cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပျစ်စိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
မြန်မာအမည် - စပျစ်



အင်္ဂလိပ်အမည် - Grape



ရုက္ခဗေဒအမည် - Vitisspp



မျိုးရင်းအမည် - Vitaceae

  • နောက်ခံသမိုင်း 


    အီဂျစ်နိုင်ငံတွင်ဘီစီ(၂၄၄၀)ခုနှစ်ကပင်စပျစ်ကိုစနစ်တကျစိုက်ပျိုးလာခဲ့သည်။ဥရောပတိုက်ရှိဂရိ၊ရောမနှင့်ပြင်သစ်နိုင်ငံတောင်ပိုင်းသို့ဘီစီ(၆၀၀)ခန့်ကပင်ဝိုင်စပျစ်ပင်များရောက်ရှိနေပြီဖြစ်ပါသည်။မြန်မာနိုင်ငံတွင်စပျစ်ပင်အားစနစ်တကျစိုက်ပျိုးခြင်းကိုလယ်ယာနှင့်သစ်တောဝန်ကြီးဌာနအောက်ရှိမြေယာကျေးလက်ကြီးပွားရေးကော်ပိုရေးရှင်း(မြေကျေးရှင်း)မှကျောက်ပန်းတောင်းမြို့နယ်၊ဆည်ပေါက်ကျေးရွာရှိဆည်ပေါက်စပျစ်ခြံတွင်(၁၉၅၉)ခုနှစ်ကစတင်စိုက်ပျိုးရာမှစတင်ခဲ့ခြင်းဖြစ်ပါသည်။ 


    မြေအမျိုးအစား  


    စပျစ်ကိုစိမ့်စွဲသောမြေ၊ဆားငန်မြေမှအပမြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်ပါသည်။အပေါ်ယံမြေသားထူသောသဲနုန်းမြေသည်စပျစ်စိုက်ပျိုးရန်အကောင်းဆုံးဖြစ်ပါသည်။မြေအချဉ်အငန်ဓါတ်pH(၅‒၈)ရှိသောမြေမှာစပျစ်စိုက်ပျိုးရန်အသင့်တော်ဆုံးဖြစ်ပါသည်။ 


    ရာသီဥတု  


    စပျစ်သည်ပူနွေးသောရာသီဥတုကိုကြိုက်နှစ်သက်သည်။မိုးရေချိန်လက်မ(၄၀)ထက်မပိုသောရွာသွန်းသည့်ဒေသများတွင်စိုက်ပျိုးရန်သင့်တော်သည်။လိုအပ်သောအချိန်တွင်သွင်းရေပေးနိုင်သောနေရာဖြစ်ရမည်။ 


    မျိုးများ 


    မြန်မာနိုင်ငံတွင်အဓိကအားဖြင့်စားစပျစ်(Table.Type)နှင့်ဝိုင်စပျစ်မျိုး(WineType)ဟူ၍နှစ်မျိုးစိုက်ပျိုးကြသည်။ 


    မြန်မာနိုင်ငံရှိအကောင်းဆုံးစားစပျစ်မျိုးများမှာ- 


    (1) ItalyNo-3 


    (2)Big Black 


    (3)Red Queen 


    (4)RedGlobe 


    (5)Cardinal 


    (6)သီးချွန်းညို(Pizzutello-Nero) 


    (7)အီတလီယားစသည်တို့ဖြစ်သည်။ 


    ဝိုင်ထုတ်ရန်မျိုးများမှာ- 


    (1)Syrah (red wine) 


    (2)Chasselas 


    (3)Dornfelder(red wine) 


    (4)Tempranillo 


    (5)Cabernet sauvignon(red wine) 


    (6)Sauvignon blanc (white wine) 


    စိုက်စနစ်ရွှေးချယ်ခြင်း 


    (၁)စင်တင်စိုက်ပျိုးနည်း(arbor system) 


    ပင်ကြား×တန်းကြား(7.5'×7.5') 


