cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြေပဲသီးနှံ၏ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ

. စိုက်ပျိုးနည်းစနစ်များ
မြန်မာနိုင်ငံတွင် မြေပဲစိုက်ဧကစုစုပေါင်းမှာနှစ်စဉ်ပျမ်းမျှ (၂.၃၅)သန်းရှိပြီး မိုးမြေပဲ (၁.၁၄ဧကသန်း)၊ ဆောင်းမြေပဲ (၁.၂၁ဧကသန်း) စိုက်ပျိုးပါသည်။
  • ပင်ထောင်မြေပဲ (၂.၂၂ ဧကသန်း) စိုက်ပျိုးပြီး၊ ပင်ပြန့်မြေပဲ (၀.၁၃ဧက သန်း)စိုက်ပျိုး၍ မြေပဲအတောင့်ထွက်ရှိမှု စုစုပေါင်းတန်ချိန်မှာ (၁.၅၂သန်း) ထွက်ရှိပြီး နိုင်ငံခြားသို့တင်ပို့မှုမှာ (၂၀၁၅-၂၀၁၆) ခုနှစ်တွင် မြေပဲအဆံတန်ချိန် (၀.၄၅သိန်း) ခန့်ဖြစ်ပါသည်။ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီ၍ ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသည့် မြေပဲမျိုးကောင်းမျိုးသန့်များ အသုံးပြုရမည်။ စိုက်ပျိုးမည့်သီးနှံမျိုးနှင့် စိုက်ပျိုးနည်းစနစ်များသည် ပိုးသတ်ဆေးအသုံးပြုမှု အနည်းဆုံးဖြစ်သင့်ပြီး ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေနိုင်မည့် နည်းစနစ်များနှင့် တွဲဖက်အသုံးပြုဆောင်ရွက်ရမည်။

    ၁။ စိုက်ပျိုးမည့်မြေနေရာရွေးချယ်ခြင်း

    မြေပဲသီးနှံဖြစ်ထွန်းရန် မြေအချဉ်ငံဓာတ် (၅.၅) ထက်နိမ့်သောမြေမျိုးနှင့် ဆား ပေါက်သောမြေများတွင် မစိုက်ပျိုးသင့်ပါ။ ရေသွင်းရေထုတ် လွယ်ကူသည့်မြေ ဖြစ်ရပါမည်။

    စိုက်ပျိုးမည့် မြေနေရာရွေးချယ်ခြင်းနှင့် မြေယာအသုံးပြုခဲ့သည့် သမိုင်းကြောင်းအရ ဆေးရုံ ဆောက်ခဲ့သည့်နေရာ၊ တိရစ္ဆာန်မွေးမြူရေး ဆောင်ရွက်ခဲ့သောနေရာ၊ စက်မှုလုပ်ငန်း များဆောင်ရွက်ခဲ့သည့်နေရာ၊မြူနီစပယ်မှ အမှိုက်စွန့်ပစ်ခဲ့သောနေရာများ မဖြစ်စေရ။

    မြေပဲသီးနှံကို အပူပိုင်း၊ သမပိုင်း၊ အပူသမပိုင်း ရာသီဥတုရှိသော နေရာများတွင် စိုက်ပျိုးလေ့ရှိပါသည်။ မြေပဲသီးနှံဖြစ်ထွန်းရန် ပင်ပိုင်းဆိုင်ရာ ကြီးထွားမှုကာလအတွက် (၂၇ -၃၀) ဒီဂရီစင်တီဂရိတ် အသင့်တော်ဆုံးဖြစ်ပြီး မျိုးပွားပိုင်ဆိုင်ရာ ကြီးထွားမှုအတွက် (၂၄ -၂၇) ဒီဂရီစင်တီဂရိတ် လိုအပ်ပြီး သီးတောင့်ကြီးထွားရန် ( ၃၀ - ၃၄) ဒီဂရီစင်တီဂရိတ် လိုအပ်သည်။ တစ်နှစ်ပျမ်းမျှ မိုးရေချိန် (၂၃"- ၂၆") လက်မအတွင်း ရှိရန်လိုအပ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၃၅၀၀ ပေ) အထိ စိုက်ပျိုးနိုင်သည်။ မြေပြုပြင်ရာတွင် ထယ်ရေးနက်၍ ထွန်ရေးညက်ရန်လိုအပ်သည်။

    ၂။ ရေ

    စိုက်ပျိုးရေကို စနစ်တကျ သုံးစွဲရမည်။

    -အသုံးပြုမည့်ရေကို လိုအပ်ပါကဓာတ်ခွဲစစ်ဆေးပြီး စိုက်ပျိုးမည့်သီးနှံနှင့် သင့်တော်မှု ရှိရမည်။

