈေးကွက်မှာရော နယ်ဈေးကွက်မှာပါ ဆန် စပါးဈေးဟာ မြင့်တက်လာခဲ့ပါ တယ်။ပိတ်ရက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေပါ ပိတ်လို့ ဆန်အဝင်နည်း အဝယ်သွက်ပြီး ဈေးတက်လာတာ ဖြစ်တယ်လို့ ဆန်ကုန်သည်တွေက ဆိုပါတယ်။လက်ရှိ ပြည်တွင်းဆန်တွေကတော့ ဒေသတွင်း ဝယ်ယူမှု များတဲ့အပြင် နယ်စပ်တင်ပို့မှုကလည်း ရှိနေတာ ဖြစ်လို့လတ်တလော ဈေးကျဆင်းနိုင်မှာ မဟုတ်ဘူးလို့လည်း ကုန်သည်အချို့က သုံးသပ်ပါတယ်။မကြာခင် စပါးအသစ်တွေ ဈေးကွက်ထဲ ဝင်ရောက်လာရင်တော့ ဈေးအေးနိုင်တယ်လို့အချို့က ခန့်မှန်းပါတယ်။

    ရန်ကုန်ဝါးတန်းဈေးကွက်မှာ ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၈၇၀၀၀ ကနေ ၉၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်၊မြောင်းမြပုသိမ်ပေါ်ဆန်းက တစ်အိတ်ကို ၇၅၀၀၀ကနေ ၈၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထ၂၅ မှတ်တန် ကတော့ တစ်အိတ်ကို ၅၃၀၀၀ ကနေ ၅၃၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ်၊ရက် ၉၀ ကတော့ တစ်အိတ်ကို ၅၉၀၀၀ ကနေ ၆၁၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ဆန်သီးထပ် ကတော့ တစ်အိတ်ကို ၅၃၀၀၀ ကနေ ၅၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ် အသီးသီး ဈေး တက်လာပါတယ်။

    ဧရာဝတီတိုင်းဈေးကွက်မှာတော့ ၂၀၂၃ နွေစပါးတွေ ဖြစ်တဲ့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁၇၆၁၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ကို ၁၆၀၀၀ကျပ်၊ဆန်ကတော့ တစ်အိတ်ကို ၇၅၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်၊ပုသိမ်ဧည့်မထစပါးက တင်း ၁၀၀ ကို ၁၄၉၀၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈၀၀၀ ကျပ်၊ဆန်ကတော့ တစ်အိတ်ကို ၅၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

    မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၁၈၅၇၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၃၀၀၀၀ ကျော်ဈေးတက်လာပြီး ဆန်က တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာကာ ၇၅၀၀၀ ပေါက်ဈေး ရှိပါ တယ်။မြောင်းမဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၁၅၂၇၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ကို ၅၅၀၀၀ ကျပ်၊ဆန်ကတော့ တစ်အိတ်ကို ၅၇၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။

    အခြား ဖျာပုံ၊ဒေးဒရဲ၊မအူပင်ဈေးကွက်တို့မှာလည်း စပါး တင်း ၁၀၀ကို အနိမ့်ဆုံး ၁၀၀၀၀ ကနေ ၃၀၀၀၀ အထိ ဈေးမြင့်တက်လာခဲ့ပါတယ်။


