cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခင်း သီးပွင့်ဝင်ချိန် အလေးထားနှိမ်နှင်းရမည့် ဖျက်ပိုးများ

. ပိုးမွှား
သီးလုံးဖောက်ပိုး(သို့)ပွင့်ထွေးပိုး (Maruca testulalis)

သီးလုံးဖောက်ပိုး (သို့) ပွင့်ထွေးပိုးသည် ပဲတီစိမ်း၊ မတ်ပဲ သီးနှံကို ဆိုးရွားစွာ ဖျက်ဆီးလေ့ရှိပီး အထွက်နှုန်းအား ၁၀-၃၅ ရာနှုန်းအထိ ဆုံးရှုံးစေနိုင်ပါသည်။ ပိုးဖလံ အမသည် ပန်းပွင့်ထဲတွင် ဥဥချပီး ထိုမှတဆင့် လောက်ကောင်သည် တဖြည်းဖြည်း ကြီးထွားလာပန်းပွင့်အတွင်းပိုင်းကို စားသောက်ဖျက်ဆီးမှုကြောင့် အသီးအပွင့်များ ညှိုးနွမ်းကာ ကြွေကျလေ့ရှိသည်။
  • ကာကွယ်နှိမ်နှင်းနည်း အနေဖြင့် - အပင်စိပ်စိပ်စိုက်ခြင်းကို ရှောင်ရှားပါ။ သက်တမ်းတိုမျိုးကို ရွေးချယ်စိုက်ပျိုးပါ။

    လိပ်ပြာဖလံ အုပ်စုဝင် ဖျက်ပိုးအမျိုးအစားဖြစ်သည့်အတွက် ၅ဧကကို အလင်းထောင်ချောက် တစ်ခု အသုံးပြုခြင်းဖြင့် ဖလံများကို နှိမ်နှင်းနိုင်ပါသည်။ကျရောက်ဖျက်ဆီးမှု နည်းပါက လောက်ကောင်များကို လက်ဖြင့် ကောက်ယူ ဖယ်ရှား ဖျက်ဆီးပစ်ပါ။ ပဲပင်တစ်ပင်တွင် ပိုးလောက်ကောင် ၃ကောင် တွေ့ပါက ပိုးသတ်ဆေး စတင်အသုံးပြုနိုင်ပါသည်။

    ပျပိုး

    နောက်ထပ်ဂရုစိုက်သင့်တာကတော့ ပျပိုးတွေပဲ ဖြစ်ပါတယ်။ ပျပိုးတွေဟာ စိုက်ခင်းအနီးအနားဝန်းကျင်မှာရှိတဲ့ ချုံ၊ နွယ်၊ ပေါင်းပင်တွေထဲမှာ ခိုအောင်းနေ တတ်ပြီးတော့ ပဲပင်လေးတွေ ထွက်လာပြီဆိုတာနဲ့ ပဲပင်ပေါ်ကို ရောက်လာတတ်ပါတယ်။ အရွယ်ရောက်ပျပိုးတွေဟာ အနက်ရောင်ကနေ အညိုရောင် ရှိတတ်ကြပြီးတော့ ပဲရွက်အောက် မျက်နှာပြင်မှာရှိတဲ့ ရွက်ကြောကြားမှာ အစုလိုက်အပြုံလိုက်နေတတ်ကြပါတယ်။ ပြီးရင်တော့ ပဲပင်ရည်တွေကို စုပ်စားကြပါတယ်။ ပျပိုးတွေရဲ့စုပ်စားမှုကြောင့် ပဲပင်အရွက်တွေဟာ တဖြည်းဖြည်းနဲ့ အောက်ကို တွန့်ကုပ်လာ ပါတယ်။ ဆိုးဆိုးရွားရွား ကျရောက်ပြီဆိုရင်တော့ အရွက်တွေ ခြောက်ပြီးတော့ သေကုန်ပါတယ်။