    -မွေးမြူရေးဇုံ၊ ဆေးရုံ၊ စက်ရုံများမှ ဖြတ်သန်းလာသောရေ၊ မြူနီစပယ်စွန့်ပစ်ရေနှင့် သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်ပေါ်နိုင်သည့်ရေများကို အသုံးမပြုရ။

    ၃။မျိုးစေ့

    -ရေမြေဒေသနှင့် ကိုက်ညီသောမျိုးများကို ရွေးချယ်၍အပင်ပေါက် ၈၀% အထက် ရှိပြီး အပင်သန်စွမ်းမှုရှိသည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးသင့်သည်။ထုတ်ပြန်ထားသည့် မျိုးစေ့ဥပဒေများနှင့်အညီ လိုက်နာကျင့်သုံးသင့်သည်။

    -မြေပဲအပင်ပေါက် ကောင်းမွန်ညီညာ၍ အပင်သန်စွမ်းမှုရှိစေရန် မျိုးအဖြစ်အသုံးပြုမည့်မြေပဲကို နေရောင်တိုက်ရိုက်မထိစေပဲ အရိပ်အောက်၌ လေသလပ်၍ အခြောက်ခံပြီး တစ်ပတ်အတွင်း စိုက်ပျိုးသင့်သည်။

    -မြေပဲမျိုးစေ့၌ မျိုးစေ့ဆောင်ရောဂါများ ကင်းစင်ရမည်။

    -ရာသီဥတုဒဏ်၊ ပိုးမွှားရောဂါဒဏ်ခံနိုင်သော မျိုးများကို ရွေးချယ်စိုက်ပျိုးသင့်သည်။ မိုးခေါင်သည့် ဒေသများအတွက် (ဥပမာ-ဆင်းပဒေသာ-၆၊ ဆင်းပဒေသာ-၁၂၊မကွေး-၁၁ ) မြေပဲမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်သည်။

    -မျိုးရရှိသည့် ဒေသ၊ နေ့ရက်၊ မျိုးပမာဏ၊ မျိုးကွဲအမည်နှင့် မျိုးဖြန့်ဝေရောင်းချသူ အမည်များကို မှတ်တမ်းထားရှိရမည်။

    ၄။ မြေသြဇာနှင့်မြေဆီလွှာဖြည့်စွက်ပစ္စည်းများအသုံးပြုမည့်မြေကြီး၏ အာဟာရပါဝင်မှု သိရှိနိုင်ရန် စစ်ဆေးသင့်သည်။မြေဆီလွှာစမ်းသပ်မှုကို အခြေခံ၍ မြေသြဇာကျွေးခြင်းပုံစံများ ရေးဆွဲဆောင်ရွက် သင့်သည်။မှတ်ပုံတင်ထားသည့် မြေသြဇာများကိုသာ အသုံးပြုသင့်သည်။မြေဆီလွှာသုံးစွဲခြင်းနှင့် ဆက်စပ်သည့် သီးနှံစိုက်ပျိုးရေးမှတ်တမ်းများ ထားရှိရမည်။ကျွဲ၊ နွား၊ တိရစ္ဆာန် အညစ်အကြေးများကို (၃-၄ လ) ထိ ကောင်းစွာဆွေးမြေ့ပြီးမှသာလျှင် သဘာဝမြေသြဇာအဖြစ် မြေပြင်စဉ်တွင် ထည့်သွင်းအသုံးပြုရမည်။မြေကြီး၏ ရုပ်ဂုဏ်သတ္တိနှင့် ဓါတ်ဂုဏ်သတ္တိများ တိုးပွားစေရန် ကောင်းစွာ ဆွေးမြေ့နေသော သဘာဝမြေသြဇာနှင့် သစ်စိမ်းမြေသြဇာများကို တစ်ဧကလျှင် (၃-၅)တန်အထိ မြေဆီလွှာအတွင်း နှစ်စဉ်ထည့်သွင်းပေးသင့်သည်။သီးနှံအကြွင်းအကျန်များကို မြေဆွေးအဖြစ် အသုံးပြုမည်ဆိုပါက ရောဂါကင်းသည့် အပင်ကြွင်းအပင်ကျန်များကိုသာ အသုံးပြုသင့်သည်။မြေပဲမျိုးစေ့တွင် လူးနယ်စိုက်ပျိုးမည့် ပဲမြစ်ဖုမြေသြဇာကို မှိုသတ်ဆေးများနှင့် ရောနှောသုံးခြင်း ရှောင်ရမည်။မျိုးစေ့ဆောင်ရောဂါ ကာကွယ်ရန် မှိုသတ်ဆေးကို လူးနယ်စိုက်ပျိုးသင့်သည်။ပဲမြစ်ဖုမြေသြဇာကို စိုက်ချိန်၌ လူးနယ်စိုက်ပျိုးသင့်သည်။အစေ့အဆံကြီးရန်အတွက် ကယ်လ်စီယမ်တစ်ဧက (၁၀-၁၅ပေါင်) လိုအပ်၍ လချေး အမျိုးအစား၏ ကယ်လ်စီယမ်ပါဝင်မှုကို အခြေခံ၍ တွက်ချက်ထည့်သွင်းသင့်သည်။မြေချဉ်ငံဓါတ် (၅.၅) အောက်ရှိသော ဒေသများတွင် ထုံးထည့်ခြင်းကို အပင်မစိုက်မီ အနည်းဆုံး (၃)လခန့် ကြိုတင်ပြုလုပ်သင့်သည်။