    တစ်ဧကဝင်ဆံ့ပင်ရေ -၇၇၄ပင် 


    (၂) Y-ပုံစံစိုက်ပျိုးနည်း(Y-System) 


    ပင်ကြား×တန်းကြား (5'×9') 


    တစ်ဧကဝင်ဆံ့ပင်ရေ -၉၆၈ပင် 


    (၃) T-စိုက်ပျိုးနည်း(T-System) 


    ပင်ကြား×တန်းကြား (5'×11') 


    တစ်ဧကဝင်ဆံ့ပင်ရေ -၇၉၂ပင် 


    (၄)လေးကိုင်းတန်းတင်စိုက်ပျိုးနည်း(Kniffin System) 


    ပင်ကြား×တန်းကြား (5'×9') 


    တစ်ဧကဝင်ဆံ့ပင်ရေ -၉၆၈ပင် 


    (၅)ပင်ထောင်စိုက်ပျိုးနည်း(Head training System) 


    ပင်ကြား×တန်းကြား(12'×6') 


    တစ်ဧကဝင်ဆံ့ပင်ရေ -၆၀၅ပင် 


    စိုက်ပျိုးခြင်း 


    (၂)ပေပတ်လည်စိုက်ကျင်းကိုတစ်လကြိုပြင်ပါ။စိုက်ကျင်းထဲသို့နွားချေး၊မြေဆွေးနှင့်(၁၅:၁၅:၁၅)ကွန်ပေါင်းမြေသြဇာ(၁၀၀‒၂၀၀)ဂရမ်ထည့်ပါ။မြေအောင်းပိုးသတ်ဆေးကိုစိုက်ကျင်းတစ်ကျင်းလျှင်(၁၀)ဂရမ်ထည့်ပါ။(၁လခွဲ၂လ)သားပျိုးပင်များကိုစိုက်ကျင်းတစ်ကျင်းလျှင်တစ်ပင်နှုန်းစိုက်ပါ။ 


    အပင်ပြုစုခြင်း 


    ရေကို(၃‒၅)ရက်ခြား(၁)ကြိမ်လောင်းပါ။အပင်ငယ်စဉ်တွင်(၁၅:၁၅:၁၅)နှင့်ပုလဲဓာတ်မြေသြဇာဆတူရော၍တစ်ပင်လျှင်(၁၀)ဂရမ်နှုန်းတစ်ပတ်တစ်ကြိမ်စင်ပေါ်မရောက်ခင်ကျွေးပါ။ပင်ခြေပေါင်းရှင်းခြင်းကိုအမြဲမပြတ်ဆောင်ရွက်ပါ။စိုက်ပြီးနှစ်ပတ်သားတွင်အပင်ဘေးနားကပ်၍ တိုင်ထောင်ကြိုးချည်ပေးပါ။မလိုအပ်သောကြားအညွန့်များကိုခြွေပစ်ပါ။စိုက်ပြီး(၂)လခွဲ(၃)လစပျစ်ပင်စင်ပေါ်ရောက်ချိန်တွင်ခေါင်နှိမ်၍သီးကိုင်းမွေးပါ။အနည်းဆုံးသီးကိုင်း(၂၀‒၃၀)ရအောင်မွေးပါ။ 


    သီးကိုင်းဖြတ်ခြင်း 


    စပျစ်ပင်ကိုများသောအားဖြင့်သီးကိုင်းမွေးချိန်(မတ်လ‒ဧပြီလ)ကိုင်းဖြတ်ရာတွင်စပျစ်ကိုင်းကို(၁)ဆစ်မှ(၃)ဆစ်ချန်၍ကိုင်းဖြတ်ပြီး၊အသီးယူချိန်(အောက်တိုဘာ‒နိုဝင်ဘာလ)ကိုင်းဖြတ်ချိန်တွင်စပျစ်ကိုင်းကို(၃‒၈)ဆစ်အထိချန်၍ကိုင်းဖြတ်ပေးရန်လိုအပ်သည် 


