ကျောက်ပွင့်မှို
စီးပွားဖြစ်စိုက်သည်က များပြီး တရုပ်တွင် စားစရာအဖြစ်ရော ဆေးဝါးအနေပါ သုံး၏။
ကျောက်ပွင့်သည် ကပ်ပါး,တဆေးတမျိုး ဖြစ်ပြီး ကနဦးတွင် ချွဲကဲ့သို့ အလွှာပါးသာတည်း။ နောက် သဘောတွေ့သော အခံကိုယ်နှင့်ဆုံလျှင် ကြီးထွားမှုစတင်ကာ အခက်များ ထွက်လာသည်။
စားသောက်ကုန်အဖြစ် သုံးမှု
တရုပ်ဟင်းတို့တွင် ကျောက်ပွင့်ကို အချိုပွဲတို့တွင် ထည့်သည်။ အရသာမရှိသော်လည်း အရောင်အမြင်တင့်ပြီး ကျန်းမာရေးအတွက် ကောင်းစေသောကြောင့်တည်း။ အသုံးများသည်မှာ ကန်တုံစာ ခေါ်သော လုမေ (六味) အမည်ရ အပြုတ်ရည်ချို (စားရသမျှ အကုန်ထည့်သည့် သဗ္ဗဒါနံအပြုတ်ရည်) လုပ်ရာတွင် ဖြစ်သည်။ အချိုရည်တို့တွင် ထည့်တတ်သည်နည်းတူ ရေခဲမုန့်တွင်လည်း သုံး၏။
ဗီယက်နမ်တွင် ဂျဲ (Chè) ခေါ် ဗီယက်နမ်ရွှေရင်အေး၌ ကျောက်ပွင့်ထည့်သည်။
မြန်မာတွင် ကျောက်ပွင့်ကို အသုံးများသည်မှာ အသုတ်တွင် ဖြစ်၏။ မြေပဲ၊ သံပရာရည် (သို့) ရှောက်ရည်၊ ကြက်သွန်နီတို့ ပါသည့် ကျောက်ပွင့်သုပ်မှာ ယမကာလုလင်တို့ အစဉ်နှစ်သက်သော စားဖွယ်တည်း။
အလှကုန်အဖြစ် ဆေးဝါးအဖြစ် သုံးမှု
ကျောက်ပွင့်ကို အနှစ်ထုတ်ကာ တရုပ်၊ ကိုရီးယားနှင့် ဂျပန်တို့တွင် အမျိုးသမီး အလှကုန်ပစ္စည်းများ၌ သုံးသည်။ ယင်းသည် အရေပြား၏အစိုဓာတ်ကို ထိန်းပေးပြီး အရေပြားအောက်ရှိ သွေးကြောကျဉ်းမှုကို တားသဖြင့် အရေပြားတွန့်ခြင်းကို ကာကွယ်၏။ တရုပ်တိုင်းရင်းဆေးတို့တွင် ကျောက်ပွင့်ကို အဆုတ်အားကောင်းစေကြောင်း ညွှန်းသည်။
Source:Wikipedia
![likes](../heart.png)
![comments](../comments.png)
![views](../views.png)
![views](../reaches.png)