    ပျပိုးကျရောက်မှုကို ကာကွယ်ရန်အတွက် စိုက်ခင်းပတ်ပတ်လည်တွင် ပျပိုးများရှင်သန်နိုင်သော ပေါင်းပင်များ၊ ပဲမျိုးနွယ်ဝင်အပင်များနှင့် အမှိုက်များကို ရှင်းလင်းပေးရပါမယ်။ သီးနှံများကို မစိုက်မီ မဖြစ်မနေ ထည်ထိုး၊ ထွန်မွှေပေးပါ။ ပဲမျိုးနွယ်ဝင်မဟုတ်သော သီးနှံများအလှည့်ကျစိုက်ပျိုးခြင်းဖြင့် သီးလှည့်စနစ်ကို ကျင့်သုံးပေးပါ။ ပူပြင်းခြောက်သွေ့တဲ့ ရာသီတွေမှာ ပျပိုးတွေ ပေါက်ဖွားနှုန်းမြင့်တာကြောင့် ဆိုးရွာစွာ ကျရောက်တတ်ပါတယ်။

    လှေးပိုး

    လှေးပိုးကတော့ ပဲပင် ငယ်စဉ် အချိန် ကျနိုင်သလို သီးပွင့်ဝင်သည့် အချိန်တွင်လည်း ကျနေရာက်နိုင်ပါတယ်။ အပင်ငယ် အဆင့်တွင် ကျရောက်ပါက ပိုးကျခံထားရသော အရွက်များသည် တဖြည်းဖြည်း တွန့်လိမ် ခြောက်သွေ့လာတတ်ပါသည်။ အရွယ်ရောက် လှေးပိုးများနှင့် အကောင်ငယ်လေးများသည် အရွက်များကို စားသောက်လေ့ရှိပြီး ပိုးကျရောက်မှု ပုံသဏ္ဍာန်များ ဖြစ်သည့် အရွက်များပေါ်တွင် ငွေရောင် သို့မဟုတ် အညိုဖျော့ရောင် အကွက်များကို နေရောင်အောက်တွင် တွေ့ရလေ့ရှိပါသည်။

    ပန်းပွင့်ချိန်မှာ စုပ်စားပိုး ကျရောက်ခြင်း(အထူးသဖြင့်-လှေးပိုး)ကြောင့်လည်း အပွင့်ကြွေနိုင်ပါတယ်။ ထိုကြောင့် ပန်းပွင့်ချိန်တွင် စုပ်စားပိုး(လှေး)ကျရောက်မှုရှိမရှိကို စစ်ဆေးပြီး လိုအပ်ပါက ဆေးဖျန်းသင့်ပါတယ်။ စုပ်စားပိုးတွေဟာ အရွက်ရဲ့ မျက်နှာြပင်အောက်မှာ ခိုအောင်းနေတတ်တဲ့အတွက် ဆေးဖျန်းတဲ့အခါမှာ အရွက်အောက်မျက်နှာပြင်ကိုပါ နှံ့စပ်အောင် ဖျန်းပေးဖို့ လိုအပ်ပါမယ်။ ဓါတုပိုးသတ်ဆေးများ အနေနဲ့ အဆီတာမီပရစ် (Acetamiprid)၊ အင်မီဒါကလိုပရစ် (Imidacloprid) ၊ပိုင်မီထရိုဇင်(Pymetrozine) ၊ ဒိုင်မီသိုအိတ် (Dimethoate)၊ သိုင်ရာမီသောက်စင်(Thiamethoxam)၊ ဖစ်ပရိုနေး(Fipronil) ၊ လမ်ဒါဆိုင်ဟေလိုသရင် (Lambda-cyhalothrin) ပါသောဆေးအဆိပ်တွေကို ဆေးထုပ်ပါအညွှန်းတိုင်း ဖျန်းပေးသင့်ပါတယ်။

    Reference – Htwettoe Long Crop Guide 


  • article
  • article
  • article
  • article
  • article
likes26comments2
views207views2714