ဂျင်းစိုက်ပျိုးနည်း(စ-ဆုံး)
ကာဗွန်ပာိုက်ဒရိတ် ၁၇.၇၇ %၊
သကြား ၁.၇% ၊
အမျှင်ဓါတ် ၂% ၊
ပရိုတင်း ၁.၈၂ %
အဆီ ဝ.၇၅% ပါဝင်ပါတယ်...။
- ================= - ဂျင်းမျိုး - ရှမ်းဂျင်း - ဂျင်းဖြူ (ပြည်ပမျိုး) - ဒေသအခေါ် ဂျင်းဖြူမျိုးသည် အနံ့မွှေး၊ အမျှင်နည်း၊ ရှမ်းဂျင်း ထက်ပိုနူးညံ့သည်၊ ပို၍ ဆတ်သည်၊ ဆေးဖက်ဝင်သည်၊ မျိုးထားမည့်ဂျင်းကို သက်တမ်း(၇)လမှ (၈)လရှိပြီး ရင့်ချိန် အပင်ရွက်များ ချသည့် အခါ ဖော်ရမည်။ - စိုက်မဲ့ဂျင်းတက်များသည် တစ်လက်မခွဲနှစ်လက်မအရွယ်၊ အလေးချိန် (3) ကျပ်သား ရှိရမည်။ အောက်ဆုံးချင်းတက်များသည် ပို၍ရင့်သဖြင့် မျိုးထားရန် အကောင်းဆုံးဖြစ်သည်။ - စိုက်ရမည့်အချိန် - မတ် အေပြီလတွင် ထွန်ရေးစပြီး တစ်ထပ် နှစ်ထပ် မြေလှန်ထားပါ။ မေလ မြေလည်းစို မိုးလည်းကျမှ သုံးသွား - ထွန် တစ်စပ်ထိုးပါ။ ဇွန်လမှာ ငါးသွားထွန်တစ်စပ်ထိုးပါ။ စိုက်ဘောင်လုပ်ပါ။ မြေကြီးထဲမှာ အတက်ပွားရမှာမို့ အပေါ်ယံ မြေလွှာ (12) လက်မခန့် ထူပွရွရပါမည်။ရေသွင်း ထုတ်မြောင်းများထားပါ။ ပေါင်းမြက်များရှင်းလင်းပြီး စိုက်လို့ရပါပြီ။ - စိုက်နည်း - မြေထဲသို့ တလက်မခွဲ နှစ်လက်မမြုပ်ပါ။ စိုက်တန်းတခုနှင့်တခု (10)လက်မခွာပါ။ တပင်နှင့်တပင် (10)လက်မခြားပြီး သုံးပွင့်ဆိုင်စိုက်ပါ။ အစိုဓာတ်ထိမ်းအောင် ကောက်ရိုးဖုံးပါ။ ရေလိုအပ်ပါက မိုးအကုန် အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ ရေသွင်းပေးပါ။ မလိုလျှင်မသွင်းရ။သဘာဝမြေဆွေး မြေသြဇာထည့်ပါ။ ကွန်ပေါင်းမြေသြဇာထည့်လည်းရပါတယ်။ - ဂျင်းမျိုးကိုတိုက်ရိုက်ဖဲ့ပြီးစိုက်ပျိုးခြင်း - ဂျင်းကို တိုက်ရိုက်စိုက်ပျိုးမည်ဆိုပါက မျက်စေ့(၁)စေ့မှ(၂)စေ့ ပါဝင်ပြီး (၂)ကျပ်သားခန့်ရှိ ဂျင်းတက်ကို တိုက်ရိုက်မြေချ စိုက်ပျိုး နိုင်ပါသည်။ ၎င်းအပြင် ဂျင်းတက်မှ မျက်စေ့ပါသော ဂျင်းတက်ဖုကို လက်ဖြင့်ဖဲ့၍ ဂျင်း မျက်စေ့ အား အပေါ်ဘက်ထားပြီး မြေတွင် ၁↔ခန့် တိုက်ရိုက်မြုပ်၍လည်း စိုက်ပျိုးနိုင်သည်။ - ဂျင်းတက်ဖဲ့သည့် အခါ အစေးများထွက်ပြီး ၎င်းအစေးကြောင့် မှိုရောဂါဝင်ပြီး ဂျင်း ပုပ်တတ်ပါသည်။ - သို့ပါ၍ ဂျင်းကို အတက်ဖဲ့ပြီး (၂)နာရီခန့် လေသလပ်ခန်ပြီး အစေးခြောက်ပါက ဘောင်စနစ်ဖြင့် လည်းကောင်း၊ဝါးပေါက်ခြင်း ဘောင်ခတ် စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။ - ဂျင်းမျိုးကိုမျိုးညှောင့်ဖောက်ပြီးစိုက်ပျိုးခြင်း - ဧပြီလတွင် မျိုးညှောင့်ဖောက်လျှင် အကောင်းဆုံးဖြစ်ပါသည်။ -အရိပ်အောက်တွင် မြေကြီးပေါ်၌ သဲပါးပါး ခင်းပါ။ - -မြေဆွေး (သို့မဟုတ်) နုံးမြေပါးပါးဖြင့် ဖုံးပါ။ အစိုဓါတ်မပြတ်စေရန် လိုအပ်လျှင် ရေလောင်း