    အပင်ပြုစုခြင်း( သီးကိုင်းဖြတ်ခြင်း) 


    ကိုင်းဖြတ်ပြီး(၇‒၁၀)ရက်အတွင်းအညွန့်ဖူးBudလေးများစတင်ထွက်လာသည်။ထိုအချိန်တွင်GibberellicAcid(GA3)ကိုရာသီဥတုအပူအအေးပေါ်မူတည်၍ဖျန်းပေးပါ။ရာသီအေးလွန်းလျှင်(GA3)ကိုတစ်ပတ်နှစ်ကြိမ်ဖျန်းပါ။ကိုင်းဖြတ်ပြီး(၁၅‒၁၈)ရက်သားအညွန့်အဖူးစုံချိန်တွင်ပုလဲမြေသြဇာကိုတစ်ပင်လျှင်နို့ဆီ(၁)ဘူးနှုန်းထည့်၍ရေများများလောင်းပါ။ကိုင်းဖြတ်ပြီး(၂၅)ရက်သားတွင်မလိုအပ်သောအညွန့်အတက်များကိုခြွေပစ်ပါ။ကိုင်းဖြတ်ပြီး(၁)လသားတွင်ပန်းစပွင့်ပြီးတစ်ပတ်အတွင်းပန်းပွင့်စုံသည်။ကိုင်းဖြတ်ပြီး(၂)လသားတွင်မလိုအပ်သောအညွန့်များကိုခြွေပစ်ပါ။အပင်အားဆေးနှင့်ရွက်ဖျန်းမြေသြဇာများကိုသီးကိုင်းဖြတ်ပြီး(၁၅‒၂၀)ရက်သားမှစ၍နှစ်ပတ်တစ်ကြိမ်(၂)လခွဲသားအထိဖျန်းပါ။(၆၅)ရက်သားတွင်သီးညှပ်ခြွေပါ။ကိုင်းဖြတ်ပြီး(၁၅)ရက်သားမှစ၍တစ်ပတ်တစ်ကြိမ်အသီးရင့်သည်အထိရေလောင်းပါ။ပန်းပွင့်ချိန်သည်ရေ နှင့်အစိုဓာတ်အလိုအပ်ဆုံးအချိန်ဖြစ်သဖြင့်ရေကိုဂရုစိုက်လောင်းပါ။ပန်းပွင့်ချိန်မိုးရွာလျှင်အပွင့်များပျက်စီးတတ်သဖြင့်ရာသီဥတုနှင့်ချိန်ညှိ၍ကိုင်းဖြတ်ပေးရသည်။ 


    မြေဩဇာထည့်သွင်းခြင်း 


    သီးကိုင်းမဖြတ်မီတစ်လကြိုတင်၍ နွားချေးမြေသြဇာကိုတစ်ပင်လျှင်တစ်တင်းနှုန်းထည့်ပါ။သီးကိုင်းမဖြတ်မီ(၇‒၁၀) ရက်ကြိုတင်၍(၁၅:၁၅:၁၅)ကွန်ပေါင်းမြေသြဇာကိုတစ်ပင်လျှင်နို့ဆီဗူး(၁‒၂)ဗူးနှုန်းထည့်ပြီးရေလောင်းပါ။အညွန့်အဖူးစုံချိန်(၁၅)ရက်သားခန့်တွင်ပုလဲမြေသြဇာကိုတစ်ပင်လျှင်နို့ဆီဗူး(၁)ဗူးနှုန်းထည့်၍ရေလောင်းပါ။သီးကင်းစ(၄၅)ရက်သားတွင်တစ်ကြိမ်၊ (၆၅‒၇၀)ရက်သားတွင်တစ်ကြိမ်(၁၅:၁၅:၁၅ ) ကွန်ပေါင်းမြေသြဇာကိုကျွေးပါ။ 


