cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

WorldFish Myanmar နောက်ဆုံးရသတင်း USAID မှ ရန်ပုံငွေပံ့ပိုးသော ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်း

. ငါးမွေးမြူရေးသတင်း
ရှမ်းတောင်၊ အင်းလေးကန်တွင် အဆင့်မြှင့်တင်ထားသည့် ငါးမီးခိုးကြပ်တိုက်မီးဖိုစမ်းသပ်ခြင်း

  • ၂၀၂၃ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ငါးကြပ်တိုက်စီမံပြုပြင်သူ၏ ဦးဆောင်မှုနှင့်အတူ ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းမှ အဆင့်မြှင့်တင်ထားသော မီးဖိုဖြင့် ငါးကြပ်တိုက်သည့် ကနဦးစမ်းသပ်ထုတ်လုပ်ခြင်းကို ဆောင်ရွက်ခဲ့သည်။ ဤစမ်းသပ်မှုကို ရှမ်းတောင်၊ ညောင်ရွှေမြို့နယ်ရှိ ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းဝန်ထမ်း၏ ပံ့ပိုးကူညီမှုနှင့်အတူ ငါးဖမ်းဆီးပြီးနောက်ကောင်းမွန်စွာစီမံပြုပြင်ခြင်းဆိုင်ရာ နိုင်ငံတကာကျွမ်းကျင်ပညာရှင်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပြုလုပ်ခဲ့သည်။

    ကနဦးရလဒ်အနေဖြင့်

    မီးခိုးကြပ်တိုက်သည့်ကြာမြင့်ချိန် ၁၂ နာရီ မှ ၃-၄ နာရီအထိ လျော့ချပေးခြင်း

    လောင်စာအနေဖြင့် ထင်းအသုံးပြုမှု လျော့ချပေးခြင်း

    ရွှေရောင်သန်းအညို (နှိုင်းယှဉ်) ယခင် မီးခိုးရင့်ရောင်

    မီးဖိုမှ မီးခိုးထုတ်လွှတ်မှု လျော့ချပေးခြင်း

    အဆင့်မြှင့်ထားသော မီးဖိုသည် မိရိုးဖလာမီးဖိုထက် တာရှည်ခံနိုင်မှုရှိခြင်း

    အဆင့်မြှင့်မီးဖိုဆောက်လုပ်ခြင်းဖြင့် ငါးစီမံပြုပြင်သူ၏ ငါးကြပ်တိုက်အရည်အသွေး၊ အစားအစာဘေးကင်းလုံခြုံမှု နှင့် ဝင်ငွေများ တိုးတက်ကောင်းမွန်အောင် ပံ့ပိုးကူညီပေးသည်။ ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်း၏ အဓိကရည်ရွယ်ချက်များမှ တစ်ခုဖြစ်သည့် အာဟာရပြည့်ဝပြီးအစားအစာဘေးကင်းလုံခြုံစွာရရှိနိုင်မှုတွင် မှန်ကန်သောပံ့ပိုးကူညီမှုရလဒ်နှင့်အတူ ဤရပ်ရွာဒေသရှိ အခြားသော ငါးစီမံပြုပြင်သူများအား နည်းပညာများကို ပုံစံတူပြန်လည်လက်ဆင့်ကမ်းပေးနိုင်မည်ဟု မျှော်မှန်းထားပါသည်။

    -----


  • article
likes8comments0
views92views1729