cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အဝယ်လိုက် များလာသည့် အတွက် ကြက်သွန်နီစျေး ပြန်တက်လာ

. ဈေးကွက်
အထွက်နှုန်း မှာ ပုံမှန် သာရှိခဲ့ ပြီး တချို့ ဒေသများ တွင်အထွက်နှုန်း နည်းနေ သောကြောင့် ကြက်သွန်စျေး ဆက်တက်ဖို့ရှိကြောင်းတချို့ကုန်သည်များက သုံးသပ် ကြသည်။
  • စျေးကျဆင်းနေသည့် ကြက်သွန်နီ များ အဝယ်လိုက်များလာသည့် အတွက် စျေးကောင်းနေကြောင်း ကြက်သွန်ဈေးကွက်ထဲမှ သိရသည်။


    ဗီယမ်နမ် နိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပါ အဝယ်ရှိ လာကြောင်း သိရပြီး ကြက်သွန်လှောင်မည့်သူများ ကပါ လိုက်လံဝယ်ယူမူများရှိနေသည့်အတွက် စျေးတက်လာခြင်းဖြစ်ကြောင်းသိရသည်။


    “ တချို့ နယ်တွေမှာ စျေးလိုက်တယ်လို့ ကြားရတယ်။ ကျနော်တို့ ဆီမှာ တပိဿကို ၁၂၀၀ အထိ ရှိတယ်။ အခု ကပြည်တွင်းလှောင်လက်တွေ ပြန်ဆော့လာတဲ့ သဘောပါ ။ ဒီချိန်ဆို စဝယ်လာကြပြီ ၊ ကြက်သွန် မစိုက်ကြတဲ့ သူတွေက ဒီချိန် လှောင် ကြတယ် ။အသုံးစရိတ်လိုတဲ့တောင်သူတွေက တော့ ထုတ်ရောင်းကြတယ်။လှောင် လို့တက်ရင် တော့ စျေးက ကြာကြာမခံပါဘူး “ဟု မန္တလေးတိုင်း၊


    မြင်းခြံခရိုင် ၊တောင်သာမြို့နယ် မှ ကြက်သွန်နီစိုက်ကုန်သည် ကိုအောင်စိုးမြင့် ကပြောသည်။


    ကြက်သွန်နီ တောစျေးက ယခင်က တစ်ပိဿာ ၇၀၀ သာရှိ ခဲ့ပြီး သင်္ကြန်အပြီး တပိဿာ လျှင် ၉၀၀ ကျပ် မှ ၁၀၀၀ အထိ ပြန်တက် လာရာမှ လက်ရှိ ၁၂၀၀ မှ ၁၅၀၀ အထိ စျေးကောင်းနေကြောင်း တောင်သူများထံမှ သိရသည်။


    “ ဆယ်လပိုင်း အောက် တိုဘာလ လောက် မှ စပေါ်တော့မှာ ကြက်သွန်က ၊ပေါ် ချိန်ပြီးသွားပြီး ၊ဒါကြောင့် စျေးကွက်သိကျွမ်းတဲ့ သူတွေကတော့ ထပ်တက်ဖို့ တော့ရှိတယ်လို့ ခန့်မှန်းထားကြတာပဲ ၊တနယ်နဲ့တနယ်လဲကံချင်းတူတာမဟုတ်ဘူး။တချို့ နယ်တွေမှာ တောစျေး၁၅၀၀အထိ ဖြစ်နေကြပြီ။” ဟု ကြက်သွန်စိုက်တောင်သူတစ်ဦးကပြောသည်။


    အထွက်နှုန်း မှာ ပုံမှန် သာရှိခဲ့ ပြီး တချို့ ဒေသများ တွင်အထွက်နှုန်း နည်းနေ သောကြောင့် ကြက်သွန်စျေး ဆက်တက်ဖို့ရှိကြောင်းတချို့ကုန်သည်များက သုံးသပ် ကြသည်။


    စျေးကောင်းရနေသော်လည်း ယခင်သွင်းအားစုများ စျေးမတက်ခင် က ရရှိသော ကြက်သွန်စျေး တစ်ပိဿာ ၅၀၀ မှာ တောင်သူများ အနေဖြင့် စိုက်စရိတ် သာရရှိနိုင်ပြီး ယခု စိုက်ပျိုးသည့် အချိန်၊ နုတ်သည့် အချိန် တွင် ငှားရသည့် အလုပ်သမားခများ အပါအဝင် မြေသြဇာခများ စျေးကြီး နေခြင်းကြောင့် ယခု ရရှိသည့် စျေးမှာ အများတက်လာ သည့်ဟု ပြောမရသေးကြောင်းတောင်သူများက ဆိုသည်။


    ကြက်သွန်စိုက် တောင်သူများ စျေးမရရှိခဲ့သည့် အတွက် သုံနှစ် ကျော် ဆက်တိုက်အရှုံးပေါ်ခဲ့ သည့် အပြင် နိုင်ငံရေးအခြေအနေများ နှင့် သွင်းအားစုများ စျေးမြင့်ခဲ့သောကြောင့် လျော့ ချ စိုက်ပျိုးခဲ့ ကြကာ စျေးကွက်တွင် စိုက်အား နှင့် ထွက်အား မှာပုံမှန် နှစ်များနှင့် ယှဉ်ပါက ၅၀ရာခိုင်နှုန်း ခန့် လျော့ ကျ ခဲ့ ကာ စျေးပြန်လည်ရရှိခဲ့ကြသည်။


    လက်လီစျေးကွက် တွင် ကြက်သွန်အမျိုးအစားပေါ်မူတည်ကာ တစ်ပိဿာလျှင် ၁၅၀၀ မှ ၃၅၀၀ ၊၄၀၀၀ အထိ အစားစား ပေါက်စျေးရှိ ကြောင်းသိရသည်။


    ကြက်သွန်နီကို ၁၁လပိုင်း နှင့် ၁၂လ ပိုင်းမှာ စတင်စိုက်ပျိုးကြပြီး ၄လပိုင်း အထိ နွေကြက်သွန်များ ဈေးကွက်အတွင်း ပေါ်လျှက်ရှိကြောင်း သိရသည်။


    ဖိုးချဲ(AMIA)

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes7comments0
views96views1295