    ပိုးမွှားရောဂါ 


    စပျစ်ကိုင်းဖြတ်ပြီးအညွန့်အဖူးထွက်ချိန်တွင်ကျိုင်းကောင်ငယ်များကျရောက်တတ်သည်။အဖူးဖူးချိန်နှင့်ပွင့်သီးချိန်တို့တွင်ခြစ်စားပိုးနှင့်သီးလုံးဖောက်ပိုးများကျရောက်တတ်သည်။အသီးရင့်မှည့်စတွင်ပျနှင့်မွှားပင့်ကူနီတို့ကျရောက်တတ်သည်။စပျစ်တွင်အဓိကကျရောက်သောရောဂါများမှာမှဲ့ပြောက်စွန်း၊ဒေါင်းနီးမှိုနှင့်ဖားဥမှိုရောဂါတို့ဖြစ်သည်။ကိုင်းဖြတ်ပြီး(၁၅)ရက်မှ(၄၅)ရက်သားအတွင်းသီးကိုင်းမရင့်မှီနှင့်အရွက်နုချိန်တို့တွင်မိုးများ၊မိုးစွေနေလျှင်(သို့)နှင်းခါးကျရောက်လျင်မှဲ့ပြောက်စွန်းရောဂါဆိုးရွားစွာကျရောက်တတ်သည်။လေထုစိုထိုင်းဆနည်း ချိန်တွင် ဖားဥမှို ရောဂါကျရောက်တက်သည်။ သီးကင်းဝင်စ (၄၀/၄၅)ရက်သားမှ ရက်(၉၀)အသီးမှည့်ခါနီးအချိန်ထိဖားဥမှိုရောဂါကျရောက်နိုင်သည်။သီးကိုင်းမဖြတ်မီအပင်ပေါ်ရှိအရွက်များမကြွေကျစေရန်နှင့်အညွန့်သစ်များထပ်မံ၍မထွက်လာစေရန်အတွက်ဘော်ဒိုဆေးရည်ကို(၅:၅:၅၀)(သို့)(၈:၈:၅၀)နှုန်းဖြင့်ပက်ဖျန်းပေးရသည်။ရောဂါမကျရောက်စေရန်အတွက်ဘော်ဒိုဆေးရည်ကိုပန်းပွင့်ချိန်မှလွဲ၍ပက်ဖျန်းပေးနိုင်သည်။ 


    အသီးဆွတ်ခူးချိန် 


    ကိုင်းဖြတ်ပြီး(၃)လခွဲတွင်စတင်ရင့်မှည့်သည်။(၄လ‒၄လခွဲ)တွင်သီးခိုင်တစ်ခုလုံးအမှည့်အရောင်ညီလျှင်ဆွတ်ခူးနိုင်သည်။မိုးတွင်းကာလတွင်ရင့်မှည့်ချိန်စောပြီးဆောင်းကာလတွင်ရင့်မှည့်ချိန်နောက်ကျသည်။အသီးဆွတ်ခူးချိန်သီးခိုင်အတွင်းရှိမလိုအပ်သောလုံးပိန်လုံးညှပ်များကိုခြွေပေးရသည်။ဆွတ်ခူးပြီးသောအသီးများကိုဂျပ်ဖာများ(သို့)ပလပ်စတစ်ခြင်းများတွင်ဖော့(သို့)စက္ကူများခံ၍သေချာစွာထုတ်ပိုးပြီးစျေးကွက်သို့တင်ပို့ရသည်။စပျစ်သီးကိုပုံမှန်အခန်းအပူချိန်တွင်ထားပါက(၃‒၅)ရက်ထိထားနိုင်ပြီးရေခဲသေတ္တာထဲထားပါက(၅‒၁၀)ရက်ထိထားနိုင်သည်။(၀°C)(၁°C)တွင်သိုလှောင်သိမ်းဆည်းထားပါက(၆)လအထိထားရှိနိုင်ပါသည်။ 


    Source: https://www.doa.gov.mm/fes/index.php?route=cms/article&article_id=42 


  • article
likes15comments1
views130views2112