cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန်ဂျန်ရှားပင်အကြောင်း

. စိုက်ပျိုးနည်းစနစ်များ
မန်ဂျန်ရှားပင် သည် ဂျပန်ပိတောက် ခေါ် မလေးရှားပိတောက် ဖြစ်သော အော်ရေးရှားပင် Acacia auriculiformis နှင့် ဆင်တူသည်။ မန်ဂျန်ရှားသည် အဖြူရောင်ရိုးတံအပွင့်ပွင့်ပြီး အော်ရေးရှား ခေါ် မလေးရှားပိတောက်သည် အဝါရောင်ပွင့် ဖြစ်သည်။
  • အသီးသီးရာတွင် ကုလားမန်ကျည်းသီးကဲ့သို့ ခွေ၍ သီးကြသည်။ မန်ဂျန်ရှားနှင့် အော်ရေးရှား အသီးနှင့် အစေ့မှာ ခွဲခြားရခက်သည်။ မျိုးစိတ်ပေါင်း ၂၀၀ ကျော်ရှိပြီး ကွဲကွဲပြားပြားခွဲခြားနိုင်သော အမျိုးများလည်း ရှိသည်။ အစေ့နှင့်အရွက်မှာ သဘာဝပတ်ဝန်းကျင်နှင့် ကျေးငှက်တိရစ္ဆာန်များကို အန္တရာယ်ဖြစ်စေသော အဆိပ်သင့်ဇီဝဖွဲ့စည်းမှု မရှိပေ။

    မန်ဂျန်ရှားသည် အရွက်ဖားပြီး ထိပ်ပိုင်းတုံးတုံးဝိုင်းဝိုင်းဖြစ်သည်။ ပင်စည်လုံးပတ်ဖြောင့်စင်းပြီး ညိုဝါရောင်ဖြစ်သည်။ Acacia မန်ဂျန်ရှား သည် အမြင့် ( ၉၈ ပေ) ရှိပြီး ဖြောင့်မတ်သောပင်စည်ရှိသည်။ မျိုးစေ့အနေဖြင့် တစ်ကီလိုတွင် ၁၄၂၀၀၀ ရှိသည်။

    မန်ဂျန်ရှားသည် တစ်နှစ်အတွင်း ၁၀ ပေဝန်းကျင်အမြင့်အထိ ကြီးထွားမြန်သည်။ အကြီးမြန်သော်လည်း မြေကြီးမှရေကို အနည်းဆုံးသာစုပ်ယူပြီး အပေါ်ယံမြေဆီလွှာတွင် နိုက်ထရိုဂျင်ကို မြင့်တက်စေပြီး မြေဆီလွှာထဲတွင် ရှင်သန်နေသော အနုဇီဝပိုးများကိုလည်း ရှင်သန်ပေါက်ပွားစေသည်။ အရွက်မှာ နှစ်ပတ်လည် ကြွေလိုက်ဝေလိုက်ဖြစ်ပြီး အဆွေးမြန်သောအရွက်များကြောင့် မြေဆီလွှာကို ပိုပြီးအားကောင်းလာစေသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဒီမန်ဂျန်ရှားကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ အသုံးများလာသည်။ မြေဆီဩဇာညံ့ပြီး အက်ဆစ်ဓာတ်လွန်ကဲသောမြေ၊ pH Level 4.0 အောက် မြေအမျိုးအစားများမှာပင် ရှင်သန်ကြီးပြင်းနိုင်သည်။ အပူချိန်အမြင့်ဆုံး 31-34°C ဝန်းကျင်ရာသီဥတုများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပြီး ထို့ထက်ပိုလျှင်လည်း ခံနိုင်ရည်ရှိသည်။ အီကွေတာနှင့်နီးသောဒေသတွင် အပင်အမြင့် ပုံမှန်ထက် ၉ - ၁၀ ပေ ပိုမြင့်ပြီး အီကွေတာနှင့်ဝေးသော နေရာဒေသများတွင် ကြီးထွားမှုနည်းသည်။

    စတင်စိုက်ပျိုးချိန်မှစပြီး (၃) နှစ် မှ (၅) နှစ်သားအရွယ်တွင် ပင်ကြပ်ခုတ်ရမည်ဖြစ်ပြီး ဈေးကွက်အတွင်းသို့ ပျော့ဖတ်၊ မျောတိုင်များအနေဖြင့် ရောင်းချကြကာ စိုက်ပျိုးပြီး (၁၀) နှစ် မှ (၁၂) နှစ် ကြားကာလတွင် ဈေးကွက်ဝင် စက်မှုကုန်ကြမ်းသစ်အနေဖြင့် ရောင်းချနိုင်ပါသည်။

    Source:Wikipedia

    ------


  • article
likes10comments0
views103views2422