ထွက်တိုးသို့မေးမြန်းလာသော ငါး(တောင်သူ့) အခက်အခဲများ
ငါးအမိုင်နိုအက်စစ် ထည့်ခြင်းဖြင့် ကန်ရေတွင် သဘာဝအစာပေါများစေပြီး ငါးများ၏ ဇီဝကမ္မဖြစ်စဉ်များအတွက် အလွန်အရေးပါသော ပစ္စည်းဖြစ်ပါသည်။ ရေအရည်အသွေးကို ထိန်းပေးပါသည်။ တစ်ဧကထည့်နှုန်းကို ဆရာကြီးများကို မေးမြန်းပြီး ပြန်လည် မျှဝေပါသည်။ ကျေးဇူးပါ
2.ငါးကန်ရေဩဇာတက်အောင်ဘယ်လိုလုပ်ရမလဲ?
ငါးကန်ကို ရေဩဇာတက်အောင် ဓာတ်မြေဩဇာ သို့မဟုတ် သဘာဝမြေဩဇာထည့်ပေးရပါ မည်။ ၀.၀၁ ဧက အတွက် - ထုံးမှုန့် (၂၀)ကျပ်သားကို ရေဖျော်ပြီးကန်အနှံ့ပက်ဖြန်းပေးပါ။ (၅) ရက်ကြာပြီးနောက် ယူရီးယား - ၆ကျပ်ခွဲသာ, တီဆူပါ - ၆ကျပ်ခွဲသား, သဘာဝ သစ်ဆွေးမြေဩဇာ/ သဘာဝမြေသြဇာ(နွားချေး ကဲ့သို့) -၆၃ ကျပ်သားထည့်၍ အသုံးပြုနိုင်ပါသည်။
3.တာလပတ်ကန်နဲ့အကောင်ကြီးပိုင်းမွေးလို့ရမယ့်ငါးမျိုးတွေသိချင်ပါတယ်။
ငါးခူ၊ ငါးတန်နှင့် ငါးရံ့တို့ကို မွေးမြူနိုင်ပါသည်။ ရေညစ်ညမ်းလာလျှင်ရေလှယ်ပေးရပါမည်။
4.ရေဗေဒါကတွေ အရမ်းများနေလို့ ၊ ဆယ်ဖို့ ကျတော့လည်းကန်ကျယ်ပြီး ဗေဒါတအားထူနေလို့ပါ။ ပေါင်းသတ်ဆေးဖျန်းလို့ ရလားဗျ။
ပေါင်းသတ်ဆေးဖျန်းလျှင် ငါးအတွက် အန္တရာယ်ဖြစ်နိုင်ပါသည်။
ငါးစာကိုလျော့ကျွေးပါ၊ ကန်ထဲသို့ ထုံးနှင့် မြေဩဇာ (ဓာတု၊ သဘာဝ၊ ကြက်ချေး၊နွားချေး) ထည့်ခြင်းတို့ကို ရပ်ထားပါ။ ကန်ထဲသို့ မြက်စားငါးကြင်း၊ထိုင်ငါးခုံးမတို့ကို ထည့်ပေးပါ။
---