cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကျောက်ကျောအမဲ ဘယ်ကရလဲ••?

. ဗဟုသုတ
Grass jelly - Wikipedia



အအေးဖျော်ရည်တွေမှာသုံးတဲ့ ကျောက်ကျောမဲမဲတုန်းကြီးကို စားသာစားနေကြတာ ဘယ်လိုလုပ်မှန်း သိတဲ့သူက နည်းပါတယ်။ လုပ်နည်းကလည်း လျို့ဝှက်ထားလို့ သိပ်မသိကြပါဘူး။


  • ဘယ်ကနေ ထုတ်မှန်းလည်း မသိတဲ့သူများပါတယ်။ 


    🔺ကျောက်ကျော 


    🔺အင်္ဂလိပ်အမည် Grass jelly plant 


    🔺သိပ္ပံအမည် Platostoma palustre 


    မော်လမြိုင်ဒေသအခေါ်. လိပ်သဲပင်၊ ရှမ်းပြည်ဘက်အခေါ်. နမ့်ပင်တူး ဆိုတဲ့ အပင်က ထုတ်ယူပါတယ်။  


    Dehydrated Grass Jelly Mesona Chinensis 180g - Etsy UKအမဲရောင်ကျောက်ကျောပြုလုပ်နည်းမှာ အပင်ကိုရေဆေး ကြိတ်ခြေပြီး၊ စစ်ရည်ရယူပါတယ်။ အရည်ကုန်ရအောင် ရေလေးနည်းနည်းစီ လောင်းထည့်ပေးရပါတယ်။ အဲဒီအရည်ကိုစစ်ယူပြီး အပူပေးကျိုချက်ရပါတယ်။ အရည်အတော်လေး ပျစ်လာပီဆိုရင် ကော်မှုန့်(သို့)ဆန်မှုန့်ကို လောင်းထည့်ပြီး 


    မီးမြှင်းမြှင်းနဲ့ ကြိုရပါတယ်။ starch (ကော်မှုန့်) မပါဘဲသူ့ချည်းသက်သက်ကျိုရင်  


    ကျောက်ကျောမဖြစ်ပါဘူး။ ကော်မှုန့်နည်းနည်းထည့်မှ ဓာတ်ပြုပြီး ကျောက်ကျောဖြစ်ပါမယ်။  


    တစ်ချို့ကတော့ ကော်မှုန့်ကို တစ်ပါထဲ ထည့်ကျိုကြပါတယ်။ ကြိုက်နှစ်သက်ရာပေါ့။ ရှမ်းပြည်နယ်နဲ့ အထက်ချင်းတွင်း ဘက်တွေမှာတော့ သုပ်စားကြပါတယ်။ အောက်ပြည်ဘက်ကတော့ အအေးဖျော်ရည်တွေနဲ့ တွဲဖက်သောက်သုံးကြပါတယ်။ လတ်လတ် ဆက်ဆက် ကျောက်ကျောပင် (ရှမ်းအခေါ်-နမ့်ပင်းတူး အပင်) ကနေ ခူးပြီး ၊ ရေဆေး ၊ ခြေပြီး နယ် ၊ ဇကာတိုက် အနှစ်ကို ယူ ၊ ဆန်မုန့် အနည်းငယ် ထည့်ပြီး ၊ မီးနဲ့ လက် မပြတ်တမ်း မွှေ ၊ ပျစ်လာပြီ ဆိုရင် အအေးခံ ထားပြီး ၊ နောက်တစ်ရက် အတုံးလေးတွေ တုံးပြီး ဈေးမှာ ရောင်းတာပါ ။ 


    grass jelly | Grass jelly, Grass jelly drink, Food 


    ကျောက်ကျော ပင်များကို သတ်မှတ် ထားတဲ့ အချိန် ရောက်ရင် အမြစ်ပါ မကျန် နှုတ်ပြီး အခြောက်လှန်း ကာ  


    ကိုယ်တိုင် လာဝယ် ကြသူများလည်း ရှိသလို မန္တလေး ကို တိုက်ရိုက် တင်ပို့ ရောင်းချ ကြတဲ့  


    ဒေသ ထုတ်ကုန်ပေါ့ ။ယနေ့ မြင်တွေ့နေ ရတဲ့ မန်းကျည်း ဖျော်ရည်ထဲလည်း ထည့် ဖာလူဒါ ၊ ရွှေရင်အေး ထဲလည်း ထည့် သီးသန့် ကျောက်ကျော ဖျော်ရည် ဆိုပြီးလည်း သောက်ကြတဲ့ မည်းမည်း ကျောက်ကျောလေးတွေဟာ အခု ပြထားတဲ့ အပင်က ရတာပေါ့ ။ 


    Grass Jelly (Suong Sao / Thach Den) - YouTube 


    ◾ကျောက်ကျောမဲ၏ ဆေးဘက်၀င်ပုံ 


    ၁။ အစာချေဖျက်နှုန်း ကောင်းမွန်စေပါတယ်။ အဓိက က Fiber (အမျှင်ဓာတ် ပါ၀င်မှု များပြားတာကြောင့်) ။ 


    ၂။ လည်ပင်းနာတာကို သက်သာစေပါတယ်။ သူ့မှာပါ၀င်တဲ့ Compound တမျိုးက လည်ပင်းနာတာကို သက်သာစေပြီး ကလေးတွေအတွက် အိမ်သုံးဆေး အနေနဲ့လဲ တိုက်ကျွေးကြပါတယ်။ 


    ၃။ သွေးတိုးကို ထိန်းညှိပေးနိုင်တယ်။ Black grass jelly ကသွေးတွင်း cholesterol ကိုလဲ လျော့ကျစေနိုင်ပါတယ်။ 


    ၄။ ကင်ဆာရောဂါကာကွယ်ပေးနိုင်တဲ့ antioxidants တွေ ပါ၀င်ပါတယ်။ 


    ၅။ အားလုံးအတွက် ပိုပြီး စိတ်၀င်စားစေတဲ့ နောက်တမျိုးကတော့ ဝိတ်ကျစေပါတယ်။ သွေးတွင်း ကယ်လိုရီ ဓာတ်ကို လျော့ကျစေပြီး သူ့မှာပါ၀င်တဲ့ သကြားဓာတ်က လူ့ခန္ဓာကိုယ်အတွက် Energy အနေနဲ့ပဲအသုံးပြုပါတယ်တဲ့ ။ 


    ၆။ ငှက်ဖျားဝေဒနာတွေကို သက်သာစေတယ်။ 


    ၇။ ဝမ်းချုပ်ခြင်း 


    ၈။ ရောင်ရမ်းခြင်း 


    ၉။ဆီးချိုရောဂါ  


    ၁၀။၀မ်လျှောခြင်း  


    ၁၁။ နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါတွေ  


    ၁၂။ ကိုယ်ခံအားတိုးပွားစေခြင်းစတဲ့ ကျန်းမာရေး ကောင်းကျိုးများကို ရရှိစေပါတယ်။ 


    မူရင်းရေးသားသူအား လေးစားစွာဖြင့် 

    ပြန်လည်မျှဝေပေးပါသည်။


  • article
  • article
  • article
  • article
20 ကြိုက်
155 ကြည့်ရှု