    ၅။စိုက်ပျိုးရေးသုံးဓါတုဆေးများနှင့်အခြားဓါတုပစ္စည်းများဓါတုဆေးများ အသုံးပြုမှုအနည်းဆုံးဖြစ်စေရန် ဘက်စုံပိုးမွှားကာကွယ်ရေး စနစ်များကို အသုံးပြုသင့်သည်။တရားဝင်မှတ်ပုံတင် စာရင်းသွင်းထားသော အပင်ထွက်ပိုးသတ်ဆေးနှင့် အဏုဇီဝ ပိုးသတ်ဆေးများကိုသာ သုံးသင့်ပါသည်။ပိုးသတ်ဆေးဥပဒေ၊ မြေသြဇာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း နှင့် လူသားတို့၏ ကျန်းမာရေးထိခိုက်မှုများ မဖြစ်စေရေးကို အထူး ဂရုပြုရမည်။ဓါတုဆေးများကို အသုံးပြုရန်လိုအပ်ပါက တရားဝင်အသိအမှတ်ပြု မှတ်ပုံတင် ထားသည့် ဓါတုဆေးများကိုသာ အသုံးပြုသင့်သည်။ဆေးဖျန်းပြီးနောက်ဆေးအုပ်စုအလိုက်မရိတ်သိမ်းမီနှင့် ရိတ်သိမ်းပြီး စောင့်ဆိုင်း ရမည့် ရက်ကာလအပိုင်းအခြားကို အတိအကျလိုက်နာရမည်။ဓါတုဆေးများဝယ်ယူ၊ သိုလှောင်မှုနှင့် သုံးစွဲမှုတို့ကို စနစ်တကျဆောင်ရွက်၍ မှတ်တမ်းတွင် ရေးသွင်းထားရှိရမည်။လောင်စာဆီ၊ ချောဆီနှင့် ဓါတုဆေးများကြောင့် သီးနှံများ ညစ်ညမ်းမှုအနည်းဆုံးဖြစ် စေရန် ဆောင်ရွက်သင့်သည်။