ပေးပါ။ -(၁၀) ရက်ခန့်ကြာလျှင် မျက်စေ့အဖုများမှာ အစိမ်းနုရောင် သန်းသော အညှောင့်ကလေးများ ထွက် လာသည်။ ၎င်းအစိမ်းနုရောင် မျက်စေ့ဖုများ၏ ပတ်ပတ်လည် လက်မဝက်ခန့် ချန်၍ ဓါးထက်ထက်ဖြင့် လှီး ဖြတ်ပါ။ - -ဂျင်းမျိုး မျက်စေ့ဖုများ ရရှိလာပါသည်။ - ၎င်းဂျင်းမျိုးများကိုအစေးခြောက်သွားစေရန် (၂)နာရီခန့်လေသလပ်ခံပါ။ အစေးများခြောက်သွားပါက ဘောင်စနစ်ဖြင့် လည်းကောင်း၊ ခြင်းစနစ်ဖြင့် လည်းကောင်း၊ ဝါးပေါက်ခြင်း ဘောင်ခတ်စနစ်ဖြင့် လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။ - အိတ်ဖြင့်စိုက်လျှင်မြေစာစပ်နည်း - -နုန်းမြေ (4) ဆ - -နွားချေးဆွေး (1) ဆ - -သစ်ရွက်ဆွေး (1) ဆ - -သဲကြမ်း (1)ဆ - -မီးဖိုပြာ (အနည်းငယ်) - -မဖောက်ထုံး (အနည်းငယ်) - -ငါးအမိုင်နိုအား ဖြန်းပေးနိုင်သည်။ - (နုန်းမြေနုပါက သဲကြမ်း နှစ်ဆထည့်ပါ) - ကျရောက်သောရောဂါပိုးများ - (1) ရွက်စားခူ - (2) ပျပိုးခေါင်ညွှန့်ထိုးပိုး - (3) လှေပိုး - (4) နှံကောင် - (5) ရွက်ပျောက်ရောဂါ - (6) မှိုရောဂါ - .................. - အထွက်နှုန်း - တဧက ပိသာ (2000)ကျော် ထွက်ရှိနိုင်ပြီး ကာလမှာ (7-8)လဖြစ်ပါသည်။ မျိုးထည့်ရမည့် နှုန်းမှာ တစ်ဧက (300-350) ပိသာဝန်းကျင် ရှိပါမည်။ - ထားသိုနည်း - ဂျင်းကိုအချို့တောင်သူများသည် (2-3)နှစ် ကြာမှဖော်ရောင်းကြပါသည်။ ပထမနှစ်ထွက်သော ဂျင်းကို နောက်နှစ် ထွက်သော အတက်မှတွယ်ကပ်နေရာ နှစ်ထပ်ဂျင်း အဖြစ်ရောင်းကြပါသည်။ ဂျင်းကို ဖော်ပြီးပြီးခြင်း အစိမ်းလိုက် ရောင်းရသည်။ ခြောက်သွေ့သွားလျှင် အလေးချိန်မလျော့ အောင် အောက်မှသဲခံပြီး အရိပ် အောက်တွင် ထားသိုနိုင်ပါသည်။ - ကြိုက်နှစ်သက်သောဒေသရာသီ - မိုးများဒေသ မြစ်ချောင်းပေါသောဒေသ သဲနုန်းမြေ၊ နုန်းမြေ၊ မြေနီသဲဝန်းမြေ ရေသွင်းရေထုတ်ကောင်းသောမြေ - မစိုက်သင့်သောမြေ - မာကြောသောမြေ၊ မြေစီး ကျောက်တုံး ထူထပ်မြေများတွင် မစိုက်သင့်ပါ။ - အရိပ်ကြိုက်သောအပင်မျိုးဖြစ်သဖြင့် နှစ်ရှည်အပင်ကြီးများအောက်တွင် ဖြစ်စေ စင်တင်စိုက်သော အပင်များအောက်တွင် ဖြစ်စေ စိုက်ပျိုးနိုင်ပါသည်။ အရိပ်ကောင်းလေ အထွက်ကောင်းလေ ဖြစ်ပါသည်။ - ဂျင်း သည် မရှိမဖြစ်အသုံးပြုသော သီးနှံဖြစ်ခြင်း။ ပြည်ပပို့ကုန်ဖြစ်ခြင်းကြောင့် စီးပွားဖြစ်စိုက်ပျိုးသင့်သော သီးနှံတစ်မျိုး ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။ - Source- ဦးအောင်သိန်း (ဥယျာဉ်စိုက်ပျိုးခြင်းပညာ) - ဦးမြင့်ဆွေ (စိုက်ပျိုးရေးရာသိမှတ်စရာ) - ဦးမျိုးသန့် (ခေတ်မီဘက်စုံစိုက်ပျိုးနည်းပညာ) - နည်းသစ်စွယ်စုံဂျာနယ် 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
