cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အထွက်နှုန်းကျနေတဲ့အပြင် ကုန်သည်အချို့ရဲ့ သိုလှောင်မှုတွေရှိနေတာကြောင့် ဆန်ချော ဈေးနှုန်းဆက်တိုက်မြင့် တက်နေ

. ဈေးကွက်
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကတော့ ဆန်ဈေးတက်အောင် လုပ်နေသူတွေကို ဖော်ထုတ်အရေးယူမယ်လို့ ထုတ်ပြန်ထားရှိပါတယ်။
  • ပြည်တွင်း စပါးစိုက်ပျိုးနေမှုတွေမှာ အထွက်နှုန်းကျနေတဲ့အပြင် ကုန်သည်အချို့ရဲ့ သိုလှောင်မှုတွေရှိနေတာ ကြောင့် ဆန်ဈေးကွက်အပေါ်မှာ သက်ရောက်မှုတွေရှိနေပြီး ဆန်ချောဈေးကွက်အတွင်း ဆက်တိုက်ဈေးမြင့် တက်နေရတာ ဖြစ်တယ်လို့ စပါးစိုက်တောင်သူများနဲ့ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတို့ရဲ့ ပြောကြာ းချက်တွေအရ သိရပါတယ်။

    "စပါးအထွက်နှုန်းက တစ်ဧကဆိုရင် စပါးတင်းတစ်ရာကျော်လောက်ထွက်တဲ့ဟာက အခုဆိုရင် ရာသီဥတု၊ ရေမြေသဘာဝ အားနည်းလာလို့ စပါးတင်း ၅၀ ကျော်လောက်ပဲထွက်တယ်။ မြေရေကောင်းတဲ့နေရာတွေမှာ တောင် စပါးတင်း ၈၀ လောက်ပဲထွက်တယ်။ အထွက်နှုန်းတွေကျလာတယ်။ နောက်ပြီး သွင်းအားစုစရိတ် မြင့်တာနဲ့ ရိတ်သိမ်းစရိတ်ကြီးမြင့်တာတွေကြောင့်လည်းပါမယ်။ စပါးဈေးကတော့ တင်း ၁၀၀ ကို ငွေကျပ် ၁၆ သိန်းလောက်အထိ ပေါက်ဈေးတော့ရတယ်။ ဒါကရန်ကုန်ပေါက်ဈေးပါ။ စပါး ပျမ်းမျှ တင်း ၅၀ ကို ကြိတ်ခွဲတဲ့ အခါမှာလည်း စပါးကောင်းရင် ဆန်အဖြစ် ၂၂ တင်းလောက်သာရမယ်။ အဲဒီမှာ အထွက်နှုန်းကလည်း ကျတဲ့အပြင် စက်ပိုင်ကုန်သည်တွေရဲ့ သိုလှောင်မှုတွေလည်းရှိနေမယ်။ ဒါကြောင့်လည်း ပြည်တွင်း ဆန်ဈေးကွက်ပေါ်မှာ သက်ရောက်နေတာပါ" လို့ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်မှ စပါးစိုက်တောင်သူတစ်ဦးက ဖြေကြားပါတယ်။

    စပါးအထွက်နှုန်းကျဆင်းမှုတွေဟာ ရန်ကုန်အပါအဝင် ဧရာဝတီ၊ စစ်ကိုင်း၊ ပဲခူး စတဲ့ တိုင်းဒေကြီးတွေမှာ အများဆုံးကြုံတွေ့နေရတာဖြစ်တယ်လို့ စပါးစိုက်တောင်သူများထံမှ သိရပါတယ်။

    ယင်းအခြေအနေကြောင့် ပြည်တွင်း ဆန်ချောဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း နဲ့ ကြားပျံပေါ်ဆန်း ဈေးကွက်ဟာ သင်္ကြန် မတိုင်ခင်မှာ ဈေးနှုန်းတည်ငြိမ်နေရာကနေ သင်္ကြန်ကာလနဲ့ သင်္ကြန်ကာလပြီးနောက်ပိုင်းတွေမှာ ဆက်တက်ဆိုသလို မြင့်တက်လာတယ်လို့ ဆန်လက္ကားရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက အခုလိုဆိုပါတယ်။