    မတ်ပဲ

    မတ်ပဲကတော့ ပိတ်ရက်မတိုင်ခင်နဲ့နှိုင်းယှဉ်ရင်ဈေးတွေ မြင့်တက်လာခဲ့ပါတယ်။အိန္ဒိယဝယ်လိုအားရှိ နေတာ ဖြစ်လို့ ပိတ်ရက်ကာလ အပြီး အရောင်းအဝယ်ဖြစ်ပြီး ဈေးတွေ မြင့်တက်လာတာလို့ ပဲကုန်သည်တွေက ဆိုပါတယ်။မတ်ပဲကတော့ အိန္ဒိယနိုင်ငံရဲ့ လိုအပ်ချက်ကြောင့် ပြည်တွင်း ပဲကုန်သည်တွေက စောင့်ကြည့်ဝယ်ရောင်းလုပ်နေတာဖြစ်လို့ လတ်တလော အခြေအနေအရ ဈေးက ကျဆင်းနိုင်ခြေ နည်းတယ်လို့ မတ်ပဲ ကုန်သည်အချို့ခန့်မှန်းပါတယ်။အိန္ဒိယနိုင်ငံကလည်း ပဲဈေးကွက် မြင့်မားနေတာကို ထိန်းချုပ်နေပေမယ့် ထိရောက်မှု မရှိဘူးလို့ အိန္ဒိယပဲသတင်းတွေ အရ သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(FAQ/RC) တစ်တန်ကို ၂၀၇၀၀၀၀ ပေါက်ဈေးရှိပြီး ပိတ်ရက် မတိုင်ခင်နဲ့ယှဉ်ရင် တစ်တန်ကို ၁၅၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။

    မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၂၀၁၀၀၀ ကနေ ၂၀၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀လောက်ဈေးမြင့်တက်ပါတယ်။

    မုံရွာဈေးကွက်၊အောင်လံဈေးကွက်၊မော်လမြိုင်ဈေးကွက်၊ပြည်ဈေးကွက် တို့မှာ မတ်ပဲ က တစ်တင်း ကို ၆၅၀၀၀ ကနေ ၆၈၀၀၀ ကြားပေါက်ဈေးရှိပြီး ၁၀၀၀လောက်ဈေးတက်ပါတယ်။

    ပဲစင်းငုံနီ

    ပဲစင်းငုံနီကတော့ ပိတ်ရက်မတိုင်ခင် ကာလနဲ့ယှဉ်ရင်ဈေးကျဆင်းပါတယ်။အိန္ဒိယဝယ်ယူမှု ရှိနေပေမယ့် ပိတ်ရက် ကာလအတွင်း လှောင်လက်တွေ ရောင်းချမှု အနည်းငယ်များတဲ့အတွက် ဈေးချဝယ်ယူတာလို့ သိရပါတယ်။ပဲလက်ကျန်မရှိတာဖြစ်လို့ ဈေးကျဆင်းမှု က ယာယီသာ ဖြစ်တယ်လို့ ပဲကုန်သည်အချို့က သုံးသပ် ပါတယ်။

    ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၂၃၇၀၀၀၀ ပေါက်ဈေးရှိပြီး ပိတ်ရက်မတိုင်ခင်ကာလ နဲ့ယှဉ်ရင် တစ်တန်ကို ၁၀၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။

    မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၂၅၀၀၀ ရှိပြီး ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

    နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊မုံရွာ နှင့် အောင်လံဈေးကွက်မှာတော့ ၇၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀လောက်ဈေးကျဆင်းသွားပါတယ်။

    ပဲတီစိမ်း

    ပဲတီစိမ်းကတော့ ရန်ကုန်ဈေးကွက်မှာ ဈေးငြိမ်နေပြီး မန္တလေးဈေးကွက်မှာတော့ ဈေးအနည်းငယ် တက်လာပါတယ်။တရုတ်ဝယ်လက်တွေ ပိတ်ရက်အပြီး အရောင်းအဝယ်ပြန်ဖြစ် လာလို့ ဈေး အနည်း ငယ်ပြန်တက်လာတာလည်း ဖြစ်ပါတယ်။ပဲတီစိမ်းက အဝင်ကလည်း ပုံမှန်ရှိနေတာ ဖြစ်လို့ ဈေးက အများကြီး အတက်အကျ ရှိနိုင်ဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

    ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၇၅၀ ကျပ်၊ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၅၈၀ ကျပ်၊ပဲတီစိမ်း(ဝါးခယ်မ)က တစ်ပိဿာကို ၂၂၁၅ ကနေ ၂၂၇၀ ကျပ် နဲ့ ဈေးငြိမ်နေပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်အိတ်ကို ၁၈၅၀၀၀ ကနေ ၂၂၀၀၀၀ ပေါက်ဈေးရှိပြီး ပိတ်ရက်မတိုင်ခင် ကာလနဲ့ယှဉ်ရင် တစ်အိတ်ကို ၁၅၀၀ ကနေ ၂၀၀၀ ကြားဈေးမြင့်တက်လာပါတယ်။

    ပဲကြီး

    ပိတ်ရက်ကာလမတိုင်ခင်ဈေးအေးနေခဲ့တဲ့ ပဲကြီးက ပိတ်ရက်ကာလအပြီးဈေးတွေ ဆက်တိုက်မြင့် တက်လာခဲ့ပါတယ်။ဈေးကွက်အတွင်းအဝယ်နည်းနေတဲ့အပြင် ပြည်တွင်း ဝယ်လိုအားမြင့်တက်နေ တယ်လို့ သိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာ ပဲကြီး(ရွှေကျွန်း)က တစ်ပိဿာကို ၄၆၉၀ ကနေ ၄၈၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၆၅ ကျပ်၊ပဲကြီး(ကုန်း)ကတော့ တစ်ပိဿာကို ၄၄၀၀ ကနေ ၄၄၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၆၀ ကျပ်ဈေးတက်လာပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ပဲကြီး(က၊လ၊သ)တို့က သုံးတင်းဝင် တစ်အိတ်ကို ၂၃၀၀၀၀ ကနေ ၂၅၅၀၀၀ ပေါက်ဈေးရှိပြီး ပိတ်ရက်မတိုင်ခင် ကာလနဲ့နှိုင်းယှဉ်ရင် တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေးမြင့်တက် လာပါတယ်။

    မုံရွာဈေးကွက်မှာလည်း တစ်တင်းကို ၈၅၀၀၀ ပေါက်ဈေးရှိပြီး ၃၅၀၀ကျပ်ဈေးတက်လာပါတယ်။

    ကြက်သွန်နီ

    ကြက်သွန်နီကတော့ ပိတ်ရက်အပြီး ဈေးကွက်ထဲကို ကြက်သွန်အဝင်နည်းလာတဲ့အတွက် ဈေးက ပြန်မြင့်တက်လာပါတယ်။ပိတ်ရက်မတိုင်ခင် နေ့စဉ်ဈေးကွက်ထဲကို ပိဿာချိန် ၃ သိန်းနီးပါးအဝင်ရှိခဲ့ ပေမယ့် ပိတ်ရက်အပြီးမှာတော့ ပိဿာချိန် ထက်ဝက်နီးပါးလျော့နည်းသွားတာဖြစ်လို့ ဈေးတွေ မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

    နယ်စုံကနေ ကြက်သွန်အဝင်တွေက ပုံမှန်ရှိနေတာ ဖြစ်လို့ လာမယ့် အပတ်ကနေ စပြီး အဝင်တွေ ပြန်သွက်လာနိုင်ပြီး ပွဲတော်ကာလအပြီး အဝယ်အေးနိုင်လို့ ဈေးတွေလည်း ကျဆင်းနိုင်တယ်လို့ ကြက်သွန်ကုန်သည်အချို့က ခန့်မှန်းထား ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ)က တစ်ပိဿာကို ၁၂၀၀ ကနေ ၁၄၅၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။။မြစ်သားကတော့တစ်ပိဿာကို ၁၅၀၀ ကနေ ၂၁၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးတက်လာပါတယ်။

    ပခုက္ကူဈေးကွက်မှာတော့ ကြက်သွန်နီက တစ်ပိဿာကို ၃၀၀ ကနေ ၁၁၅၀ ကျပ်ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ်ဈေးကျတက်လာပါတယ်။

    AMIA

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes5comments0
views113views1969