cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တရုတ်ဘက်မှ အဝယ်ဆွဲမှုကြောင့် နှမ်းစျေးကွက်အလားလာဆက်ကောင်းနိုင်

. ဈေးကွက်
ပုံမှန်အားဖြင့် တရုတ်၊ ကိုရီးယား၊ ဂျပန် စတဲ့ စျေးကွက်တွေထဲကို တင်ပို့နေပေမယ့် လက်ရှိမှာ မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေ ဖွင့်နေပြီး တရုတ်ဝယ်လက် ကုန်သည်တွေရဲ့ အဝယ်ဆွဲမှုကြောင့် စျေးနှုန်းတွေ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။
  • ပြည်တွင်းစျေးကွက်အတွင်း နှမ်းများမှာ လက်ရှိအ ရောင်းအဝယ်ကောင်းနေတဲ့ အခြေအနေမှ ဆက်လက် ၍လည်း အလားလာကောင်းနိုင်တဲ့ အခြေအနေမျိုးဖြစ်နေကြောင်း ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံဝင်းအတွင်းမှ ပွဲရုံလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

    “အခုစျေးကွက်အနေအထားက တရုတ်ဘက်ကနေ ဝယ်နေတာ၊ ဆက်ပြီးတော့လည်း ဝယ်သွားဦးမယ့် အခြေအနေ ရှိနေသေးတယ်၊ အဝင်က နည်းပြီး အဝယ်ဆွဲတာက များနေတော့ စျေးကောင်းနေတာ”လို့လည်း ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ရှင်းပြပါတယ်။

    ထိုနှမ်းစျေးကွက်ထဲမှာ လက်ကျန်နှမ်းနည်းနေပြီး အရည်အသွေးကောင်းတဲ့ နှမ်းတွေရှားပါးနေသလို စျေးကွက်လိုအပ်ချက် မြင့်မားနေပြီး စျေးနှုန်းများတစ်စစဖြင့် မြင့်တက်နေတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တရုတ်၊ ကိုရီးယား၊ ဂျပန် စတဲ့ စျေးကွက်တွေထဲကို တင်ပို့နေပေမယ့် လက်ရှိမှာ မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေ ဖွင့်နေပြီး တရုတ်ဝယ်လက် ကုန်သည်တွေရဲ့ အဝယ်ဆွဲမှုကြောင့် စျေးနှုန်းတွေ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။

    “အဝင်က တော်တော်လေးနည်းတယ်၊ ဥပမာပြောရင်ဗျာ အရင်ကဆို တစ်ရက်ပျမ်းမျှ ကား ၁၀ စီးလောက် ဝင်တဲ့အနေအထားကနေ အခုက တစ်ဝက်တောင် မဝင်ဘူးဆိုတော့ စျေးကွက်လိုအပ်ချက်ကလည်း မြင့်မားနေတာ”လို့လည်း ၎င်းက ဆက်လက်ရှင်းပြပါတယ်။

    ယခင်နှစ်က ၄၅ ပိဿာဝင် နှမ်းတစ်အိတ်လျှင် ငွေ ၁၅၀၀၀ ကျပ်ဝန်းကျင်သာရှိရာမှ လက်ရှိစျေးနှစ်ဆလောက် မြင့်တက်နေပြီး ကျပ် ၃၀၀၀၀၀ ဝန်းကျင်ဖြစ်လာသလို စျေးနှုန်းတွေ ဆက်လက်မြင့်တက်နေဦးမယ့် အခြေအနေမျိုးလည်း ဖြစ်နေတယ်လို့ သိရပါတယ်။

    ၀၀၁

    ဤဆောင်းပါးကို Opinion Leaders မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes7comments0
views101views1993