    "အများဆုံး စားသုံးတာက ကြားပျံပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းတွေဖြစ်တယ်။ သင်္ကြန်မတိုင်ခင်မှာ ကြားပျံ ၂၄ ပြည်ဝင်တစ်အိတ်ကို ငွေကျပ် ၇၀,၀၀၀ ပဲရှိတယ်။ သင်္ကြန်ကာလထဲမှာ ငွေကျပ် ၃၀၀၀ လောက်တက်သွားတယ်။ သင်္ကြန်လည်းပြီးရော ကျပ် ၇၆၀၀၀ ဖြစ်သွားတယ်။ ရွှေဘိုပေါ်ဆန်းကျတော့ ဆန်သစ်က ၂၄ ပြည်ဝင် တစ်အိတ်ကို သင်္ကြန်မတိုင်ခင်မှာ ငွေကျပ် ၈၆,၄၀၀ ပဲရှိတယ်။ သင်္ကြန်ကာလမှာ ကျပ် ၄၈၀၀ လောက်တက်သွား တယ်။ သင်္ကြန်လည်းပြီးရော တစ်အိတ်ကို ၉၆,၀၀၀ ဖြစ်သွားတယ်။ ရွှေဘို ပေါ်ဆန်းရှယ်ဆိုရင် ၁၂၀,၀၀၀ လောက် အထိကိုဖြစ်သွားတယ်။ အခုဟာက ရင်းနှီးရောင်းဝယ်နေရတာက အမြတ်မရှိဘူးဖြစ်နေတယ်။ ဈေးတက်ရင် ထည့်စိုက်လိုက်နဲ့ ဆန်ချောဈေးက ထပ်ပြီး တက်ဖို့ပဲရှိတယ်။ အဓိက ရန်ကုန်ကို အဝင်နည်း တာရယ်။ စပါးလက်ကျန်တောင်သူတွေမှာမရှိဘဲ ကုန်သည်တွေဆီမှာ စုပုံသိုလှောင်နေတာတွေကြောင့်လည်း ပါမယ်"လို့ လှိုင်သာယာမြို့နယ်နေ ဆန်လက္ကားရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

    ရန်ကုန်မြို့ရှိ ဝါးတန်းဆန်ကုန်စည်ဒိုင်မှ ဆန်ကုန်သည်များရဲ့ ပြောပြချက်အရလည်း ဆန်နှင့်ဆန်ကွဲ ရန်ကုန်သို့ ဝင်ရောက်မှုဟာ နေ့စဉ် အိတ်ရေ ၅၀,၀၀၀ ဝန်းကျင် ဝင်ရောက်နေရာမှ ၃၀,၀၀၀ ကျော်သာ ဝင်ရောက်ခဲ့တဲ့ အတွက် ပုံမှန်ဝင်ရောက်မှုထက် အိတ်ရေ ၁၅,၀၀၀ ခန့် လျော့ကျခဲ့တယ်လို့လည်း ဆိုထားပါတယ်။

    ဒီလိုလျော့ကျခဲ့တဲ့အပြင် ဝယ်လိုအားနဲ့ ရောင်းလိုအားမမျှတတဲ့အတွက် ဆန်ချောဈေးကွက်ဟာ မြင့်တက် နေတာဖြစ်တယ်လို့ ဆန်ကုန်သည် ဦးကျော်ကြီးမှ ပြောကြားထားပါတယ်။

    မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကတော့ ဆန်ဈေးတက်အောင် လုပ်နေသူတွေကို ဖော်ထုတ်အရေးယူမယ်လို့ ထုတ်ပြန်ထားရှိပါတယ်။

    ဒါအပြင် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်နဲ့ ဝယ်ယူလိုတဲ့ အဖွဲ့အစည်းတွေ၊ အိမ်ထောင်စုတွေကလည်း အသင်းချုပ်ထံ ဆက်သွယ်ဝယ်ယူနိုင်တယ်ဆိုပါတယ်။

    ဤဆောင်းပါးကို MFNမှ ကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes7comments0
views95views1475