cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပေါ်ဦးပေါ်ဖျားဖြစ်ပြီး အထွက်နှုန်းနည်းသောကြောင့် စိန်တလုံးသရက်သီးများမှာ ယမန်နှစ်ထက် ဈေးနှစ်ဆ ပေါက်ဈေး ရှိနေ

. ဈေးကွက်
ယမန်နှစ်က ပေါ်ဦးပေါ်ဖျား၌ စိန်တလုံးသရက်သီးတစ်လုံးလျှင် ငွေကျပ် ၇၀၀ အမြင့်ဆုံးရှိခဲ့သော်လည်း ယခုနှစ်တွင် အရည်အသွေး ကောင်း အသီးများမှာ ငွေကျပ် ၁၅၀၀ အထက်ရှိသည်

  • ပြည်တွင်းမှ ထွက်ရှိသော စိန်တလုံးသရက်သီးများမှာ ပေါ်ဦး ပေါ်ဖျားဖြစ်သည့်အပြင် အထွက်နှုန်းနည်းခြင်းကြောင့် ယခုနှစ် သရက်ဈေးကွက်တွင် ယမန်နှစ်ထက် ၂ ဆခန့်ရှိနေပြီး တစ်လုံးလျှင် ငွေကျပ် ၇၀၀ မှ ၁၅၀၀ ကျော်ပေါက်ဈေးရှိနေသည်။

    ယမန်နှစ်က ပေါ်ဦးပေါ်ဖျား၌ စိန်တလုံးသရက်သီးတစ်လုံးလျှင် ငွေကျပ် ၇၀၀ အမြင့်ဆုံးရှိခဲ့သော်လည်း ယခုနှစ်တွင် အရည်အသွေး ကောင်း နထစသမအ အသီးများမှာ ငွေကျပ် ၁၅၀၀ အထက်ရှိသည်ဟု သရက်ဈေးကွက်နှင့် နည်းပညာအသင်းမှ အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။

    ``ပြည်တွင်းဈေးကွက်မှာကိုပဲ စိန်တလုံးသရက်သီးက မနှစ်ကထက် ဈေးနှစ်ဆလောက်ဖြစ်နေတယ်။ တရုတ်ကိုပို့နေကြတာကလည်း အစမ်းဈေးကွက်သဘောမျိုးဖြစ်ပြီး ဈေးကောင်းရနေတယ်။ ဒီဈေး ကွက်ကို ထိန်းနိုင်ဖို့ဆိုရင် အရည်အသွေးကောင်းတင်ပို့ကြဖို့လိုပါတယ်´´ ဟု ၎င်းက ပြောသည်။

    သရက်သီးမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပဈေးကွက်တွင် ရောင်းအားကောင်းသော သစ်သီးဖြစ်၍ ဈေးကွက်သို့ တင်ပို့ရာ၌ အရည် အသွေးကို အဓိကထားရန်လိုကြောင်း၊ အရည်အသွေးမကောင်းပါက ဈေးကွက်တွင် ခေတ္တသာ ဈေးကောင်းရနိုင်သည်ဟုဆိုသည်။

    ``လွန်ခဲ့တဲ့ ဆယ်စုနှစ်ကဆိုရင် သရက်သီးတစ်ခြင်းကို ယွမ်ငွေ ၂၀-၂၅ လောက်ထိဖြစ်ခဲ့ဖူးတယ်။ အရည်အသွေးမမှီတဲ့ သရက်တွေကို ခူးဆွတ်ပြီး တရုတ်ဈေးကွက်တင်ပို့ရင် နောက်လူတွေလည်း နစ်နာမှာ ဖြစ်သလို ဈေးကွက်ထိခိုက်မှာပါ။ ခုပေါ်ဦးပေါ်ဖျားမှာ ဝယ်သွားတဲ့ တရုတ်ကုန်သည်တွေ ရှုံးတယ်လို့ ကြားရတယ်´´ဟု ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှ ပွဲစားတစ်ဦးက ပြောသည်။

    ပြည်တွင်းဈေးကွက်၌ စိန်တလုံးသရက်တစ်လုံးလျှင် ငွေကျပ် ၁၅၀၀ အထက်ရှိပြီး တစ်လုံးလျှင် ငွေကျပ် ၇၀၀ ဝန်းကျင်ဖြင့် ရောင်းချမှုများလည်းရှိရာ အရည်အသွေးနှင့် ထွက်ရှိရာဒေသ ကွာခြား ခြင်းကြောင့်ဖြစ်ကြောင်း၊ပြည်ပတင်ပို့မှုတွင် အရေအတွက်များစွာကို တစ်ပြိုင်တည်းရောင်းချရသော်လည်း ပြည်တွင်းဈေးကွက်၌ လက်လီ ရောင်းချရခြင်းကြောင်း သိရသည်။

    ရွှေမန်း

    ဤဆောင်းပါးနှင့်ပုံကို မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes12comments0
views92views1660