စပါးပင်ရွက်လိပ်ရွက်ကပ်ပိုးကျခဲ့ရင်
. ပိုးမွှား
စပါးရွက်လိပ်ပိုးသည် စပါးပင်ပွါး ထွက်ချိန်မှစ၍ ရင့်မှည့်ချိန်မတိုင်မီအထိ တွေ့မြင်ရသော ဖျက်ပိုးတစ်မျိုးဖြစ်ပါသည်။ အထူးသဖြင့် မိုးစပါးတွင် အကျများလေ့ရှိပါသည်။
လောက်ကောင်အဆင့်က အပင်ကိုအဓိကဖျက်ဆီးပါသည်။ အပင်ကြီးထွားမှုအဆင့်တိုင်းတွင်ဖျက်စီးနိုင်ပါသည်။ အပင်ငယ်စဉ် အပင်ပိုင်းကြီးထွားသည့်အဆင့် (Vegetative Phase)တွင်ကျရောက်ဖျက်စီးပါက ယေဘုယျအားဖြင့် အပင်ပြန်နာလံထကြီးထွားရှင်သန်နိုင်သော်လည်း မျိုးပွားသည့်အဆင့် (Reproductive Phase)တွင် ကျရောက် ဖျက်စီးခြင်းခံရပါကစီးပွါးရေးထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ရွက်လိပ်ပိုးနှင့် ၎င်းအားကာကွယ်နည်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါသည်။
Source - DOA