    ၆။ စိုက်ပျိုးခြင်းနှင့်အပင်ပြုစုစောင့်ရှောက်ခြင်း

    အရည်အသွေးကောင်းမြေပဲသီးနှံ စိုက်ပျိုးထုတ်လုပ်ရန် အောက်ဖော်ပြပါ နည်းလမ်းများကို လိုက်နာဆောင်ရွက်သင့်သည်။မျိုးစေ့နှုန်းထားမှာ တစ်ဧကလျှင် မြေပဲတောင့် (၆-၈တင်း) လိုအပ်ပြီး ပင်ထောင် မြေပဲကို တန်းကြား၊ ပင်ကြား (၁၅ x ၄)လက်မ စိုက်ပျိုးရမည်ဖြစ်ပြီး တစ်ဧက အပင်ဦးရေ အနည်းဆုံးတစ်သိန်းခန့်ရှိရမည်။ ပင်ပြန့်မြေပဲကို တန်းကြား၊ ပင်ကြား (၁၈" x ၄") စိုက်ပျိုးရမည်ဖြစ်ပြီး အပင်ဦးရေအနည်းဆုံး တစ်ဧက (၈၅၀၀၀) ခန့် ရှိရမည်။ မြေပဲသီးနှံကို မိုးဦး၌ မေနှင့် ဇွန်လ၊ မိုးလယ်၌ သြဂုတ်လ ၊ မိုးနှောင်းတွင် အောက်တိုဘာ၊ နိုဝင်ဘာလများတွင် စိုက်ပျိုးသင့်သည်။မြေအောင်းရောဂါပိုးမွှား ကာကွယ်ရန် မှိုသတ်ဆေးတစ်မျိုးမျိုး လူးနယ်စိုက်ပျိုးသင့် သည်။မြေပဲမြစ်ဖုမြေသြဇာများကို သတ်မှတ်နှုန်းထားအတိုင်း လူးနယ်စိုက်ပျိုးသင့်သည်။ထုံးထည့်ရန် လိုအပ်သည့်မြေများတွင် မစိုက်မီ (၃)လကြို၍ ထုံးကို (၂၀) စင်တီမီတာ (သို့) (၈) လက်မအနက်တွင် ကောင်းစွာထည့်သွင်း အသုံးပြုရမည်။တောင်စောင်းများတွင် စိုက်ပျိုးမည်ဆိုပါက ကွန်တိုစိုက်ပျိုးနည်းစနစ်နှင့် လှေကား ထစ်စိုက်ပျိုးနည်းစနစ်များကို အသုံးပြုသင့်သည်။စိုက်ပျိုးသည့်မြေနေရာတွင် ရေဝပ်ခြင်းနှင့် ရေနစ်မြုပ်ခြင်းမဖြစ်စေရန် ပြင်ဆင်ထား သင့်သည်။မြေပဲစိုက်ပျိုးစဉ် မျိုးစေ့အတိမ်အနက်သည် (၁"မှ ၁.၅") လက်မအတွင်းရှိ ရမည်ဖြစ်ပြီး အပင်ပေါက်ရန် အစိုဓာတ်လုံလောက်သင့်သည်။ကြားပေါင်းလိုက်ခြင်း၊ လက်ပေါင်းလိုက်ခြင်းနှင့် ကြားတိုက်ခြင်းတို့ကို စိုက်ပြီး တစ်လအတွင်း အပြီးလုပ်သင့်သည်။မြေသြဇာမကျွေးမီ စိုက်ခင်းတွင်း ပေါင်းကိုပြောင်အောင်ရှင်းသင့်သည်။မြေသြဇာဆုံးရှုံးမှုနည်းစေရန် ပိုတက်ဆီယမ်နှင့် နိုက်ထရိုဂျင်မြေသြဇာများကို အကြိမ်ခွဲ၍သုံးသင့်သည်။ထည့်သွင်းသည့်မြေသြဇာအကျိုးသက်ရောက်မှုရှိစေရန် အစိုဓာတ်ရှိချိန်တွင် မြေသြဇာကျွေးရန်အရေးကြီးပြီး မြေပဲတန်းကြားတွင် ကြောင်းဆွဲ၍ထည့်ပြီးမြေဖုံးသင့်သည်။သဘာဝမြေသြဇာအားလုံးနှင့် ဖော့စ်ဖောရပ်မြေသြဇာ၊ ပိုတက်ရှ်တစ်ဝက်ကို မြေပြင်စဉ်တွင်ထည့်ရန်လိုအပ်ပြီး နိုက်ထရိုဂျင်နှင့်ပိုတက်ရှ်တစ်ဝက်တို့ကို အပင်ကြီးထွားချိန် အစိုဓာတ်ရှိချိန်တွင်ထည့်သွင်းသင့်သည်။ ကယ်လ်ဆီယမ်(၇)%ပါဝင်သည့် လချေးတစ်ဧက(၁၅၀-၂၁၀)ပေါင်ခန့်ကို စိုက်ပြီးအစိုဓာတ်ရှိချိန်(၃၀-၃၅)ရက်အတွင်း ထည့်သွင်းသင့်သည်။မြေပဲသီးနှံ တစ်မျိုးတည်းဆက်တိုက် သီးထပ်စိုက်ပျိုးခြင်းကို ရှောင်သင့်သည်။ရေသွင်းစိုက်ပျိုးမည်ဆိုပါကပင်ထောင်မြေပဲကိုရွေးချယ်စိုက်ပျိုးသင့်ပြီး ပင်ပြန့်မြေပဲကိုရေသွင်းပါကပင်ပိုင်းကြီးထွားမှုမြင့်မားပြီးပိုးမွှားရောဂါကျရောက်မှုများလာသည်။ရေသွင်းစိုက်ပျိုးလျှင် မြေပဲစတင်ဥဆင်းချိန်မှစပြီး မရိတ်မီတစ်လအထိ မြေပဲပင်၏(၄"-၆")ဝန်းကျင် အစိုဓာတ်မပြတ်ရန်လိုအပ်သည်။ လိုအပ်ပါက ရွက်ဖျန်းမြေသြဇာများလည်း အသုံးပြုနိုင်သည်။ဘက်ပေါင်းစုံ ကာကွယ်ရေးနည်းစနစ်များလည်း လုပ်ဆောင်သင့်သည်။

    ကိုးကား

    စိုက်ပျိုးရေးဦးစီးဋ္ဌာန 


  • article
likes11comments0
views176views2339